(၁) နိဒါန်း
၂၁ ရာစုတွင် ကမ္ဘာ့နိုင်ငံအသီးသီးသည် သတင်းဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်။ ဆက်သွယ်ရေးနည်းပညာသည် နိုင်ငံသားတို့၏ပညာရေးနှင့်စီးပွားရေးအပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်လာသည်။ ဒီမိုကရေစီ၏အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ၏ပင်မမဏ္ဍိုင်တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် အင်တာနက်အပါအဝင် သတင်းဆက်သွယ်ရေးဆိုင်ရာနည်းပညာများကို လွတ်လပ်စွာအသုံးချနိုင်ခွင့်သည် ၂၁ ရာစု၏လူ့အခွင့်အရေးဖြစ်သည်။ လွတ်လပ်စွာသတင်းရယူခွင့်၊ လွတ်လပ်စွာအသိ ပညာမျှဝေခွင့်နှင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် စသည့်အခြေခံအခွင့်အရေးအားလုံးသည် ယင်းအပေါ်တွင်အခြေခံသည်။ ထို့ကြောင့် ၂၁ ရာစု၏သတင်းဆက်သွယ်ရေးကဏ္ဍကို ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းဟု ဆိုနိုင်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏သတင်းဆက်သွယ်ရေးကဏ္ဍသည် စစ်အာဏာရှင်တို့၏ လက်အောက်တွင် အမှောင်ဘက်ခြမ်းသို့ ဦးစိုက်ဆင်းသွားသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်တို့သည် အာဏာသိမ်းကာ လတစ်လျှောက်လုံး ဒစ်ဂျစ်တယ်ရပ်ဝန်းအားထိန်းချုပ်နိုင်ရန် ကြိုးပမ်းကြသည်။ လူထု၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ကြသည်။ အွန်လိုင်းပေါ်ရှိ လူထု၏ပြောဆိုဆက်သွယ်မှုများကို စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ကြသည်။ အင်တာနက်ပိတ်ပင်မှုများကို ကြိမ်ဖန်များစွာလုပ်ဆောင်ကြသည်။ အွန်လိုင်းသတင်းလွတ်လပ်ခွင့်များကို ပြင်းထန်စွာဖိနှိပ်ခဲ့ကြသည်။ အင်တာနက်ပိတ်ပင်ခံရသောဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် လူထုအား ပြင်းထန်စွာထိ ခိုက်စေသောတိုက်ခိုက်မှုများလည်း ဖော်ဆောင်ခဲ့သည်ကို တွေ့ရသည်။
ယခုနှစ်ပတ်လည်အစီအရင်ခံစာတွင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏မြန်မာလူထုအပေါ် ကျူးလွန်ခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများနှင့် ယင်းဖိနှိပ်မှုများကြောင့် အများပြည်သူရင်ဆိုင်ရသောအခက်အခဲများကိုစုစည်း၍ လေ့လာဖော်ပြသွားပါမည်။
(၂) အချက်အလက်စုဆောင်းမှုနည်းလမ်း
အစီအရင်ခံစာအတွက်အချက်အလက်များစုဆောင်းရာတွင် လွတ်လပ်သောသတင်းဌာနများမှဖော်ပြလာသည့် ဒစ်ဂျစ်တယ် ဖိနှိပ်မှုဆိုင်ရာသတင်းများကို တစ်နှစ်တာကာလပတ်လုံး စောင့်ကြည့်စုဆောင်းခဲ့သည်။ ထို့အပြင် ယုံကြည်စိတ်ချရသည့် ဒေ သတွင်းသတင်းများကိုဖော်ပြသော တယ်လီဂရမ်ချန်နယ်(Telegram Channel)များမှသတင်းများကိုလည်း စောင့်ကြည့်စု စည်းခဲ့သည်။ ဒစ်ဂျစ်တယ်ဖိနှိပ်မှုဆိုင်ရာကြေညာချက်များ၊ စစ်ကောင်စီ၏ဝါဒဖြန့်ဝက်ဘ်ဆိုဒ်(website)များနှင့်တယ်လီဂ ရမ်ချန်နယ်များအား ဖြစ်စဉ်အချို့၏သတင်းအချက်အလက်များစုစည်းနိုင်ရန်အတွက် စောင့်ကြည့်ခြင်းများဖြင့် အချက်အ လက်စုစည်းမှုများကို ပြုလုပ်ခဲ့ပါသည်။ လုံခြုံရေးဆိုင်ရာအခြေအနေများနှင့်သတင်းဆက်သွယ်ရေးဆိုင်ရာအခက်အခဲများ ကြောင့် အများပြည်သူနှင့်တိုက်ရိုက်ထိတွေ့ မေးမြန်းရန်အခက်အခဲရှိသည့်အခြေအနေတွင် မှန်ကန်သောသတင်းအချက်အ လက်များရရှိရေးအတွက် ရရှိလာသောသတင်းအချက်အလက်များအား တစ်ခုထက်ပိုသောသတင်းဌာနများမှတင်ဆက်မှု များကိုလေ့လာ၍သုံးသပ်သည့်နည်းလမ်းဖြင့် စိစစ်အသုံးပြုထားပါသည်။
(၃) ရင်ဆိုင်နေရစဲ အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
မြန်မာနိုင်ငံ၏နည်းပညာသမိုင်းသည် အင်တာနက်ဖြတ်တောက်ခံရမှုဖြစ်စဉ်များဖြင့် ပြည့်နေသည်။ ဦးသန်းရွှေ စစ်အစိုးရ လက်ထက် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း အင်တာနက်ဖြတ်တောက်မှုကြုံတွေ့ခဲ့ရသည်။ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်တွင်ဖြစ်ခဲ့သော ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှု များသည် ကမ္ဘာ့အကြာဆုံးအင်တာနက်ဖြတ်တောက်မှုများထဲမှတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် အင်တာနက်ဖြတ်တောက်မှုများ ပိုမိုဆိုးရွားလာသည်။ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် သက်ရောက်မှုရှိစေသည့်အင်တာနက်ဖြတ်တောက်မှု(၆)ကြိမ် ကြုံတွေ့ခဲ့ရသည်။ တော်လှန်ရေးအင်အားစု များနှင့်ထိတွေ့မှုပြင်းထန်သောနယ်မြေများတွင်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်တော်လှန်ရေးအင် အားစုများထံသို့ နယ်မြေလက်လွှတ်ပေးခဲ့ရသောနေရာဒေသများတွင်လည်းကောင်း အင်တာနက်ဖြတ်တောက်မှုများကို စစ် ကောင်စီက ဆိုးဆိုးရွားရွားလုပ်ဆောင်ခဲ့သည်။ အသံအဖွဲ့၏ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းကာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ အင်တာနက်ဖြတ်တောက်ခံနေရသည့် မြို့နယ်ပေါင်း(၁၀၈)မြို့နယ်ကျော်ရှိသည်ဟု သိရသည်။
(၃.၁) ၂၀၂၄ ခုနှစ်အတွင်းလုပ်ဆောင်ခဲ့သော အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
မြန်မာအင်တာနက်ပရောဂျက်(MIP)က လွတ်လပ်သော သတင်းမီဒီယာများ၊ ဒေသတွင်းတယ်လီဂရမ်ချန်နယ်(Telegram Channel)များနှင့် မိမိတို့၏ကွန်ရက်အတွင်းမှ ယုံကြည်စိတ်ချရသူများ၏သတင်းအချက်အလက်များအပေါ်တွင်အခြေခံ၍ ၂၀၂၄ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော အင်တာနက်ဖြတ်တောက်မှုများကို မှတ်တမ်းပြုစုခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း အင်တာနက်ဖြတ်တောက်မှုကြုံတွေ့ခဲ့ရသောမြို့နယ်များပြမြေပုံ
မြန်မာအင်တာနက်ပရောဂျက်(MIP)ကစုဆောင်းထားသော အချက်အလက်များအပေါ်အခြေခံ၍ တွက်ချက်ကြည့်ရာ တွင် ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း(၈၂)မြို့နယ်တွင် အင်တာနက်ဖြတ်တောက်မှုအကြိမ်ပေါင်း(၁၃၀)ကျော် ကြုံတွေ့ခဲ့ရသည်။
၂၀၂၄ ခုနှစ်အတွင်း အင်တာနက်ဖြတ်တောက်ခံရသောမြို့နယ်များ
ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့သည် ၂၀၂၄ ခုနှစ်အတွင်း ပြည်နယ်တစ်ခုလုံးတွင် အင်တာနက်ဖြတ်တောက်ခံခဲ့ရသည်။ ချင်းပြည်နယ်တွင်လည်း ပြည်နယ်၏မြို့တော်ဖြစ်သောဟားခါးမြို့မှအပ ပြည်နယ်တစ်ခုလုံး အင်တာနက်ဖြတ်တောက်ခံခဲ့ရသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း၌ စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေအများအပြားလက်လွှတ် ခဲ့ရပြီးနောက် ကွတ်ခိုင်၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုး၊ လောက်ကိုင်၊ နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံနှင့်သီပေါ စသည့်မြို့ နယ်များအား အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ခဲ့သည်။ ကယားပြည်နယ်နှင့်ထိစပ်နေသော ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်သည်လည်း အင်တာနက်ပြတ်တောက်မှုနှင့် ကြုံတွေ့နေရသည်။ ထို့အပြင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်လည်း အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်မှုများဖြင့် ကြုံ တွေ့နေရသည်။ စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့မှုပြင်းထန်နေသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကောလင်း၊ ကလေး၊ အင်းတော်၊ ဒီပဲယင်း၊ ဟုမ္မလင်းစသည့်မြို့နယ်များနှင့်မကွေးတိုင်းဒေသကြီး အတွင်းရှိ ဂန့်ဂေါ၊ ဆောနှင့်မြိုင် စသည့်မြို့နယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူနှင့် ပြင်ဦးလွင် စသည့် မြို့နယ်များတွင်လည်း အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ခဲ့သည်။ ကရင်ပြည်နယ်ရှိ မြဝတီ၊ ဖာပွန် နှင့်ကြာအင်းဆိပ်ကြီး စသည့်မြို့နယ်များတွင်လည်း အင်တာနက်ဖြတ်တောက်ခံရမှုများဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အ ချို့တွင်လည်း ဆက်သွယ်ရေးဖြတ်တောက်ခံရသည့်ဖြစ်စဉ်အချို့ ရှိခဲ့သည်။
စစ်ကောင်စီ၏ရေဒီယိုလှိုင်းနှောင့်စက် (Jammer)များတပ်ဆင်မှုကြောင့် ပြင်ဦးလွင်မြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းပြတ်တောက်မှုများကြုံတွေ့ခဲ့ရသည်များလည်း တွေ့ရှိရသည်။
အင်တာနက်ဖြတ်တောက်မှုများသာမက လျှပ်စစ်မီးဖြတ်တောက်မှုများကိုလည်း စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်ကို သတင်းဖော်ပြချက်များအရ တွေ့ရှိရသည်။ ၂၀၂၄ ခုနှစ် မေလအတွင်း အာရက္ခတပ်တော်(AA)နှင့်တိုက်ပွဲပြင်းထန်နေသော သံတွဲတွင် အင်တာနက်နှင့်ဖုန်းလိုင်းများသာမက လျှပ်စစ်မီးများပါ ပြတ်တောက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက ရှမ်းမြောက်မြို့နယ်အများစုတွင် လျှပ်စစ်မီးများပြတ်တောက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင်လည်း စဥ့်ကူးမြို့နယ်အတွင်း ဖုန်းနှင့်အင်တာနက်လိုင်းများသာမက လျှပ်စစ်မီးပါဖြတ်တောက်ခဲ့သည်ဟု Mandalay Free Press က ဖော်ပြခဲ့သည်။ တာဝါတိုင်များ ဆီဖြည့်တင်းနိုင်မှုမရှိသည့်အတွက် မိုဘိုင်းဆက်သွယ်ရေးနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ရသည့်ဖြစ်စဉ်များလည်း ရှိသည်။
ယခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်များတွင် စစ်ရေးသတင်းပေါက်ကြားမှုမဖြစ်စေရန်အ တွက်ဟုဆိုကာ အများပြည်သူများအသုံးပြုနေသည့် စတားလင့်ခ့်အင်တာနက်(Starlink Internet)ဆက်သွယ်ချိတ်ဆက်မှုများကို (၁)လပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စာထုတ်ခဲ့သောဖြစ်စဉ်တစ်ခုကိုလည်း တွေ့ရသည်။ ထို့အပြင် လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီ၏လေကြောင်းရန်ကာကွယ်ရေးအတွက်ဟုဆို၍ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ကလည်း အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။ ထိုသို့အင်တာနက်လိုင်းများဖြတ်တောက်ခံရသော်လည်း လားရှိုးမြို့မှာ ဆက်တိုက်ဗုံးကြဲခြင်းခံခဲ့ရသည်။ ထို့အပြင် အင်တာနက်ဖြတ်တောက်မှု၏ပြောင်းပြန်သက်ရောက်မှုအနေဖြင့် လားရှိုးမြို့လုံခြုံရေးအခြေအနေနှင့်ပတ်သက်သော သတင်းတု/သတင်းအမှားများ ပိုမိုပျံ့နှံလာသည်ဟု ရွှေဖီမြေသတင်းဌာနက သတင်းဖော်ပြခဲ့သည်။
(၃.၂) လက်လွှတ်လိုက်ရသောနယ်မြေများနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
လူထုနွေဦး(People’s Spring)သတင်းဌာနမှစာရင်းပြုစုထားသော တော်လှန်ရေးအင်အားစုများနှင့်တိုင်းရင်းသားလက် နက်ကိုင်အင်အားစုများ သိမ်းပိုက်ရရှိသည့်မြို့(၉၄)မြို့အား လေ့လာကြည့်ရာတွင်လည်း မြို့အားလုံးသည် ဆက်သွယ်ရေးကွန် ရက်ဖြတ်တောက်မှုအခြေအနေများ တွေ့ကြုံခဲ့ရသည်ကို တွေ့ရှိရသည်။
လူထုနွေဦးသတင်းဌာနမှပြုစုထားသည့် တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသောမြို့အရေအတွက်
စဉ် | တိုင်း/ပြည်နယ် | မြို့များ | အင်တာနက်ပြတ်တောက်မှုအခြေအနေ |
၁။ | ကချင် | ဆွမ်ပရာဘွမ် | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၂။ | ကချင် | အင်ဂျန်းယန် | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၃။ | ကချင် | ဒေါ့ဖုန်းယန် | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၄။ | ကချင် | ဆဒုံ | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၅။ | ကချင် | လွယ်ဂျယ် | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၆။ | ကချင် | မိုးညှင်း | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၇။ | ရှမ်း(မြောက်) | ပန်ဆိုင်း | ပြီးခဲ့သည့်နှစ် နိုဝင်ဘာလထဲကပင် ပန်ဆိုင်းမြို့သည် အင်တာနက်ပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။ |
၈။ | ရှမ်း(မြောက်) | မုန်းကိုး | မုန်းကိုးမြို့သည် မူဆယ်မြို့နယ်၏ မြို့နယ်ခွဲတစ်ခုဖြစ်ပြီး မူဆယ်မြို့နယ်သည် အင်တာနက်ဖြတ်တောက်ခံ မြို့နယ်တစ်ခုဖြစ်သည်။ |
၉။ | ရှမ်း(မြောက်) | ဖောင်းဆိုင် | ဖောင်းဆိုင်မြို့နယ်သည်လည်း မူဆယ်မြို့နယ်ထဲတွင်ပါဝင်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာထဲကပင် အင်တာနက်ဖြတ်တောက်ခံမြို့နယ်ထဲတွင် ပါဝင် သည်။ |
၁၀။ | ရှမ်း(မြောက်) | မော်ထိုက် | မော်ထိုက်မြို့သည် လောက်ကိုင်ခရိုင်ထဲတွင်ပါဝင်ပြီး လောက်ကိုင်အပါအဝင် ရှမ်းမြောက်မြို့နယ်အများစုသည် အင်တာနက်ဖြတ်တောက်ခံခဲ့ရသည်။ |
၁၁။ | ရှမ်း(မြောက်) | ကုန်းကြမ်း | ကုန်းကြမ်းမြို့သည် လောက်ကိုင်ခရိုင်ထဲတွင်ပါဝင်ပြီး လောက်ကိုင်အပါအဝင် ရှမ်းမြောက်မြို့နယ် အများစုသည် အင်တာနက်ဖြတ်တောက်ခံခဲ့ရသည်။ |
၁၂။ | ရှမ်း(မြောက်) | လောက်ကိုင် | လောက်ကိုင်သည် ရှမ်း(မြောက်)ဒေသတွင်တည်ရှိပြီး အင်တာနက်ဖြတ်တောက်ခံခဲ့ရသည်။ |
၁၃။ | ရှမ်း(မြောက်) | ချင်းရွှေဟော် | ကိုးကန့်တပ်များနှင့် စစ်ဆင်ရေး စတင်ပြီးနောက် ချင်းရွှေဟော်၊ ဟိုပန်နှင့် ကွမ်လုံတကြောတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ |
၁၄။ | ရှမ်း(မြောက်) | ပန်လုံ | ကိုးကန့်တပ်များနှင့် စစ်ဆင်ရေးစတင်ပြီးနောက် ပန်လုံတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ |
၁၅။ | ရှမ်း(မြောက်) | ကွမ်းလုံ | ကိုးကန့်တပ်များနှင့် စစ်ဆင်ရေးစတင်ပြီးနောက် ချင်းရွှေဟော်၊ ဟိုပန်နှင့် ကွမ်လုံတကြောတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ |
၁၆။ | ရှမ်း(မြောက်) | သိန္နီ | Shan News ဖော်ပြချက်အရ သိန္နီမြို့သည် ဇူလိုင်လက အင်တာနက်နှင့်ဖုန်းလိုင်းများ ပြတ်တောက်နေသည်။ |
၁၇။ | ရှမ်း(မြောက်) | တာမိုးညဲ | ကွတ်ခိုင်သည် အင်တာနက်ဖြတ်တောက်ခံရသည့်မြို့နယ်ဖြစ်ပြီး တာမိုး ညဲသည် ကွတ်ခိုင်မြို့နယ်တွင် ပါဝင်သည်။ |
၁၈။ | ရှမ်း(မြောက်) | လားရှိုး | လားရှိုးမြို့သည်လည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံရသည့်မြို့နယ်တစ်ခုဖြစ်သည်။ |
၁၉။ | ရှမ်း(မြောက်) | နမ့်ဆန် | TNLA ထိန်းချုပ်ထားသည့် မြို့တွေဖြစ်သော နောင်ချို၊ ကျောက်မဲ၊ သီ ပေါ၊ နမ္မတူ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံမြို့တွေမှာလည်း ဖုန်းလိုင်း နှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ |
၂၀။ | ရှမ်း(မြောက်) | မိုင်းငေါ့ | မန်တုံ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေ့ါနှင့်မိုင်းလုံမြို့တို့မှာ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအချိန်ကစပြီး ဖုန်းနှင့်အင်တာနက်လိုင်း များဖြတ်တောက်ခံခဲ့ရသည်။ |
၂၁။ | ရှမ်း(မြောက်) | ကျောက်မဲ | ကျောက်မဲသည်လည်း ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံခဲ့ရ သည့် မြို့နယ်တစ်ခုဖြစ်သည်။ |
၂၂။ | ရှမ်း(မြောက်) | နောင်ချို | TNLA ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံမြို့တွေမှာလည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ |
၂၃။ | ရှမ်း(မြောက်) | မိုင်းလုံ | မိုင်းလုံသည် ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် မြို့ နယ်တစ်ခုဖြစ်သည်။ |
၂၄။ | မန္တလေး | မိုးကုတ် | TNLA ထိန်းချုပ်ထားသော မြို့များဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတ်၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံမြို့များတွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ |
၂၅။ | ရှမ်း(မြောက်) | မိုးမိတ် | မန်တုံ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေ့ါနှင့်မိုင်းလုံမြို့တို့မှာ “ ၁၀၂၇ စစ်ဆင်ရေး”ဒုတိယပိုင်းအချိန်ကစပြီး ဖုန်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည်။ |
၂၆။ | မန္တလေး | တကောင်း | တကောင်းမြို့အနီးမှာ စစ်အုပ်စုနှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား ပြီးနောက် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။ |
၂၇။ | မန္တလေး | သပိတ်ကျင်း | သပိတ်ကျင်းမြိုနယ်တွင်လည်းတိုက်ပွဲများဖြစ်ပွားပြီးနောက် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ခံခဲ့ရသည်။ |
၂၈။ | ရှမ်း(မြောက်) | မန်တုံ | မန်တုံ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေ့ါနှင့်မိုင်းလုံမြို့တို့မှာ “ ၁၀၂၇ စစ်ဆင်ရေး”ဒုတိယပိုင်းအချိန်ကစပြီး ဖုန်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည်။ |
၂၉။ | ရှမ်း(မြောက်) | မဘိမ်း | မဘိမ်းမြို့သည်လည်း အင်တာနက်ဖြတ်တောက်ခံခဲ့ရသည့်ဒေသတစ်ခု ဖြစ်သည်။ |
၃၀။ | ကချင် | မိုးမောက် | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာ နက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၃၁။ | ကချင် | မံစီ | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာ နက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၃၂။ | ရှမ်း(မြောက်) | နမ့်ခမ်း | နမ့်ခမ်းမြို့သည်လည်း အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ခံခဲ့ရသည့် မြို့နယ်တစ်ခုဖြစ်သည်။ |
၃၃။ | ရှမ်း(မြောက်) | နမ္မတူ | ရှမ်းမြောက် မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်၊ မိုးကုတ်နှင့် မိုးမိတ်တို့၌ ပြီးခဲ့သည့်ဇူလိုင်လတွင် ဖုန်းလိုင်းနှင့်အင်တာနက် လိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။ |
၃၄။ | ရှမ်း(မြောက်) | ကွတ်ခိုင် | ရှမ်းမြောက် မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်၊ မိုးကုတ်နှင့် မိုးမိတ်တို့၌ ပြီးခဲ့သည့် ဇူလိုင်လတွင် ဖုန်းလိုင်းနှင့်အင်တာ နက်လိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။ |
၃၅။ | ရှမ်း(မြောက်) | ဟိုပန် | ရှမ်းမြောက်ဒေသက သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့်ဟိုပန်မြို့များတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ |
၃၆။ | မန္တလေး | စဉ့်ကူး | စဉ့်ကူးနယ်ထဲမှာ ဖုန်း၊ အင်တာနက်နှင့်လျှပ်စစ်မီးများ ဖြတ်တောက်ခံခဲ့ရ သည်။ |
၃၇။ | ကချင် | ဆင်ဘို | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာ နက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၃၈။ | ကချင် | မြို့လှ | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာ နက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၃၉။ | ကချင် | မော်လူး | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာ နက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၄၀။ | စစ်ကိုင်း | ရွှေပြည်အေး | ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေပြည်အေးမြို့သည်လည်း အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုများနှင့်ကြုံခဲ့ရသည့် မြို့နယ်တစ်ခုဖြစ်သည်။ |
၄၁။ | စစ်ကိုင်း | မြို့သစ် | မြို့သစ်မြို့သည်လည်း အင်တာနက်နှင့်ဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည့် မြို့နယ်တစ်ခုဖြစ်သည်။ |
၄၂။ | စစ်ကိုင်း | ခမ်းပတ် | ခမ်းပတ်မြို့သည်လည်း တိုက်ပွဲများဖြစ်ပွားစဉ်ကာလအတွင်း ဖုန်းလိုင်း များ ဖြတ်တောက်ခံခဲ့ရသည်။ |
၄၃။ | ချင်း | ကျီခါး | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၄၄။ | ချင်း | တွန်းဇံ | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၄၅။ | ချင်း | ရိခေါဒါရ် | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၄၆။ | ချင်း | လိုင်လဲန်းပီ | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၄၇။ | ချင်း | ရေဇွာ | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၄၈။ | ချင်း | မတူပီ | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၄၉။ | ချင်း | ဆမီး | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၅၀။ | ချင်း | ပလပ်ဝ | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၅၁။ | ချင်း | မကွီးအိမ်နူး | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၅၂။ | ချင်း | ကျင်ဒွေး | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၅၃။ | ရခိုင် | တောင်ပြိုလက်ဝဲ | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၅၄။ | ရခိုင် | ဘူးသီးတောင် | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၅၅။ | ရခိုင် | ရသေ့တောင် | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၅၆။ | ရခိုင် | ပုဏ္ဏားကျွန်း | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၅၇။ | ရခိုင် | ပေါက်တော | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၅၈။ | ရခိုင် | မြေပုံ | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၅၉။ | ရခိုင် | စနဲ | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၆၀။ | ရခိုင် | ရမ်းဗြဲဲ | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၆၁။ | ရခိုင် | မအီ | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၆၂။ | ရခိုင် | ကမ်းထောင့်ကြီး | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၆၃။ | ရခိုင် | မင်းပြား | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၆၄။ | ရခိုင် | မြောက်ဦး | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၆၅။ | ရခိုင် | ကျောက်တော် | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၆၆။ | ရခိုင် | သံတွဲ | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၆၇။ | ရှမ်း(တောင်) | မိုးဗြဲ | ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့သည်လည်း ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံရသည့် မြို့နယ်တစ်ခုဖြစ်သည်။ |
၆၈။ | ကယား | နန်းမယ်ခုံ | နန်းမယ်ခုံမြို့သည် ကယားပြည်နယ် ဒီမောဆိုး မြို့နယ်ထဲတွင် ပါဝင်ပြီး လွိုင်ကော်အနီးဝန်းကျင်မှတပါး ကယားပြည်နယ်တစ်ခုလုံးသည် ဖုန်းနှင့် အင်တာနက်လိုင်းဖြတ်တောက်ခံခဲ့ရသည်။ (လွိုင်ကော်သည်လည်း ဖုန်း နှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံရလေ့ရှိသည်) |
၆၉။ | ကယား | ဒီမောဆိုး | ဒီမောဆိုးသည် ကယားပြည်နယ်ထဲတွင်ပါဝင်ပြီး လွိုင်ကော်အနီးဝန်း ကျင်မှတပါး ကယားပြည်နယ်တစ်ခုလုံးသည် ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံခဲ့ရသည်။ (လွိုင်ကော်သည်လည်း ဖုန်းနှင့်အင်တာနက် လိုင်းများ ဖြတ်တောက်ခံရလေ့ရှိသည်) |
၇၀။ | ကယား | မော်ချီး | မော်ချီးသည် ကယားပြည်နယ်ထဲတွင်ပါဝင်ပြီး ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်တစ်ခုဖြစ်သည်။ (လွိုင်ကော်သည် လည်း ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံရလေ့ရှိသည်) |
၇၁။ | ကရင် | ဖာပွန် | ဖာပွန်မြို့သည် တိုက်ပွဲများ စတင်ဖြစ်ပွားစဉ်ကတည်းက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။ |
၇၂။ | ကယား | မယ်စဲ့ | မယ်စဲ့သည် ကယားပြည်နယ်ထဲတွင်ပါဝင်ပြီး ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်တစ်ခုဖြစ်သည်။ (လွိုင်ကော်သည် လည်း ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံရလေ့ရှိသည်) |
၇၃။ | ကယား | ရွာသစ် | ရွာသစ်သည် ကယားပြည်နယ်ထဲတွင် ပါဝင်ပြီး ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်တစ်ခုဖြစ်သည်။ (လွိုင်ကော်သည် လည်း ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံရလေ့ရှိသည်) |
၇၄။ | ကယား | ရှားတော | ရှားတောသည် ကယားပြည်နယ်ထဲတွင်ပါဝင်ပြီး လွိုင်ကော်အနီးဝန်းကျင် မှတပါး ကယားပြည်နယ်တစ်ခုလုံးသည် ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ် တောက်ခံခဲ့ရသည်။ (လွိုင်ကော်သည်လည်း ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံရလေ့ရှိသည်) |
၇၅။ | ကရင် | သင်္ကန်းညီနောင် | ကရင်ပြည်နယ် သင်္ကန်းညီနောင်မြို့သည်လည်း ဖုန်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည်။ |
၇၆။ | ကရင် | စုကလိ | စုကလိသည် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲတွင်ပါဝင်ပြီး မြဝတီသည် အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်တစ်ခုဖြစ်သည်။ |
၇၇။ | ကရင် | ကျိုက်ဒုံ | ကျိုက်ဒုံသည် ကရင်ပြည်နယ်ထဲတွင်တည်ရှိပြီး ဖုန်းလိုင်းနှင့်အင်တာနက် လိုင်း ဖြတ်တောက်ခံရသည့် မြို့နယ်တစ်ခုဖြစ်သည်။ |
၇၈။ | ချင်း | ဝေဘူလ (စစ်တပ်စွန့်) | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၇၉။ | ချင်း | နှာရိန်း | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၈၀။ | ချင်း | ဆူးရ်ခွား | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၈၁။ | ရှမ်း(မြောက်) | သီပေါ | ရှမ်းမြောက် မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်၊ မိုးကုတ်နှင့်မိုးမိတ်တို့၌ ပြီးခဲ့သည့် ဇူလိုင်လတွင် ဖုန်းလိုင်းနှင့်အင်တာနက် လိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။ |
၈၂။ | ကချင် | ချီဖွေ | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာ နက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၈၃။ | ကချင် | ဆော့လော် | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာ နက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၈၄။ | ကရင် | လေးကေ့ကော် | လေးကေ့ကော်မြို့သည် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းဖြတ်တောက်ခံခဲ့ရ သည့် မြို့နယ်တစ်ခုဖြစ်သည်။ |
၈၅။ | ကချင် | ပန်ဝါ | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာ နက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၈၆။ | ကချင် | ဖီမော် | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာ နက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၈၇။ | ရခိုင် | ကျိန္တလီ | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၈၈။ | ကချင် | ကန်ပိုက်တီ | ဇူလိုင်လမှစတင်ကာ ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး အင်တာ နက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ |
၈၉။ | ရခိုင် | မောင်တော | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၉၀။ | ရခိုင် | တောင်ကုတ် | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၉၁။ | ရခိုင် | အမ်း | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
၉၂။ | ချင်း | ကန်ပက်လက် | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၉၃။ | ချင်း | မင်းတပ် | ချင်းပြည်နယ်သည် မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာ နက်ဖြတ်တောက်ခံထားရသည်။ |
၉၄။ | ရခိုင် | ဂွ | ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း များ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ |
အင်တာနက်ဖြတ်တောက်ခံရသောဒေသများရှိ ဒေသခံလူထုမှာ ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ဘဏ်လုပ်ငန်းကဲ့သို့ အခြေခံဝန်ဆောင်မှုများအသုံးပြုနိုင်ခြင်းရပ်ဆိုင်သွားခဲ့ပြီး ငွေသားထုတ်ယူရန်အတွက်ရာခိုင်နှုန်းပေးလဲလှယ်ရခြင်းကြောင့် မလားလိုအပ်သော ဆုံးရှုံးမှုများနှင့်ရင်ဆိုင်ရသည်။ ပဋိပက္ခဒေသအတွင်းနေထိုင်သူများသည် သတင်းအချက်အ လက်များကို အချိန်နှင့်တစ်ပြေးညီ မရရှိမှုများကြောင့် အသက်အန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသည်။ ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ဒေသတွင်းကုန်စျေးနှုန်းကြီးမြင့်လာခြင်း၊ ကျန်းမာရေး၊ လူမှုရေးနှင့်ပညာရေးကဏ္ဍများတွင်ပါ ထိခိုက်လာရခြင်း စသည့်အခြေအနေဆိုးများကို ရင်ဆိုင်နေရသည်။ ၂၀၂၄ ခုနှစ်အတွင်းထုတ်ပြန်ခဲ့သော KeepItOn အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံ၏အင်တာနက်ဖြတ်တောက်မှုသည့် ကမ္ဘာ့နိုင်ငံများအားလုံးတွင် ဒုတိယအများဆုံးဖြစ်ခဲ့သည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင်ထုတ်ပြန်ခဲ့သော Freedom House ၏ Freedom on the Net အစီအရင်ခံစာအရလည်း မြန်မာနိုင်ငံ၏အင်တာနက်လွတ်လပ်ခွင့်သည် အဆိုးရွားဆုံးအခြေအနေသို့ရောက်ရှိနေပြီး တရုတ်နိုင်ငံ၏ဆိုး ရွားသည့်အင်တာနက်လွတ်လပ်ခွင့်အခြေအနေနှင့်ထပ်တူညီ ဖော်ပြခံခဲ့ရသည်။
(၃.၃) ပိုမိုတင်းကြပ်ခံခဲ့ရသော ဗီပီအဲန်(VPN)သုံးစွဲမှုအခြေအနေများ
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် လူအများအသုံးပြုနေသည့် လူမှုကွန်ရက်မီဒီယာများကို ပိတ်ဆို့ထားခဲ့သည်။ စစ်ကောင်စီ၏ပိတ်ဆို့မှုကြောင့် တိုက်ရိုက်အသုံးပြုခွင့်မရသည့် လူမှုကွန်ရက်မီဒီယာများကို အသုံးပြုနိုင်ရေးအတွက် ဗီပီအဲန်(VPN)များကို အသုံးပြုခဲ့ရသည်။
၂၀၂၄ ခုနှစ် မေလ(၃၀)ရက်နေ့တွင် စစ်ကောင်စီသည် အင်တာနက်သုံးစွဲသူအများစုအသုံးပြုနေသည့် ဗီပီအဲန် (VPN)များကို ပိတ်ဆို့ပစ်ခဲ့သည်။ ဗီပီအဲန်(VPN)အသုံးပြုခြင်းကို အဆင့်မြင့်နည်းပညာများအသုံးပြုပိတ်ပင်လိုက်ခြင်း ကြောင့် ဖေ့ဘွတ်ခ့်(Facebook)အသုံးပြုရန် အများပြည်သူက အခက်အခဲများဖြစ်ပေါ်လာခဲ့သည်။ ယင်းပိတ်ပင်မှုတွင် အ သုံးပြုသည့် Great Firewall နည်းပညာသည် တရုတ်နိုင်ငံ၏နည်းပညာဆိုင်ရာအခြေပြုမှုမှ ပင်မဆင်းသက်လာပြီး Justice for Myanmarအဖွဲ့၏စုံစမ်းဖော်ထုတ်မှုအရ နည်းပညာဆိုင်ရာထောက်ပံ့မှုသည် တရုတ်အခြေပြုသည်ဟုဆို သည်။ ယင်းအခြေအနေကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး ယင်းတို့ဖန်တီးထားသည့် လူမှုကွန်ရက်မီဒီယာဖြစ်သည့် “Myspace” ဖြင့်အစားထိုးရန် ကြိုးပမ်းခဲ့သည်ကို တွေ့ရသည်။ စစ်ကောင်စီ၏ဗီပီအဲန်(VPN)ပိတ်ပင်ရေးစီမံမှုကို ‘ဗိုလ်မှူးချုပ်လူမွန်’ဦးဆောင်ပြီး “Mascots Technologies & Telecommunication”ကုမ္ပဏီနှင့်တရုတ်ပညာရှင်များက ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့သည်။ အင်တာနက်အသုံပြုမှုကိုပိတ်ပင်နိုင်ရန်အတွက် ဗီပီအဲန် (VPN)ပိတ်ပင်ရေးစီမံချက်တွင် တရုတ်ကုမ္ပဏီများပူးပေါင်းပါဝင်ကြောင်းကို “Justice For Myanmar (JFM)”ကလည်း အစီရင်ခံစာတစ်ခုထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် ဗီပီအဲန်(VPN)အသုံးပြုမှုကို ပိတ်ပင်ရုံသာမက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြေပြင်တွင် စစ်ဆေးမှုများပြုလုပ်ပြီး မိုဘိုင်းဖုန်းများတွင် ဗီပီအဲန်(VPN)ထည့်သွင်းမှုများတွေ့ရှိပါက ဖမ်းဆီးမှုနှင့်ငွေကြေးတောင်ခံမှုဖြစ်စဉ်များလည်း အများအပြားဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ ထိုကဲ့သို့ ဖမ်းဆီးငွေညှစ်အရေးယူမှုများသည် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ ပြည်၊ လားရှိုးနှင့်တောင်သာမြို့များအပါအဝင် မြန်မာနိုင်ငံ မြို့အများအပြားတွင် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
ထို့အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့မှစတင်ပြီး ဆစ်ကနဲအက်ပ်(Signal Communication App)အသုံးပြု မှုအား ထပ်မံပိတ်ပင်ခဲ့သေးသည်။ စစ်ကောင်စီသည် ယင်းတို့ စိုးမိုးနိုင်ခြင်းမရှိသည့် နယ်မြေဒေသများတွင် အင်တာနက်ဖြတ်တောက်မှုများကို သိသာစွာလုပ်ဆောင်ခဲ့သည့်အပြင် ယင်းတို့စိုးမိုးသည့်ဒေသများတွင် နေထိုင်သောသူများ၏သတင်းအချက် အလက်ရရှိမှုကို နှောင့်ယှက်ဟန့်တားနိုင်ရန်လည်း ဗီပီအဲန်(VPN)များကို ပိတ်ဆို့ခဲ့သည်။
(၃.၄) သဘာဝဘေးအန္တရာယ်များနှင့်ဆက်သွယ်ရေးဆိုင်ရာပြတ်တောက်မှုများ
စစ်ကောင်စီ၏နှောင့်ယှက်မှုများကြောင့် အင်တာနက်ပြတ်တောက်မှုများကို အကြီးအကျယ်ရင်ဆိုင်နေရချိန်တွင် ရာဂိမုန် တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး မြို့နယ် အချို့တွင် အင်တာနက်ပြတ်တောက်မှုများ ရင်ဆိုင်ခဲ့ရသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း၌ ရာဂီမုန်တိုင်း၏အရှိန်ကြောင့် တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ အင်းလေး၊ အောင်ပန်း၊ ကလောနှင့်တာချီလိတ် စသည့်မြို့နယ်များအပါအဝင် ပြည်နယ်နှင့်တိုင်း(၇)ခုရှိ မြို့နယ်ပေါင်း(၃၄)မြို့နယ်တွင် ရေကြီးရေလျှံမှုဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရသည်။ ထိုကဲ့သို့ နိုင်ငံ၏တိုင်းဒေသကြီးနှင့်ပြည်နယ်ထက်ဝက်ခန့်၌ သဘာဝ ဘေးအန္တရာယ်များနှင့်ကြုံတွေ့နေစဉ်အတွင်း အင်တာနက်နှင့်မိုဘိုင်းဆက်သွယ်ရေးဖြတ်တောက်ခံရသောဒေသများသည် သတင်းအချက်အလက်ရရှိမှု ပိုမိုအားနည်းသောကြောင့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နိုင်မှု အားနည်း ချက်များနှင့်ကယ်ဆယ်ရေးဆိုင်ရာနှောင့်နှေးမှုများကို ပိုမိုကြုံတွေ့ရသည်။ ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်အတွင်းရှိ နယ်မြေများတွင် ဆက်သွယ်ရေးဖြတ်တောက်ခံရသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေးခဲ့ဟု ဒေသခံနှင့်နယ် မြေတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။ ရာဂိမုန်တိုင်းကြောင့် ပျက်စီသွားသည့် ဆက်သွယ်ရေးစခန်း ၁,၅၀၀ ခန့် တွင့် ၁,၀၀၀ ခန့်အား ပြန်လည်ပြင်ဆင်ပြီးဟု ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
(၃.၅) ဆက်သွယ်ရေးကွန်ရက်ပြတ်တောက်မှုများနှင့်လေကြောင်းအန္တရာယ်များ
အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ ပြတ်တောက်သည့်နေရာတွင်နေထိုင်ကြသော ဒေသခံများသည် စစ်ရေးလှုပ်ရှားမှုသတင်း များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်းမရှိသည့်အတွက် အသက်ဘေးအန္တရာယ်ပိုမိုစိုးရိမ်ရသည့် အခြေအနေများရှိနေ သည်ကိုလည်း တွေ့ရသည်။ စစ်ကောင်စီသည် ပြည်တွင်းစစ်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်မှုအများအပြားအသုံးပြု နေသည်။ ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏အောက်တိုဘာလတွင် ထုတ်ပြန်သောအစီအရင်ခံစာအရ ၂၀၂၄ ခုနှစ် မေလမှ ဩဂုတ်လအတွင်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ(၈၂၀)ခန့် ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။ ယင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အုံ(၆၁)ခု၊ စာသင်ကြောင်း(၂၈)ခုနှင့် ဆေးရုံ(၁၆)ခုပျက်စီးခဲ့ရ သည်ဟု အစီရင်ခံစာက ဆိုသည်။ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို ရခိုင်ပြည်နယ်တွင် (၁၇၆)ကြိမ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် (၁၅၁)ကြိမ်ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာကဖော်ပြခဲ့ပြီး ရခိုင်ပြည်နယ်တစ်ခုလုံးနှင့်ရှမ်းမြောက် မြို့ နယ်အများစုသည် စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုကို ကြုံတွေ့နေရသည့် ဒေသများဖြစ်နေသည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကို လေ့လာကြည့်ရာတွင် ၂၀၂၄ ခုနှစ်အတွင်း အရပ်သားထိခိုက်သေဆုံးမှုအများအပြားဖြစ်ပေါ်ခဲ့ပြီး ထင်ရှားသည့်လေကြောင်းတိုက်ခိုက်ခံရသောဒေသများသည် အင်တာနက်နှင့်ဖုန်းလိုင်းစသည့် ဆက်သွယ်ရေးကွန်ရက်ပြတ်တောက်မှုများကြုံတွေ့နေရသည်ကို တွေ့ရသည်။
အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့ပေါ် ရပ်ကွက်(၁)၊ ပေါက်တောမြို့ နယ် သဝင်ချောင်းကျေးရွာ၊ မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာတို့ကို ၂၀၂၄ ခုနှစ် ဇွန်လ(၁၁)ရက်နေ့က Y12 လေ ယာဥ်အပြင် ဒရုန်းဖြင့်ပါ ဗုံးလာကြဲခဲ့ခြင်းကြောင့် အဆိုပါကျေးရွာများမှ ပြည်သူ(၁၀)ဦး ဒဏ်ရာရရှိခဲ့သည်။
ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ ဒေါဆီးအီကျေးရွာမှစာသင်ကျောင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ်(၄)ဦးသေဆုံးပြီး အနည်းဆုံး(၁၅)ဦးဒဏ်ရာရရှိခဲ့သည်။ ကရင်နီ (ကယား)ပြည်နယ်တွင် မြို့တော်လွိုင်ကော်ဝန်းကျင်မှလွဲပြီး ပြည်နယ်တစ်ခုလုံးနီးပါး အင်တာနက်နှင့်ဖုန်းလိုင်းဆက်သွယ်ရေးပြတ်တောက်နေသည့် ဒေသတစ်ခုလည်းဖြစ်သည်။
၂၀၂၄ ခုနှစ် မေလ(၁၁)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့တောင်ဘက်(၁၃)မိုင်အကွာရှိ မကြီးအုပ်ကျေး ရွာစာသင်ကျောင်းကို လေတပ်ကတိုက်ခိုက်ခဲ့ရာ အနည်းဆုံး(၇)ဦးသေဆုံးပြီး (၂၃)ဦးခန့် ဒဏ်ရာရခဲ့သည်။ အင်တာနက်ဖြတ်တောက်ခံထားရသည့်ဒေသဖြစ်သဖြင့် စတားလင့်ခ့်(Starlink)အင်တာနက်ရရှိရာနေရာတွင် စုဝေးအသုံးပြုနေစဉ်အတွင်း လေကြောင်းတိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့ရခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် ဇွန်လ(၃)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာ၌ မင်္ဂလာဆောင်ကျင်းပနေချိန် စစ်ကောင်စီတပ်က ဗုံး(၂)လုံး ကြဲချခဲ့ခြင်းကြောင့် သေဆုံးသူ(၂၉)ထက်မနည်းရှိခဲ့သည်။ မင်းကင်းမြို့နယ်သည် အာ ဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကတည်းက အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသ ငပုအင်းရွာကို ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် စစ် ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားများအပါအဝင် အယောက်(၂၀)ကျော် ထိခိုက်သေဆုံးခဲ့ရသေးသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှစတင်ကာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားပြီး အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ခံရလေ့ရှိသည့်ဒေသ တစ်ခုလည်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အား အမ်အဲန်ဒီအေအေ(MNDAA)ထံသို့ လက်လွှတ်ခဲ့ရပြီးနောက် မြေပြင်ထိုး စစ်များအကောင်အထည်မဖော်နိုင်သည့် စစ်ကောင်စီသည် လားရှိုးမြို့ပေါ်သို့ လေကြောင်းမှဗုံးကြဲမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့၌ စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့အတွင်း မိသားစုဝင်(၃)ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရခဲ့ရသည်။ လားရှိုးမြို့သည်လည်း စစ်ကောင်စီ၏ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည့် မြို့တစ်မြို့ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီလေတပ်က (၇)ရက်ဆက်တိုက် အ ကြိမ်ရေဆယ်ချီ၍ ဗုံးကြဲသဖြင့် အနည်းဆုံးလူ(၇)ဦးသေဆုံးပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့်လူနေအိမ်များ ပျက်စီးခဲ့ရသည်။ ယင်းကာလက သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီက ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထား သည်ကိုလည်း တွေ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများကို ပိတ်ထားရသည်။ စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုနှင့်လေကြောင်းတိုက်ခိုက်မှုများသည် အခြေခံလူ့ရပိုင်ခွင့်ဖြစ်သော လွတ်လပ်စွာပညာသင်ကြားခွင့် အခွင့်အရေးကိုပါ ထိခိုက်စေလျက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)၏ ဒီဇင်ဘာလ(၂၅)ရက်နေ့တွင်ထုတ်ပြန်သောအစီအရင်ခံစာအရ အောက်တိုဘာလ(၁)ရက်နေ့မှဒီဇင်ဘာလ(၂၅)ရက်နေ့အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ ကြောင့် အရပ်သားသေဆုံးမှု(၁၆၃)ဦးရှိသည်ဟုဆိုသည်။
အထက်ပါအခြေအနေများပေါ်တွင် သုံးသပ်ကြည့်ပါက အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့် နယ်မြေဒေသများသည် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကို သိသာစွာပိုပိုခံစားရသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် အရပ်သားသေဆုံးမှုဖြစ်စဉ်များပါ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
(၄) ဆုံးရှုံးသွားပြီဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အခြေအနေများ
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း၌ မြန်မာနိုင်ငံအတွင်းနေထိုင်သောအများပြည်သူသည် အွန်လိုင်းပေါ်မှတစ်ဆင့် မိမိ၏ ခံယူချက်နှင့်ယုံကြည်ချက်များ လွတ်လပ်စွာပြောဆိုနိုင်ခွင့်အခြေအနေမှာ အတိအကျပင် ဆိတ်သုဉ်းသွားခဲ့ရပြီဖြစ်သည်။
ထိုသို့ အွန်လိုင်းပေါ်မှတစ်ဆင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပျောက်ဆုံးသွားခြင်းအား စစ်ကောင်စီလုပ်ဆောင်ခဲ့သောအချက်အလက်များကို သရုပ်ခွဲလေ့လာခြင်းအားဖြင့် အတိအကျသက်သေပြနိုင်ပါသည်။ စစ်ကောင်စီ၏ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန(MOI)နှင့်မြန်မာသတင်းစာ(Myanmar Newspaper)တို့၏ဖော်ပြချက်များအရပင် ဖေ့ဘွတ်ခ့်(Facebook)၊ တစ်တော့ခ့်(TikTok)နှင့်တယ်လီဂရမ်(Telegram)တို့မှတစ်ဆင့် ယင်းတို့အား ဆန့်ကျင်သည့်အမြင်သဘောထားများကိုရေးသားခဲ့သူ အနည်းဆုံး(၃၇၄)ဦးအား (၁)နှစ်တာကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်ကို တွေ့ရသည်။ ပြီးခဲ့သောစက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သော Data for Myanmar အဖွဲ့၏အစီအရင်ခံစာအရ အာဏာသိမ်းကာလနောက်ပိုင်း အွန်လိုင်းပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသည့်အရေအတွက်မှာ (၁,၆၉၁) ဦးအထိ ရှိခဲ့သည်ဟု ဆိုသည်။
စစ်အာဏာသိမ်းကာလ(၃)နှစ်ပြည့်အနေဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင်ပြုလုပ်ခဲ့သည့် အသံတိတ်သ ပိတ်ကို မိုဘိုင်းဖုန်းကင်မရာဖြင့်မှတ်တမ်းတင်သည့် ရန်ကုန်မှလူငယ်အချို့အဖမ်းခံခဲ့ရသကဲ့သို့ ယင်းလှုပ်ရှားမှုနှင့်ပတ်သက် ၍ လူမှုကွန်ရက်မီဒီယာ(Social Media)ပေါ်တွင် ရေးသားဖော်ပြသူ(၃)ဦးထက်မနည်းသည်လည်း မန္တလေးမြို့တွင် ဖမ်းဆီးခံခဲ့ရသည်။ ငွေကြေးဖောင်းပွမှုကြောင့် ဝန်ထမ်းများအား လစာတိုးမြှင့်ပေးသည့်သတင်းများကို လူမှုကွန်ရက်ပေါ်တင်သည့်လုပ်ငန်းရှင်များအား နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်၊ ငွေကြေးဖောင်းပွမှုနှင့်ကျပ်ငွေတန်ဖိုးထိုးကျစေရန်၊ အကြည်ညိုပျက်စေရန်လုပ်ဆောင်သည်ဟုဆိုကာ ပုဒ်မ(၅၀၅)ဖြင့် အရေးယူမှုများလည်း ပြုလုပ်ခဲ့သည်။ ပြီးခဲ့သော အောက်တိုဘာလအတွင်းက အာဏာရှင်ဟောင်း ဦးသန်းရွှေ၏သားမက်ဟောင်းဖြစ်သူ ဒေါက်တာနေစိုးမောင်အား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ဒေါက်တာနေစိုးမောင်သည် ယင်း၏လူမှုကွန်ရက်မှတစ်ဆင့် မင်းအောင်လှိုင်အစိုးရအား ဝေဖန်လေ့ရှိသူတစ်ဦးလည်းဖြစ် သည်။ တာချီလိတ်မြို့မှ ဝါတော်(၂၇)ဝါရှိ ဘုန်းတော်ကြီးတစ်ပါးအား ဖေ့ဘွတ်ခ့်(Facebook)ပေါ်တွင် ရေးသားပြောဆိုမှုများကြောင်း ပုဒ်မ(၅၀၅)အပါအဝင် ပုဒ်မ(၂)ခုဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်။ စစ်ကောင်စီသည် အွန်လိုင်းမှရေးသားဝေဖန်မှုများအား ဖမ်းဆီးရာတွင် ဘုန်းတော်ကြီးများနှင့်အသက်မပြည့်သေးသည့် ကျောင်းသားများအပါအဝင် အစိုးရအရာရှိဟောင်းများပါမကျန် ဖမ်းဆီးသည်ကို တွေ့ရသည်။
အထက်ပါဖြစ်စဉ်များသည် အာဏာသိမ်းကာလနောက်ပိုင်း၌ ဆုံးရှုံးသွားပြီဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို သက်သေခံနေသည့်အခြေအနေများဖြစ်သည်။
(၄.၁) အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကြောင့်
၂၀၂၄ ခုနှစ်အတွင်း လအလိုက်ဖမ်းဆီးခံရမှုအခြေအနေများ
စစ်ကောင်စီသည် အများပြည်သူ၏အွန်လိုင်းသုံးစွဲမှုများအားစောင့်ကြည့်၍ဖမ်းဆီးမှုများ လစဉ်လုပ်ဆောင်ခဲ့သည်ကို ယင်းတို့ ၏ဝါဒဖြန့်ချန်နယ်များဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန(MOI)နှင့်မြန်မာသတင်းစာ(Myanmar Newspapers)ချန်နယ် များအရ တွေ့ရှိရသည်။
အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကြောင့် လအလိုက်ဖမ်းဆီးခံရသောအရေအတွက်
စစ်ကောင်စီသည် အွန်းလိုင်းပေါ်မှပြောဆိုရေးသားမှုများအပေါ် လစဉ်စောင့်ကြည့်ဖမ်းဆီးနေပြီး ၂၀၂၄ ခုနှစ် ဩဂုတ် လနှင့် စက်တင်ဘာလများ၌ တစ်လတွင် လူဦးရေ(၆၀)နီးပါးခန့် ဖမ်းဆီးခံခဲ့ရသည်ကို တွေ့ရသည်။ ယင်းလ(၂)လသည် ၂၀၂၄ ခုနှစ်အတွင်း အွန်လိုင်းမှပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရမှုအများဆုံးဖြစ်ခဲ့သော လ(၂)လဖြစ်သည်ကို တွေ့ရသည်။ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား(၂၆၀)ဦးနှင့်အမျိုးသမီး(၁၁၄)ဦး ပါဝင်သည်ကို တွေ့ရသည်။
(၄.၂) အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကြောင့်
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးခံရသောအရေအတွက်
အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသည့်အခြေအနေများကို လေ့လာကြည့်ရာတွင် ရန်ကုန်နှင့်မန္တလေး တိုင်းဒေသကြီးတို့မှ အွန်လိုင်းသုံးစွဲသူများ အများဆုံးဖမ်းဆီးခံခဲ့ရသည်ကို တွေ့ရှိရသည်။ အွန်လိုင်းပေါ်မှာ ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ၏ ၃၁.၂၈ ရာခိုင်နှုန်း(၁၁၇ ဦး)မှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး ၂၉.၆၈%(၁၁၁ ဦး)ရာခိုင်နှုန်းမှာ မန္တလေးတိုင်းဒေသကြီးမှ ဖြစ်သည်ကို တွေ့ရသည်။
အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများကြောင့် တိုင်းဒေသကြီးအလိုက် ဖမ်းဆီးခံရသည့်အရေအခြေအနေပြပုံ
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အွန်လိုင်းသုံးစွဲသူများ၏အရေးယူခံရမှုအခြေအနေအား လေ့လာကြည့်ရာတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီစသည့် စစ်ကောင်စီနယ်မြေလွှမ်းမိုးမှုရှိသည့်ဒေသများတွင် ဖမ်းဆီးခံရမှုအများဆုံးဖြစ် ပေါ်သည်ကို တွေ့ရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဒဂုံမြို့သစ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့သည် ဖမ်းဆီးခံရသည့်အရေအတွက် အများဆုံးမြို့နယ်များဖြစ်သည်။
အွန်လိုင်းမှ ရေးသားပြောဆိုမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်ဖမ်းဆီးခံရသောအခြေအနေ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ်မြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၏ဖမ်းဆီးမှုအရေအတွက်စုစုပေါင်း၏(၁၆.၃၈)ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။
အွန်လိုင်းမှရေးသားပြောဆိုမှုများကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ဖမ်းဆီးခံရသောအခြေအနေ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ချမ်းမြသာစည်နှင့်ပြည်ကြီးတံခွန်မြို့နယ်တို့သည် မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး၏ ဖမ်းဆီးမှုအရေအတွက်စုစုပေါင်း၏(၁၂.၆၁)ရာခိုင်နှုန်းစီရှိသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များကိုကြည့်ပါက စစ်ကောင်စီ၏လက် လှမ်းမှီမှုအောက်တွင်ရှိနေသော လူထုသည် အွန်လိုင်းအသုံးပြုမှုများကို စောင့်ကြည့်ခံနေရပြီး၊ စစ်ကောင်စီနယ်မြေလက် လွှတ်လိုက်ရသည့် ဒေသရှိအများပြည်သူသည် အင်တာနက်နှင့်ဆက်သွယ်ရေးဆိုင်ရာဖြတ်တောက်မှုဒဏ်အား အပြင်းအ ထန်ကြုံတွေ့နေရသည်ကို တွေ့ရသည်။
(၄.၃) လူမှုကွန်ရက်မီဒီယာအမျိုးအစားအလိုက် ဖမ်းဆီခံရမှုအခြေအနေများ
စစ်ကောင်စီသည် အင်တာနက်အသုံးပြုသူများအသုံးများသည့် လူမှုကွန်ရက်မီဒီယာ(Social Media)များကို စောင့်ကြည့်အ ရေးယူမှုများပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)အနေဖြင့် အွန်လိုင်းသုံးစွဲမှုများကြောင့် လူမှုကွန်ရက်မီဒီယာအလိုက် စောင့်ကြည့်အရေးယူမှုအခြေအနေကို သရုပ်ခွဲလေ့လာကြည့်ရာတွင် ဖေ့ဘွတ်ခ့်(Facebook) နှင့်တစ်တော့ခ့်(TikTok)ကြောင့် အများဆုံးဖမ်းဆီးခံခဲ့ရသည်ကို တွေ့ရသည်။
ဖမ်းဆီးခံရသူများ၏(၇၄.၈၇)ရာခိုင်နှုန်းမှာ ဖေ့ဘွတ်ခ့်(Facebook)ပေါ်မှတစ်ဆင့် စစ်ကောင်စီအား ဝေဖန်မှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများ၏(၂၄.၃၃)ရာခိုင်နှုန်းမှာ တစ်တော့ခ့်(Tiktok)ပေါ်မှတစ်ဆင့် ဝေဖန်ပြောဆိုမှုများ ကြောင့် ဖမ်းဆီခံခဲ့ရခြင်းဖြစ်သည်။
ဖေ့ဘွတ်ခ့်(Facebook)နှင့်တစ်တော့ခ့်(TikTok)သုံးစွဲသူများ၏လအလိုက် ဖမ်းဆီးခံရမှုအခြေအနေများကို လေ့လာကြည့်ရာတွင် ဇန်နဝါရီလမှဇူလိုင်လအထိ ဖေ့ဘွတ်ခ့်(Facebook)အသုံးပြုမှုကြောင့် ဖမ်းဆီးခံရသည့်အရေအတွက်မှာ သိ သာစွာများပြားခဲ့သည်ကို တွေ့ရသည်။ စစ်ကောင်စီ၏လော်ဘီချန်နယ်များမှ တစ်တော့ခ့်(TikTok)အသုံးပြုရန်လှုံ့ဆော်ပြီးနောက်ပိုင်း ဩဂုတ်လနှင့်စက်တင်ဘာလများတွင် တစ်တော့ခ့်(TikTok)ကြောင့်ဖမ်းဆီးခံရသည့်အရေအတွက်မှာ သိသာစွာမြင့်တက်လာခဲ့သည်ကို တွေ့ရသည်။
ထိုကဲ့သို့ လူထု၏အွန်းလိုင်းပေါ်မှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အပြင်းအထန်ထိန်းချုပ်နေသောစစ်ကောင်စီ သည် အမုန်းစကားဖြန့်ချိလှုံ့ဆော်မှုတွင်ပါဝင်ခဲ့သည့်ခိုင်မာရှင်းလင်းသောအထောက်အထားများတွေ့ရှိရကြောင်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က ထုတ်ဖော်ပြောကြားခဲ့သည်။
Recommended Citation Style –
Myanmar Internet Project (2025, January 7). ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်းမြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်ဖိနှိပ်ခံရမှု အခြေအနေများ https://www.myanmarinternet.info/my/post/yearly_report_2024_part_1
Comments