top of page
Myanmar Internet Project

DIGITAL COUP QUARTERLY ( November 2022 to January 2023)

Updated: Aug 3, 2023







၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဆိုင်ရာ ဖြစ်စဉ်များ

မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းထားမှုအခြေအနေသည် ယခုအခါတွင်(၂)နှစ်တာကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အာဏာ သိမ်းကာလတစ်လျှောက်လုံးတွင် သတင်းဆက်သွယ်ရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် စစ်ကောင်စီက စစ်ရေးလက် နက်သဖွယ် ရှုမြင်ဆောင်ရွက်ခဲ့သည့်မှာ ထင်ရှားသည်။ စစ်ကောက်စီအနေဖြင့် လူထု၏ အခြေခံလူ့အခွင့်အရေးဆိုင်ရာရပိုင် ခွင့်ဖြစ်သော သတင်းစားသုံးမှုနှင့် ဆက်သွယ်ရေးဆိုင်ရာအခြေအနေများအား စိတ်ထင်တိုင်း ကန့်သတ်၊ ထိန်းချုပ်၊ ပိတ်ပင်မှုများပြုလုပ်လာခဲ့သည်မှာ စစ်အာဏာသိမ်းကာလ(၂)နှစ်ပြည့်သည့် ယနေ့အထိပင်ဖြစ်သည်။ ပြည်သူများ၏ သတင်းဆက်သွယ်ရေးဆိုင်ရာဆောင်ရွက်မှုများအပေါ် ပိုမိုတင်းကျပ်စွာကိုင်တွယ်ရန် ရည်ရွယ်သည့် ဆင်းကဒ်(SIM Card)အား ပြန်လည်မှတ်ပုံတင်ရေးကိစ္စအပါအဝင် ဖုန်းလိုင်းများအား ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုဆိုင်ရာအ ခြေအနေများနှင့် ပဋိပက္ခဖြစ်စဉ်များပေါ်တွင်မူတည်ပြီး နေရာဒေသအလိုက်ဖုန်းလိုင်းများဖြတ်တောက်ခြင်း၊ ပြည်သူများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေးခြင်းနှင့် ၎င်းတို့အား အွန်းလိုင်းပေါ်မှာ ဆန့်ကျင်ရေးသားသူများကို အရေးယူမှုများပြုလုပ်ခြင်းတို့ကို ပြုလုပ်လာသည်။ ထို့အပြင် အာဏာရှင်တော်လှန်ရေးတွင် ထင်ရှားစွာပါဝင်သူများ၏ လူမှုကွန်ရက်အကောင့်(Social Media Account)များအောက်တွင် “Like” နှင့် “Comment” ရေးသားသူများကိုပါ အရေးယူမှုများ ပိုမိုပြုလုပ်လာသည်။ အဆိုပါဖြစ်စဉ်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များတွင် ပိုမိုထင် ရှားစွာ တွေ့မြင်လာရသည်။ ယခုဆောင်းပါးတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(သုံးလတာကာလ)အတွင်း ဖြစ်ပျက်ခဲ့သည့် ဒစ်ဂျစ်တယ်ဆိုင်ရာဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက်သော တွေ့ရှိချက်များကို စုစည်းဖော်ပြသွားပါမည်။ (က) ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

(၁) ဆင်းကဒ်(SIM Card) ပြန်လည်မှတ်ပုံတင်ရေး လုပ်ငန်းစဉ်နှင့်သက်ဆိုင်သော ဖြစ်စဉ်များ

(၁.၁) စစ်ကောင်စီ လက်အောက်ခံ ပို့/ဆောက်/ဆက် ဝန်ကြီးဋ္ဌာနမှ

SIM Registration Management System တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူခြင်း

(၁.၂) ဆင်းကဒ်(SIM Card)များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နောက်ဆုံးထား၍

ပြန်လည်ပြင်ဆင်ရေးဆိုင်ရာထုတ်ပြန်မှု (၂) နိုဝင်ဘာလအတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ခံရမှုဆိုင်ရာ ဖြစ်စဉ်များ

(၂.၁) ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့နယ်တွင်

စစ်ကောင်စီက “Mytel Wifi” များတပ်ဆင်ခြင်း

(၂.၂) ဝက်လက်မြို့နယ်ရှိ နေရာတချို့တွင် တယ်လီနော်(Telenor)လိုင်းများ ဖြတ်တောက်ခံရခြင်း

(၃) အွန်လိုင်းပေါ်တွင် ရေးသားပြောဆိုချက်များနှင့်ပတ်သက်၍ အရေးယူမှုနှင့် မြေပြင်စစ်ဆေးမှုဆိုင်ရာ ဖြစ်စဉ်များ

(၃.၁) သနပ်ပင်မြို့ရှိ စစ်ဆေးရေးဂိတ်တွင် ဝိုင်ဖိုင်စက်အသုံးပြုပြီး ခရီးသွားများ၏ ဖုန်းများကို စစ်ဆေးခြင်း (၃.၂) “Interim Basic Education School (Thingangyun)”တွင် တက်ရောက်နေသည့်

ကျောင်းသူ၊ ကျောင်းသားများစာရင်းအချို့နှင့် Zoom Screenshot များကို

စစ်ကောင်စီလော်ဘီအကောင့်များမှ ဖြန့်ဝေခြင်း (၃.၃) မင်းအောင်လှိုင်အား လှောင်ပြောင်သည့်ဗီဒီယို “Tik Tok” တွင်တင်သည်ဟုစွပ်စွဲ၍

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ခမွန်ခံကြီးကျေးရွာတွင်နေထိုင်သူ အမျိုးသမီးငယ်တစ်ဦးကို

စစ်ကောင်စီတပ်များက ဖမ်းဆီးသွားခြင်း

(၁) ဆင်းကဒ်(SIM Card) ပြန်လည်မှတ်ပုံတင်ရေးလုပ်ငန်းစဉ်နှင့်သက်ဆိုင်သော ဖြစ်စဉ်များ ဆင်းကဒ်(SIM Card)မှတ်ပုံတင်မှုဆိုင်ရာအချက်အလက်များကို ပြန်လည်စစ်ဆေးမှုများပြုလုပ်၍ အချက်အလက်မှန်ကန် စွာမှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကဒ်(SIM Card)များအား ပိတ်သိမ်းမည်ဟု ၂၀၂၂ ခုနှစ် စက်တင်ဘာလကတည်းက စစ်ကောင်စီသည်ကြေညာထားခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ယင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့်အကောင်အထည် ဖော်မှုများအား ဆက်လက်လုပ်ဆောင်လာသည်ကိုတွေ့ရသည်။ (၁.၁) စစ်ကောင်စီ လက်အောက်ခံ ပို့/ဆောက်/ဆက် ဝန်ကြီးဋ္ဌာနမှ

“SIM Registration Management System” တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူခြင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် စစ်ကောင်စီလက်အောင်ခံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနအနေဖြင့် “SIM Registration Management System” တည်ဆောက်ရေးအတွက် တင်ဒါတစ်ခု ခေါ်ယူခဲ့သည်ကို တွေ့ရသည်။ ယင်းတင်ဒါပါအချက်အလက်များအရ “SIM Registration Management System” တည်ဆောက်ရာတွင် အ သုံးပြုရမည့်ကုန်ကျငွေများအား “Universal Service Fund(USF)”ဖြင့် ကျခံသုံးစွဲမည်ဟု ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ “USF Fund”သည် ဆက်သွယ်ရေးဆိုင်ရာတပ်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်ကြီးမြင့် သည့်ဒေသများအား “တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ တပ်ဆင်မှုများအတွက် အထောက်အကူပြုနိုင်ရေး၊ ဝင်ငွေနည်းပါး သည့်သုံးစွဲသူများအား သင့်တော်သောအသုံးပြုမှုများထောက်ပံ့ပေးနိုင်စေရေး၊ ကျေးလက်ဒေသများအတွင်း ကျန်းမာရေးဆိုင် ရာကိစ္စရပ်များအပေါ် ဆက်သွယ်ရေးဆိုင်ရာကောင်းမွန်သည့် ထောက်ကူမှုစနစ်များ ဖန်တီးနိုင်ရေး” စသည့်ကိစ္စရပ်များ အ ကောင်အထည်ဖော်ဆောင်ရာတွင် အဓိကသုံးစွဲရန်အတွက် တယ်လီကွန်များမှစုပေါင်းထည့်ဝင်ရသည့် ရန်ပုံငွေ(Funding) အမျိုးအစားဖြစ်ပြီး ယခုကဲ့သို့ အသုံးပြုခြင်းသည် မူလရည်ရွယ်ချက်ကို သွေဖယ်သော အသုံးပြုမှုတစ်ခုဖြစ်သည်။

(၁.၂) ဆင်းကဒ်(SIM Card)များ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍

ပြန်လည်ပြင်ဆင်ရေးဆိုင်ရာထုတ်ပြန်မှု အချက်အလက်မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကဒ်(SIM Card)များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ပြင်ဆင်ကြရန် စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အား နိုဝင်ဘာလ(၃)ရက်နေ့က စစ်ကောင်စီထိန်းချုပ်ခံ ကြေးမုံသတင်းစာတွင် ထည့်သွင်းဖော်ပြထား သည်ကို ကိုးကား၍ မဇ္ဇိမသတင်းဌာနက ရေးသားဖော်ပြခဲ့သည်ကို တွေ့ရသည်။ ဆင်းကဒ်(SIM Card)မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကို စစ် ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ “National Database”အချက်အလက်များဖြင့် တိုက် ဆိုင်စစ်ဆေးသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။



(၂) နိုဝင်ဘာလအတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ခံရမှုဆိုင်ရာ ဖြစ်စဉ်များ

အာဏာသိမ်းကာလတစ်လျှောက်၌ သတင်းဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်ထားနိုင်ရေးအတွက် ဖုန်းလိုင်းနှင့် အင်တာနက်ချိတ်ဆက်မှုများအား လိုအပ်သလိုကန့်သတ်ပိတ်ပင်သည်များကို စစ်ကောင်စီက ပြုလုပ်လေ့ရှိသည်။ နိုဝင်ဘာလတွင်လည်း ယင်းသို့လုပ်ဆောင်မှုများ အများအပြားလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

(၂.၁) ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့နယ်တွင်

စစ်ကောင်စီက “Mytel Wifi” များတပ်ဆင်ခြင်း

တစ်နှစ်ကျော်ကြာမြင့်သည်အထိ ဖုန်းအင်တာနက်အသုံးပြုနိုင်မှု ဖြတ်တောက်ခံထားရသည့် ဖားကန့်ဒေသတွင် စစ်ကောင်စီသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိသော “Mytel Wifi”စက်များတပ်ဆင်ပေးနေသည်ကို ယခုလအတွင်း လုပ်ဆောင်ခဲ့သည်ဟု Kachin News Group ၏ နိုဝင်ဘာလ (၃) ရက်နေ့ သတင်းဖော်ပြချက်အရ သိရှိရသည်။

ဖားကန့်မြို့အပါအဝင် ကျေးရွာများအထိ ယင်းတပ်ဆင်မှုများကိုပြုလုပ်ထားကြောင်းနှင့် အင်တာနက်မြန်နှုန်းကန့်သတ် ချက်မှာ 5 mbs သာရနိုင်ပြီး စက်တစ်လုံးလျှင် “Device”အရေအတွက်ငါးခုအထိသာ ချိတ်ဆက်အသုံးပြုနိုင်မည့် ကန့် သတ်မှုများပါဝင်သည်ကို သတင်းဖော်ပြချက်အရ တွေ့ရသည်။

ဖားကန့်ဒေသအတွင်း စစ်ကောင်စီ၏“Mytel Wifi”တပ်ဆင်ပေးမှုသည် အခြားဒေသများနှင့်ချိန်ထိုးကြည့်ပါက ကန့် သတ်မှုများစွာပါဝင်နေသည့်အပြင် ၎င်းတို့အပြည့်အဝထိန်းချုပ်ခွင့်ရရှိထားသည့် ဝန်ဆောင်မှုမှသာသုံးစွဲနိုင်သည့်အတွက် မလုံခြုံမှုပြဿနာများကိုပါ ဒေသခံများအနေဖြင့် ရင်ဆိုင်ရဖွယ်ရှိသည်ကို တွေ့ရှိရသည်။

(၂.၂) ဝက်လက်မြို့နယ်ရှိ နေရာတချို့တွင် တယ်လီနော်(Telenor)လိုင်းများ ဖြတ်တောက်ခံရခြင်း

နိုဝင်ဘာလ(၄)ရက်နေ့က ဝက်လက်မြို့နယ်တွင် တယ်လီနော်(Telenor)ဖုန်းလိုင်းများ ဖြတ်တောက်ခံရပြီးထိုသို့ဖုန်းလိုင်းများ ပြတ်တောက်သွားချိန်အတွင်း ဝက်လက်မြို့နယ်အတွင်းရှိ အောင်ချမ်းသာရွာနှင့် ကုန်းကြီးရွာများဘက်တွင် စစ်ကောင်စီတပ်များ လှုပ်ရှားသွားလာမှုများရှိခဲ့သည်ဟု ဒေသတွင်းသတင်းကွန်ယက်များက ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ ဒီပဲယင်းမြို့နယ်၌လည်း အူရီဒူး(Ooredoo)လိုင်းများ နိုဝင်ဘာလ (၄) ရက်နေ့တွင် ဖြတ်တောက်ခံခဲ့ရသေးသည်။

(၂.၃) ရွှေကူမြို့တွင် မြန်မာ့ဆက်သွယ်ရေး(MPT)ဖုန်းလိုင်းများ ဖြတ်တောက်ခံရခြင်း

နိုဝင်ဘာလ(၉)ရက်နေ့က ကချင်ပြည်နယ် ရွှေကူမြို့တွင် မြန်မာ့ဆက်သွယ်ရေး(MPT)ဖုန်းလိုင်းများဖြတ်တောက်ခံရပြီး စစ်ကောင်စီအနေဖြင့် စစ်ကြောင်းလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင့် “Kachin Waves”သတင်းဌာနက ဖော်ပြခဲ့သည်။ စစ်ကောင် စီအနေဖြင့် ရွှေကူ-ဧရာဝတီမြစ်ကြောင်းကိုအသုံးပြုပြီး တိုက်ပွဲများဖြစ်ပွားနေသည့်မိုးမောက်မြို့နယ်သို့ စစ်လက်နက်ရိက္ခာအင်အားများ ထောက်ပို့မှုများပြုလုပ်ခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရှိရသည်။

ထို့အပြင် နိုဝင်ဘာလ(၂၄)ရက်ဝန်းကျင်မှစတင်၍ ကလေးမြို့တောင်ပိုင်းဒေသများအား အူရီဒူး(Ooredoo)ဖုန်းလိုင်းများဖြတ်တောက်ထားခြင်းနှင့် နိုဝင်ဘာလ(၂၇)ရက်နေ့၌ ထီးလင်းမြို့နယ်မြောက်ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေး(MPT)ဖုန်းလိုင်းများပြတ်တောက်နေခြင်းစသည့် အခြေအနေများလည်း ဖြစ်ပေါ်ခဲ့သေးသည်ကို တွေ့ရှိရသည်။

စစ်ကောင်စီသည် စစ်ကြောင်းလှုပ်ရှားရာနယ်မြေများသို့ သွားလာလှုပ်ရှားမှုများပြုလုပ်ရာတွင် သတင်းအချက်အလက် ပေါက်ကြားမှုကို ကာကွယ်နိုင်ရေးနှင့် လုံခြုံရေးတို့အတွက် မိုဘိုင်းဆက်သွယ်ရေးကွန်ယက်များအား နေရာအကန့်အသတ်ဖြင့် ဖြတ်တောက်မှုများ တောက်လျှောက်လုပ်ဆောင်လာသည်ကို ယခုနောက်ပိုင်းတွင် တွေ့ရှိလာရသည်။

(၃) အွန်လိုင်းပေါ်တွင် ရေးသားပြောဆိုချက်များနှင့်ပါတ်သက်၍ အရေးယူမှုနှင့် မြေပြင်စစ်ဆေးမှုဆိုင်ရာ ဖြစ်စဉ်များ

မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုများသာမက စစ်ကောင်စီ၏ Lobby Channel များမှတစ်ဆင့် ၎င်းတို့အားဆန့် ကျင်သည် ပြည်သူများ၏ အွန်လိုင်းပေါ်မှ ရေးသားပြောဆိုမှုများကို ဖမ်းဆီးရန်လှုံ့ဆော်ခြင်း၊ ထိုလှုံ့ဆော်မှုများအပေါ် အခြေပြုဖမ်းဆီးခြင်း၊ မြေပြင်စစ်ဆေးမှုများပြုလုပ်၍ ဖမ်းဆီးအရေးယူခြင်းတို့ကိုလည်း ပြုလုပ်လာသည်ကို တွေ့ရှိရသည်။

(၃.၁) သနပ်ပင်မြို့ရှိ စစ်ဆေးရေးဂိတ်တွင် ဝိုင်ဖိုင်စက်အသုံးပြု၍ ခရီးသွားများ၏ ဖုန်းများကို စစ်ဆေးခြင်း

နိုဝင်ဘာလ(၁၄)ရက်နေ့၌ သနပ်ပင်စစ်ဆေးရေးဂိတ်တွင် ဝိုင်ဖိုင်စက်များတပ်ဆင်ထားပြီး ဂိတ်မှ ဖြတ်သန်းသွားလာသူများ၏ လက်ကိုင်ဖုန်းများအား ဝိုင်ဖိုင်ချိတ်ဆက်ပြီး ဖေ့ဘွတ်ခ်စ်(Facebook)၊ မက်ဆင်ဂျာ(Messenger)အပါအဝင် ဖုန်းအတွင်းရှိအချက်အလက်များအား စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု လူငယ်ခေတ်သတင်းဌာနက သတင်းဖော်ပြခဲ့သည်ကိုတွေ့ရသည်။ ထိုကဲ့သို့ စစ်ဆေးပြီးနောက် ဂိတ်တာဝန်ကျ စစ်ကောင်စီလက်ပါးစေများမှ ခြိမ်းခြောက်ငွေညှစ်မှုများကိုပါ ကျူးလွန်ခဲ့သည်။

(၃.၂) “Interim Basic Education School (Thingangyun)”တွင် တက်ရောက်နေသည့်

ကျောင်းသူ၊ ကျောင်းသားများ စာရင်းအချို့နှင့် “Zoom Screenshot”များ စစ်ကောင်စီလော်ဘီအကောင့်များမှ ဖြန့်ဝေခြင်း

နိုဝင်ဘာလ(၂၃)ရက်နေ့၌ စစ်ကောင်စီ၏ လော်ဘီအကောင့်တစ်ခုအဖြစ် ထင်ရှားသည့် ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်မှတစ်ဆင့် NUG ၏ ကြားကာလပညာသင်ကြားရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်သည့် Interim Basic Education School (Thingangyun)တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများ၏ မျက်နှာပုံများပါဝင်သည့် “Screenshot”များအား ဖြန့်ဝေပြီး ရှာဖွေဖမ်းဆီးရန်လှုံ့ဆော်ခဲ့သည်ကို တွေ့ရှိရသည်။

ပြီးခဲ့သော ဇူလိုင်လအတွင်းကလည်း NUG ၏ ကြားကာလပညာသင်ကြားရေးအစီအစဉ်တွင် ပါဝင်ခဲ့သည့် KFU ကျောင်းတည်ထောင်သူအပါအဝင် ပါဝင်သင်ကြားပေးသည့်ဆရာဆရာမများကိုပါ ဖမ်းဆီးထိန်းသိမ်းများကို စစ်ကောင်စီက ပြုလုပ်ခဲ့သေးသည်။ ယင်းလုပ်ဆောင်ချက်များသည် လူတစ်ဦးခြင်း၏အခြေခံရရှိရမည့် လူ့အခွင့်အရေးတန်ဖိုးဖြစ်သည့် လွတ် လပ်စွာပညာသင်ကြားရေးကို ပိတ်ပင်သောဖြစ်ရပ်များဖြစ်နေပြီး အာဏာသိမ်းကာလတစ်လျှောက် အဖိနှိပ်ခံရသည့် ပညာ သင်ကြားခွင့်ဆိုင်ရာဖိနှိပ်မှုများ ဖြစ်သည်။

(၃.၃) မင်းအောင်လှိုင်အား လှောင်ပြောင်သည့်ဗီဒီယို Tik Tok တွင် တင်သည်ဟု စွပ်စွဲ၍

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ခမွန်ခံကြီးကျေးရွာတွင်နေထိုင်သူ အမျိုးသမီးငယ်တစ်ဦးကို

စစ်ကောင်စီတပ်များက ဖမ်းဆီးသွားခြင်း

နိုဝင်ဘာလ(၂၅)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ခမွန်ခံကြီးကျေးရွာသို့ နယ်မြေခံစစ်ကောင်စီတပ်များ ဝင်ရောက် လာပြီး မင်းအောင်လှိုင်အား လှောင်ပြောင်သည့်ဗီဒီယို “Tik Tok”ပေါ်တွင်တင်သည်ဟုစွပ်စွဲ၍ အမျိုးသမီးတစ်ဦးအား ဝင်ရောက်ဖမ်းဆီးခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီသည် အာဏာသိမ်းကာလတစ်လျှောက်လုံးတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်ဖိနှိပ်လျှက်ရှိပြီး သတင်းသမားများကိုပါသတ်ဖြတ်ခဲ့သည်။ ယင်းသို့သတ်ဖြတ်ခဲ့သူများသည် လွတ်မြောက်နေ၍ ပြစ်ဒဏ်မှလွတ်မြောက်နေမှုစာရင်း(Global Impunity Index)တွင်ပါဝင်လာသည်။ ထိုစာရင်းတွင် မြန်မာနိုင်ငံသည်ပထမ ဆုံးအကြိမ်အဖြစ် ပါဝင်လာရသည်အထိပင် အခြေအနေဆိုးဝါမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။


(ခ) ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

(၁) အွန်လိုင်းပေါ်တွင် ရေးသားပြောဆိုချက်များနှင့်ပတ်သက်၍ အရေးယူမှုနှင့် မြေပြင်စစ်ဆေးမှုဆိုင်ရာ ဖြစ်စဉ်များ

(၂) ဒီဇင်ဘာလအတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ခံရမှုဆိုင်ရာဖြစ်စဉ်များ


(၁) အွန်လိုင်းပေါ်တွင် ရေးသားပြောဆိုချက်များနှင့်ပတ်သက်၍ အရေးယူမှုနှင့် မြေပြင်စစ်ဆေးမှုဆိုင်ရာ ဖြစ်စဉ်များ

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း မြေပြင်ဖမ်းဆီးစစ်ဆေးမှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြုလုပ်ဆောင်ရွက်မှုများပြားလာသည်ကို တွေ့ရှိရသည်။ ဒီဇင်ဘာလ(၁)ရက်နေ့၌ စစ်ကောင်စီဘက်မှ လော်ဘီအကောင့်တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်က မန္တလေးမြို့တွင် ဖုန်းများကိုစစ်ဆေးပြီး ဖမ်းဆီးမှုများ စတင်ပြုလုပ်နေကြောင်း သတင်းတင်လာခဲ့သည်။ ထို့ကဲ့သို့ သတင်းတင်ပြီး နောက်(၃)ရက်အကြာ၌ မန္တလေးမြို့၊ ကြာနီကန် မင်္ဂလာမြန်မာကျောင်းအနီးတွင် ခရီးသည်တင်ကားများပေါ်ရှိ ခရီးသည်များ၏မှတ်ပုံတင်နှင့် ဖုန်းများအား စစ်ဆေးသည့်ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့သည်။ ဖုန်းထဲတွင်ထောက်ပို့အက်ပ်(App)များတွေ့ရှိသည်ဟုဆိုကာ ပြည်သူ(၄)ဦးထက်မနည်း မန္တလေးမြို့၌ ဒီဇင်ဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Mandalay Free Press ၏ ဒီဇင်ဘာလ(၇)ရက်နေ့ သတင်းဖော်ပြချက်အရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ထားသည့် “Wave Money”ဆိုင်များအနေဖြင့် ငွေလွှဲငွေ ထုတ်သူများ၏ မှတ်ပုံတင်၊ လိပ်စာနှင့် နာမည်များအား အတိအကျယူထားကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဖိ အားပေးခိုင်စေမှုများရှိကြောင်း မဲခေါင်းသတင်းဋ္ဌာန၏ ဒီဇင်ဘာလ(၁၃)ရက်နေ့ သတင်းဖော်ပြချက်အရ သိရှိရသည်။ ထို့အ ပြင် ဒီဇင်ဘာလ(၂၅)ရက်နေ့၌ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှ ညစျေးဘက်သို့ အဆင်းလမ်းတွင် ဖုန်းများအား စစ်ဆေးခဲ့မှုများ ရှိခဲ့သေးသည်။

စစ်ကောင်စီ၏ထုတ်ပြန်ချက်များကို အခြေခံပြီး အာရ်အက်ဖ်အေမြန်မာပိုင်း(RFA)မှ သီးခြားပြုစုထားသောစာရင်းများ အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း လူမှုကွန်ရက်တွင် အာဏာရှင်ဆန့်ကျင်ကြောင်းရေးသားသူ(၈၀၀)ကျော်အထိ ဖမ်းဆီးထိန်းသိမ်းခံရမှုများ ရှိခဲ့သည်။



(၂) ဒီဇင်ဘာလအတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ခံရမှုဆိုင်ရာ ဖြစ်စဉ်များ

အထက်တွင် ဖော်ပြထားသကဲ့သို့ မြေပြင်ဖမ်းဆီးစစ်ဆေးမှုများကို စစ်ကောင်စီက တင်းကြပ်စွာ လုပ်ဆောင်လာသည့်အပြင် နေရာဒေသအကန့်အသတ်ဖြင့် အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုဖြစ်စဉ်များကိုလည်း လုပ်ဆောင်လျက်ရှိသည်။ ဒီဇင် ဘာလအတွင်း၌ ယင်းဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ဒီဇင်ဘာလ(၄)ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။ ယင်းနေ့မနက်ပိုင်းတွင် ဂန့်ဂေါမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်သံများ ကြားရသည်ဟု ဒေသတွင်း Magway Scout Network တယ်လီဂရမ်ချန်နယ်က ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ဒီဇင်ဘာလ (၁၈) ရက်နေ့ကလည်း ချင်းတွင်းမြစ်ဘေး ကျေးရွာအချို့တွင် ဖုန်းလိုင်းများပြတ်တောက်လျှက်ရှိပြီး ယင်း ကာလအတွင်း စစ်ကောင်စီတပ်များသည် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် စစ်ဆင်ရေးရွှေ့ပြောင်းလှုပ်ရှားမှုများရှိနေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်များအရ သိရှိရသည်။ ဒီဇင်ဘာလ (၂၀) ရက်နေ့မှစတင်ပြီး မြန်မာ–တရုတ်နယ်စပ်၊ သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပိတ်ခံထားရပြီးတရုတ်ပြည်မှပြန်လည်ရောက်ရှိလာသည့် ကုန်တင်ကားများအား စစ်ကောင် စီက တင်းကြပ်သည့်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ ထို့အပြင် မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် မှတ်ပုံတင်ထားသည့် အချက်အလက်များကို ပြန်လည်စစ်ဆေးပြီး မှန်ကန်မှုမရှိပါက ပြန်လည်ပြင်ဆင်မှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့မတိုင်မီပြုလုပ်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနက ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့သေးသည်။ ယင်းလုပ်ဆောင်ချက်နှင့်ပတ်သက်၍ “မှတ်ပုံတင်ပြီးသုံးစွဲပါက မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုတွေကို လုံခြုံစိတ်ချစွာသုံးစွဲနိုင်မယ့်အပြင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာနှင့် ပြင်ပလိမ်လည်မှုများ၏ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မည်ဟု စစ်ကောင်စီက ဆိုထားသော်လည်း ယင်းသို့မှတ်ပုံတင်ရန် ဖိအားပေးနေခြင်းသည် မိုဘိုင်းဖုန်းနှင့် အင်တာနက်အသုံးပြု၍ တော်လှန်ရေးအား အထောက်အကူပြုနေသည်များကို ဟန့်တားနိုင်ရန် စစ်ကောင်စီ၏ ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ်သာ ရှုမြင်ကြသည်။


(ဂ) ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

(၁) အွန်လိုင်းပေါ်တွင် ရေးသားပြောဆိုချက်များနှင့်ပတ်သက်၍

အရေးယူမှုနှင့် မြေပြင်စစ်ဆေးမှုဆိုင်ရာဆက်လက်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များ

(၂) ဇန်နဝါရီလအတွင်း သတင်းထွက်ပေါ်လာခဲ့သည့် စစ်ကောင်စီ၏ ဖိနှိပ်မှုဆိုင်ရာဖြစ်စဉ်များ

(၃) အင်တာနက်ပြတ်တောက်မှုဆိုင်ရာ ဖြစ်စဉ်များ


(၁) အွန်လိုင်းပေါ်တွင် ရေးသားပြောဆိုချက်များနှင့်ပတ်သက်၍

အရေးယူမှုနှင့် မြေပြင်စစ်ဆေးမှုဆိုင်ရာဆက်လက်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များ တောင်ကြီးမြို့‌မှ “Aye Aye Soe” ဖေ့ဘွတ်ခ်အကောင့်ပိုင်ရှင် “မအေးသွယ် (ခ) မအေးအေးစိုး” အပါအဝင် ဖေ့ဘွတ်ခ်သုံးစွဲသူ(၅)ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ ပုဒ်မများဖြင့် အရေးယူထားသည်ဟု စစ်ကောင်စီ၏ ဇန်နဝါရီလ(၁)ရက်နေ့ ထုတ်ပြန်ချက်အားကိုးကား၍ မဲခေါင်သတင်းက သတင်းဖော်ပြထားသည်။ စစ်ကောင်စီ၏ လော်ဘီအကောင့်တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်တွင် ဖမ်းဆီးအရေးယူရန် လှုံ့ဆော်မှုဖြစ်ပေါ်ပြီးနောက် ယင်းကဲ့သို့အရေးယူမှုဖြစ်ခဲ့သည်ဟု သတင်းဌာန၏ဖော်ပြချက်အရ ယင်းဖြစ်စဉ်ကို သိရသည်။ စစ်ကောင်စီ၏ လော်ဘီတယ်လီဂရမ်ချန်နယ်များမှလှုံ့ဆော်သည့် အချက်အလက်များအပေါ်မှုတည်၍ မြေပြင်ဖမ်းဆီးစစ်ဆေးမှုများကို ခပ်စိပ်စိပ်ပြုလုပ်လာသည်ကို ယခုနောက်ပိုင်းတွင် ဆက်တိုက်ဆိုသလို တွေ့ရှိလာရသည်။ တော်လှန်ရေးတွင် ပါဝင်သူများအသုံးပြုသည့် လူမှုကွန်ယက်စာမျက်နှာများအောက်တွင် “Like” ပြုလုပ်ခြင်း၊ “Comment”ရေးသားခြင်းနှင့် ပြန်လည်မှုဝေမှုပြုလုပ်မှုများအပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဖမ်းဆီးတရားစွဲဆို မှုများပြုလုပ်နေသည်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်းတွေ့ရကြောင်း သံလွင်တိုင်းမ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ ထို့အပြင် NUG၊ CRPH၊ PDF များ၏ လူမှုကွန်ရက်စာမျက်နှာအောက်၌ မှတ်ချက်ပြုရေးသားခြင်းများနှင့် ပြန် လည်မျှဝေသူများအားလည်း ဖမ်းဆီးမှုများပြုလုပ်နေသည်။ ထို့အပြင် စစ်ကောင်စီက ထုတ်ဝေခွင့်ပိတ်ပင်ထားသည့် သတင်း စာမျက်နှာများအောက်တွင် မှတ်ချက်ရေးသားမှုများအပေါ်တွင်လည် အရေးယူမှုများရှိနေကြောင်း ယင်းသတင်းကပင် ဖော်ပြထားသည်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)များအပြင် တည်ဆဲဥပဒေမျိုးစုံအားအသုံးပြု၍ စစ်ကောင်စီကအထက်ပါဖြစ် စဉ်များအား အရေးယူနေသည်ကို တွေ့ရသည်။ ယင်းဖြစ်စဉ်များကို သုံးသပ်ခြင်းအားဖြင့် စစ်ကောင်စီ၏ ဖိနှိပ်မှုအောက်တွင် အခြေခံလူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အလုံးစုံစိတ်သုဉ်းသွားသည်ကို တွေ့မြင်နိုင်သည်။



(၂) ဇန်နဝါရီလအတွင်း သတင်းထွက်ပေါ်လာခဲ့သည့် စစ်ကောင်စီ၏ ဖိနှိပ်မှုဆိုင်ရာဖြစ်စဉ်များ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် စစ်ကောက်စီ၏ လျှို့ဝှက်အစည်းအဝေးမှတ်တမ်းတစ်ခု ပေါက်ကြားလာခဲ့သည်။ ယင်းအစည်းအဝေးမှတ်တမ်းပါ အချက်အလက်များအရ စစ်ကောင်စီအနေဖြင့် ၎င်းတို့အား ဆန့်ကျင်ရေးအတွက်အသုံးပြုသည့် ဖေ့ဘွတ်ခ်စာမျက်နှာများ၊ တော်လှန်ရေးဆိုင်ရာရန်ပုံငွေရှာဖွေရေးအတွက် အထောက်အကူဖြစ်စေရန် ဖန်တီးထားသည့် “PDF Game”များနှင့် “Application Link”များအား အော်ပရေတာ(Operator)များမှတစ်ဆင့် ပိတ်ပင်ရန်ထည့် သွင်းဆွေးနွေးထားသည်ကို တွေ့ရှိရသည်။ ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် စစ်ကောင်စီအား ဆန့်ကျင်သည့် အကောင့်(Account)များကို ပိတ်ပင်ရန် ဂူဂဲလ်(Google)နှင့် ဖေ့ဘွတ်ခ် (Facebook)တို့ထံ ကန့်ကွက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့်ကိုလည်း တွေ့ရှိရသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်များကို “SMS များမှတစ်ဆင့် ပေးပို့မှုများပြုလုပ်ရန်နှင့် လူမှုကွန်ယက်စာမျက်နှာများအား “Hacking”လုပ် တိုက်ခိုက်ရယူရန်အပါအဝင် စစ်ကောင်စီ၏ အမည်ခံရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် ရည်ရွယ်ဟန်ရှိသည့် လူဦးရေစာရင်းကောက်ယူစဉ်အတွင်း တော်လှန်ရေးသမားများအား စုံစမ်းဖော်ထုတ်အရေးယူမှုများ ပြုလုပ်ရန်တို့ကိုပါ ထည့်သွင်းဆွေးနွေးထားသည်ကို တွေ့ရှိရသည်။

ဇန်နဝါရီလ(၂)ရက်နေ့ နေ့စွဲဖြင့် ပေါက်ကြားလာခဲ့သည့် အချက်အလက်နှင့် စာရွက်စာတမ်းများအပေါ် အခြေခံ၍ ဇန် နဝါရီလ(၁၅)ရက်နေ့တွင် Justific For Myanmar အဖွဲ့၏ထုတ်ပြန်ခဲ့သော အစီအရင်ခံစာအရ NASDAQ စာရင်းဝင် Israeli အခြေစိုက် Cognyte Software လုပ်ငန်းအနေဖြင့် (Myanmar Posts and Telecommunications (MPT)ထံသို့ နိုင်ငံတကာဥပဒေနှင့် Israeli တို့ကို ချိုးဖောက်မှုဖြစ်ဖွယ်ရှိသည့် ကြားဖြတ်စောင့်ကြည့်မှုဆိုင်ရာပစ္စည်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက ရောင်းချခဲ့သည်ကို တွေ့ရှိရသည်။ “MPT” ၏ ဖော်ပြပါဝယ်ယူမှုသည် လူထု၏ သတင်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ပိုမိုတင်းကြပ်သည့်စောင့်ကြည့်မှုများ လုပ်ဆောင်ရန်အတွက်သာဖြစ်သည်မှာ ထင်ရှားသည်။

အင်တာနက်၊ ဝိုင်ဖိုင်လိုင်းများ နှေးကွေးနေခြင်းကြောင့် လူမှုကွန်ယက်စာမျက်နှာအသုံးပြုရာတွင် အဆင်မပြေမှုများဖြစ်ပေါ်နေပြီး “VPN (a virtual private network)” ချိတ်ဆက်ရာတွင်လည်း အခက်အခဲများဖြစ်နေသည်ကိုလည်း ယခုလအတွင်း တွေ့ရှိရသည်။

ဇန်နဝါရီလ(၃၀)ရက်နေ့မှစတင်ကာ စစ်ကောင်စီအနေဖြင့် မိုဘိုင်းအော်ပရေတာများမှတစ်ဆင့် “အကြမ်းဖက်မှုနှင့်ဆိုင်သော 'Post, Share, Like, Comment' တင်ခြင်းများသည် ဥပဒေအရအရေးယူခံရနိုင်ကြောင်း CCCT(အကြမ်း ဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ)မှ အသိပေးအပ်ပါသည်”၊ “အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ခြင်းသည် ဥပဒေအရအရေးယူခံရနိုင်သည်” စသည့် စာတိုများကို မိုဘိုင်းဖုန်းသုံးစွဲသူများသို့ ခြိမ်းခြောက်ပေးပို့မှုများလည်း ပြုလုပ်လာသည်ကို တွေ့ရသည်။

ထို့အပြင် အွန်လိုင်းတိုကင်(Token)ရယူမှုစနစ်ကို အဆင့်မြှင့်တန်ရန်ဟုဆိုသော မခိုင်လုံသောအကြောင်းပြချက်ဖြင့် နိုင်ငံကူးလက်မှတ်(Passport)ပြုလုပ်ရန်အတွက် တိုကင်(Token)ရယူမှုများကို ဇန်နဝါရီလ(၂)ရက်နေ့မှ စတင်ကာရပ် တန့်ထားသည်ကိုလည်း တွေ့ရှိရသည်။

(၃) အင်တာနက် ပြတ်တောက်မှုဆိုင်ရာ ဖြစ်စဉ်များ

အာဏာသိမ်းမှုပြုလုပ်ပြီးနောက် ကာလရှည် အင်တာနက်ဖြတ်တောက်မှုပြုလုပ်ထားသည့် ဒေသများဖြစ်သော “ကချင်ပြည် နယ်၊ ဖားကန်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြင်းမူ၊ ဆားလင်းကြီး၊ အရာတော်၊ ယင်းမာပင်၊ မင်းကင်း၊ ကန့်ဘလူ၊ ကသာ၊ ကောလင်း၊ ဘုတလင်၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ အင်းတော်၊ ကျွန်းလှ”စသည့် မြို့နယ်များအား “Mytel Sim Card” များဖြင့် အင်တာနက်အသုံးပြုနိုင်ရန် ဇန်နဝါရီလ(၄)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဇန်နဝါရီလ(၅)ရက်နေ့၌ ယင်းဒေသများအတွင်း အင်တာနက်အသုံးပြုမှုအား စစ်ကောင်စီက ပြန်လည် ပိတ်ပင်ပစ်ခဲ့သည်ကို တွေ့ရသည်။

သတင်းအချက်အလက်ရရှိရေးကို လိုလားတောင့်တနေကြသော ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ အထက်ပါ လုပ် ဆောင်ချက်များကြောင့် “Mytel Sim Card”များ ထပ်မံဝယ်ယူရခြင်း၊ အင်တာနက်အသုံးပြုရန်အတွက် ငွေကြေးဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ရ၍ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ငွေကြေးဆုံးရှုံမှုများပါ ဖြစ်ပေါ်ခဲ့သည်။


Recommended Citation Style -


Myanmar Internet Project. (2023, January 30). DIGITAL COUP QUARTERLY ( November 2022 to January 2023). https://www.myanmarinternet.info/my/post/quartely-report-008

14 views

Comentarios


bottom of page