၂၀၂၁ ခုနှစ် မေလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ် ဖိနှိပ်မှုဆိုင်ရာဖြစ်စဉ်များ
မေလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်
(က) ဆက်လက်ပိတ်ထားဆဲဖြစ်သည့် အင်တာနက်လိုင်းများနှင့်
သတင်းငတ်မွတ်နေသော ပြည်သူများ၏ အင်တာနက်သုံးစွဲခွင့်ရရန်ကြိုးပမ်းခြင်း
(ခ) အကန့်အသတ်ဖြင့်သာ ပြန်လည့်သုံးစွဲခွင့်ပြုခဲ့သည့် အင်တာနက်ရပ်ဝန်း
ဧပြီလ(၁)ရက်နေ့မှစတင်ပြီး ဖိုင်ဘာအင်တာနက်လိုင်းမှလွဲ၍ အင်တာနက်ချိတ်ဆက်မှုအားလုံးကို ဖြတ်တောက်ထားခြင်း သည် မေလကုန်အထိ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။
(က) ဆက်လက်ပိတ်ထားဆဲဖြစ်သည့် အင်တာနက်လိုင်းများနှင့်
သတင်းငတ်မွတ်နေသော ပြည်သူများ၏ အင်တာနက်သုံးစွဲခွင့်ရရန်ကြိုးပမ်းခြင်း
အင်တာနက်ဖြတ်တောက်ထားသည့်ကာလအတွင်း အများပြည်သူသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တိကျခိုင်မာမှုရှိသောသတင်းရင်းမြစ်များထံမှ သတင်းရရှိနိုင်မှုအားနည်းသွားခဲ့ရသည်။
အင်တာနက်ပိတ်ထားစဉ်ကာလအတွင်း ပြည်သူအချင်းချင်းကူညီပြီး
အင်တာနက်သုံးစွဲနိုင်ရန်ကြိုးပမ်းမှုအား Social Media မှ မြင်တွေ့ရသည့် မြင်ကွင်း
ယင်းကာလအတွင်း သတင်းငတ်မွတ်နေသော ပြည်သူများသည် အင်တာနက်အသုံးပြုခွင့်ရရှိရန် တတ်နိုင်သမျှ နည်းလမ်းများရှာဖွေအသုံးပြုခဲ့ကြသည်။ နည်းပညာကျွမ်းကျင်သူများကလည်း VPN မျိုးစုံရှာဖွေ၍ အင်တာနက်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း ထိုသို့ VPN များဖြင့် အသုံးပြုနိုင်မှုသည် နာရီပိုင်းသာကြာမြင့်ခဲ့ပြီး VPN များကိုပါ ပိတ်ဆို့ခြင်းခံခဲ့ရသည်။
(ခ) အကန့်အသတ်ဖြင့်သာ ပြန်လည့်သုံးစွဲခွင့်ပြုခဲ့သည့် အင်တာနက်ရပ်ဝန်း
နစ်ကီအေးရှား(Nikkei Asia)သတင်းဌာနန၏ဖော်ပြချက်အရ မေလ(၂၅)ရက်နေ့၌ အများပြည်သူအသုံးပြုရန် အွန်လိုင်းဝန် ဆောင်မှုနှင့် ဝက်ဘ်ဆိုက်စုစုပေါင်း(၁၂၀၀)ကျော်ကို ပြန်လည်အသုံးပြုခွင့်ပေးခဲ့သော်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဆန္ဒပြမှုများကို တားဆီးနိုင်ရန်အတွက် ဖေ့ဘွတ်ခ်(Facebook)နှင့် တွစ်တာ(Twitter)တို့ကဲ့သို့ လူမှုကွန်ရက်မီဒီယာ(Social Media)များကိုမူ ချန်လှပ်ထားခဲ့သည်ဟု သိရသည်။
Nikki Asis တွင်ဖော်ပြထားသည် အများသုံးစွဲသည့် ဝန်ဆောင်မှုများမပါပဲ
စစ်ကောင်စီ အလိုကျဝက်ဘ်ဆိုဒ် ၁၂၀၀ ကျော်သာဖွင့်ပေးသည့် သတင်း
၂၀၂၁ ခုနှစ် ဇွန်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ
ဇွန်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်
(က) အန်ယူဂျီ(NUG)သတင်းစာရှင်းလင်းပွဲနှင့် ပြတ်တောက်သွားသောအင်တာနက်
(က) အန်ယူဂျီ(NUG)သတင်းစာရှင်းလင်းပွဲနှင့် ပြတ်တောက်သွားသောအင်တာနက်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ဇွန်လ(၄)ရက်နေ့၌ ပထမဆုံးသတင်းစာရှင်းလင်းပွဲကို ပြုလုပ်မည်ဟု ကြေညာခဲ့သည်။
အန်ယူဂျီ(NUG)ပထမဆုံးသတင်းစာရှင်းလင်းပွဲ အချိန်နှင့် အချိန်ကိုက်အင်တာနက်ဖြတ်တောက်မှုသတင်း
စစ်ကောင်စီသည် “5BB”, “Fortune” စသည့်အင်တာနက်လိုင်းများအပါအဝင် မိုဘိုင်းအင်တာနက်လိုင်းများကိုပါ အန်ယူဂျီ (NUG)သတင်းစာရှင်းလင်းပွဲလုပ်ဆောင်မည့်အချိန်နှင့် အချိန်ကိုက်၍ ဖြတ်တောက်ခဲ့သည်။ ထိုကဲ့သို့ စစ်ကောင်စီ၏ လုပ် ဆောင်မှုအား အင်တာနက်အသုံးပြုသူအများစုက လှောင်ပြောင်သည့်အကြောင်းများကို လူမှုကွန်ရက်မီဒီယာများပေါ်တွင် လွှင့်တင်ခဲ့ကြသည်ကို တွေ့ရှိရသည်။ စစ်ကောင်စီသည် သတင်းစီးဆင်းမှုကို ဟန့်တားနိုင်ရန်အတွက် အာဏာသိမ်းကာလတစ်လျှောက် အင်တာနက်ဖြစ်တောက်မှုများအား ဆက်တိုက်ဆိုသလိုပင်ပြုလုပ်၍ လက်နက်သဖွယ် အသုံးချနေသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ် ဖိနှိပ်မှုဖြစ်စဉ်များ
ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်
(က) မိုဘိုင်းသုံးစွဲမှုများကို စောင့်ကြည့်ရန် ပြင်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီ
(ခ) မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသော တယ်လီကွန်းအမှုဆောင်များအား ပြည်ပထွက်ခွာခွင့် ကန့်သတ်
(ဂ) တယ်လီနောမြန်မာ ထွက်ခွာရန် ဆုံးဖြတ်
စစ်ကောင်စီသည်ပဋိပက္ခအခြေအနေအမျိုးမျိုးအပေါ်မူတည်ပြီးသတင်းစီးဆင်းမှုနှင့် သတင်းရရှိမှုတို့ကိုဟန့်တားရန်ကြိုးပမ်း နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း မိုဘိုင်းဖုန်းနှင့် အင်တာနက်အသုံးပြုမှုများကို စောင့်ကြည့်နိုင်ရန် ကြိုးပမ်နေသည်ကို တွေ့ရသည်။
(က) မိုဘိုင်းသုံးစွဲမှုများကို စောင့်ကြည့်ရန် ပြင်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီ
Frontier Myanmar သတင်းဌာန၏ ၂၀၂၁ ခုနှစ် ဇူလိုင်လ(၅)ရက်နေ့ အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြချက်အရ စစ်ကောင်စီသည် မိုင်တဲလ်(Mytel)နှင့် အမ်ပီတီ(MPT)မိုဘိုင်းအော်ပရေတာ(Operator)များမှတစ်ဆင့် စောင့်ကြည့်မှုများ တိုးမြှင်လုပ်ဆောင်နေသည်ဟု သိရသည်။ ယင်းဇူလိုင်လ(၅)ရက်နေ့တွင်ပင် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော တယ်လီကွန်းများတွင် အကြီးတန်းအမှုဆောင်အဖြစ်တာဝန်ယူထားသော နိုင်ငံခြားသားအရာရှိများကို ခွင့်ပြုချက်မရှိပဲနိုင်ငံထဲမှ ထွက်ခွာမသွားရန် ဇွန်လလယ်က ညွှန်ကြားထားကြောင်းကို Mizzima သတင်းဌာနတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ထို့အပြင် ကြားဖြတ်ထောက်လှမ်းမှုဆိုင်ရာနည်းပညာ(Intercept Technology)များကို ဇူလိုင်လ(၅)ရက်နေမတိုင်မီ တပ်ဆင်ရမည်ဟု တယ်လီကွန်းများသို့ ညွှန်းကြားခဲ့ကြောင်းကို ယင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
မိုဘိုင်းဖုန်းအသုံးပြုမှုများအား စောင့်ကြည့်ရန်အတွက် တယ်လီကွန်အော်ပရေတာများမှတစ်ဆင့် လုပ်ဆောင်နေသည့် သတင်းဖော်ပြချက်
(ခ) မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသော တယ်လီကွန်းအမှုဆောင်များအား ပြည်ပထွက်ခွာခွင့် ကန့်သတ်
ထို့အပြင် တယ်လီကွန်းအမှုဆောင်အရာရှိများအာ ပြည်ပသို့ထွက်ခွာခွင့်တားမြစ်ချက်တစ်ခုအား အာဏာသိမ်းစစ်အုပ်စုမှ ထုတ်ပြန်တားမြစ်ခဲ့သည်။ ယင်းတားမြစ်ချက်သည့် အာဏာသိမ်းစစ်အုပ်စု၏အလိုကျ စောင့်ကြည့်ရေးဆိုင်ရာစက်များတပ်ဆင်ရန်ငြင်းဆိုသည့် တယ်လီကွန်များသို့ ဖိအားပေးလုပ်ဆောင်ရန်အတွက် ပစ်မှတ်ထားလိုဟန်ရှိခဲ့သည်။
တယ်လီကွန်ကဏ္ဍတွင်လုပ်ကိုင်နေကြသော အကြီးတန်း နိုင်ငံခြားသား အမှုဆောင်များအား ပြည်ပထွက်ခွာခွင့် ကန့်သတ်မှုသတင်း
(ဂ) တယ်လီနောမြန်မာ ထွက်ခွာရန် ဆုံးဖြတ်ပြီ
ထို့သို့တယ်လီကွန်း(Telecom)များအနေဖြင့် အကျပ်အတည်းများနှင့်ရင်ဆိုင်နေရပြီးနောက် မြန်မာနိုင်ငံတွင် လက်ရှိလုပ် ကိုင်နေသော မိုဘိုင်းအော်ပရေတာ(Mobile Operator)များထဲမှတစ်ခုဖြစ်သည့် တယ်လီနော်(Telenor)အနေဖြင့် လက် ဘနွန်ရင်နှီးမြှပ်နှံမှုကုမ္ပဏီ “M1 Group” ထံသို့ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခဲ့ကြောင်းကို ဇူလိုင်လ(၈)ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်မှုတွင် “မြန်မာနိုင်ငံမှာ မကြာသေးတဲ့ ကာလအတွင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ အခြေအနေတွေ ထပ်မံယိုယွင်းဆိုးရွားလာခြင်းများကြောင့် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ဖြစ်လာစေခဲ့သောအခြေခံ ဖြစ်ခဲ့ပါ သည်”ဟု တယ်လီနော်(Telenor)၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။
တယ်လီနောမြန်မာအနေဖြင့် M1 Group သို့ လက်လွှဲရောင်းချမှုသတင်းနှင့် တယ်လီနော၏ ထုတ်ပြန်ချက်
လက်ဘလနွန်ဝန်ကြီးချုပ်ဟောင်း “Najib Miakti” ပိုင်ဆိုင်သည့် “M1 Group”သည် မြန်မာစစ်တပ်ပိုင်မိုင်တဲလ် (Mytel Telecom)အတွက် တာဝါတိုင်များဆောက်လုပ်ပေးခဲ့၍ အမည်ပျက်စာရင်းအသွင်းခံထားရသည့် “Irrawaddy Green Towers”၏ မူလပိုင်ရှင်ဖြစ်သည်ဟု Myanmar Now သတင်းဌာနတွင် ဖော်ပြခဲ့သည်ကို တွေ့ရသည်။
Recommended Citation Style -
Myanmar Internet Project. (2022, March 30). DIGITAL COUP QUARTERLY (May 2021 to July 2021). https://www.myanmarinternet.info/my/post/quartely-report-0002
Comentários