top of page
Search

အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ဆက်သွယ်ရေးအခြေအနေနှင့်ပတ်သက်သည့်မြန်မာအင်တာနက်ပရောဂျက်(MIP)၏ ထုတ်ပြန်ချက်

  • Myanmar Internet Project
  • 6 days ago
  • 1 min read

Updated: 5 days ago





မတ်လ(၂၈)ရက်နေ့က နိုင်ငံအလယ်ပိုင်းကိုဗဟိုပြုကာလှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုအပြီးတွင် ငလျင်ဒဏ်ကို တိုက်ရိုက်ခံစားခဲ့ရသည့် စစ်ကိုင်း၊ မန္တလေး၊ ပျဉ်းမနား၊ နေပြည်တော် စသည့် မြိုနယ်များအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်အများစုတွင် လျှပ်စစ်မီးပြတ်တောက်မှုနှင့်ဖုန်းခေါ်ဆိုမှုအခက်အခဲများကို ယခုတိုင်ရင်ဆိုင်နေရသည်။ 

မတ်လ(၂၉)ရက်နေ့၌ ငလျင်ဒဏ်ခံစားခဲ့ရသည့် မြန်မာနှင့်ထိုင်းနိုင်ငံတို့အတွက် ဆက်သွယ်ရေးလိုအပ်ချက်နှင့်ကယ် ဆယ်ရေးလုပ်ငန်းများအထောက်အကူဖြစ်စေရန် "Starlink kits"များပြင်ဆင်ထားကြောင်း "စတားလင့်ခ့်(Starlink)"က ယင်း၏ x(twitter)ပို့စ်တွင်ရေးသားခဲ့သော်လည်း စစ်ကောင်စီဘက်မှမည်သည့်တုံ့ပြန်မှုမှလုပ်ဆောင်ခြင်းမပြုသည်ကိုတွေ့ရသည်။ 

တည်းခိုရန်နေရာနှင့်လျှပ်စစ်မီးအဆင်မပြေမှုများကိုအကြောင်းပြ၍ နိုင်ငံတကာသတင်းထောက်များ၏ပြည်ဝင်ခွင့်အား ငြင်းဆိုခဲ့သည်ကိုလည်း ပြည်တွင်းသတင်းဌာနများ၏ မတ်လ(၃၀)ရက်နေ့သတင်းဖော်ပြချက်အရ သိရသည်။ 

စစ်ကောင်စီသည် ပြင်းထန်သည့်ငလျင်လှုပ်ခတ်အပြီး (၄)ရက်မြောက်ချိန်အထိ ငလျင်ဒဏ်ပြင်းထန်စွာခံစားရသည့်ဒေသများအပါအဝင် ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့်ဒေသများ၏ သတင်းဆက်သွယ်ရေးအခြေအနေအား ဆက် လက်လျစ်လျူရှုထားသည်။


မြန်မာအင်တာနက်ပရောဂျက်(MIP) 

Comments


bottom of page