top of page
Myanmar Internet Project

မြေကျန်ရင် ရပြီ

Updated: Oct 6






ဆိုရှယ်မီဒီယာများအသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှုများအား မီးစာတင်ခြင်း

စစ်ဝါဒဖြန့်အကောင့်များ၏ လှုံ့ဆော်မှုအခြေပြု လူမှုကွန်ရက်များအား လေ့လာချက်


(က) နောက်ခံအကြောင်းအရာ


၂၀၂၄ ခုနှစ် ဇွန်လ(၂၅)ရက်နေ့၌ တကျော့ပြန်စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတိုက်ပွဲများသည် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုး အစရှိသော ဒေသများတွင် ဖြစ်ပေါ်ခဲ့သည်။ ၁၀၂၇ တကျော့ပြန်စစ်ဆင် ရေး(၁)လပြည့်လာချိန်၌ လားရှိုးမြို့တွင် တိုက်ပွဲများပြင်းထန်လာပြီး အရပ်သားပြည်သူများလည်း သေဆုံးခဲ့သည်။ သျှမ်းသံ တော်ဆင့်သတင်းဌာန၏ ဇူလိုင်လ(၂၈)ရက်ဖော်ပြချက်အရ “လက်ရှိတွင် လားရှိုးမြို့ကို အလုံးစုံထိန်းချုပ်ထားပြီဟု ကိုးကန့်တပ်ဖွဲ့က ကြေညာထားသော်လည်း လားရှိုး ရမခ စစ်တိုင်းဌာနချုပ်၊ AT ဝန်တင်တပ်ရပ်း၊ အမှတ်(၆၀၀၇)တင့်ကားတပ်၊ အ မှတ်(၇)အဆင့်မြင့်ဆက်သွယ်ရေးတပ်၊ လျှပ်စစ်နှင့်အင်ဂျင်နီယာတပ်၊ အမှတ်(၃၄၆)အမြောက်တပ်၊ အမှတ်(၆၂၆)ထောက်ပို့တပ်၊ လားရှိုးလေတပ်ဆွယ်တို့ ကျန်ရှိနေသေးသဖြင့် တိုက်ပွဲများဆက်လက် ပြင်းထန်နိုင်ကြောင်း”သိရသည်။ ထို့အပြင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ကလည်း လားရှိုးမြို့သို့ ဝင်ရောက်လာပြီး ပြင်ပဆက်ဆံရေးရုံးနှင့်ပိုင်ဆိုင်မှုများကာကွယ်ရန်အတွက်ဖြစ်သည်ဟု ဘီဘီစီ(မြန်မာပိုင်း)က သတင်းဖော်ပြသည်။

၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးနှင့်အတူ မန္တလေးတိုင်းဒေသကြီး မိုးကုတ်၊ မတ္တရာနှင့် စဉ့်ကူး တို့တွင်လည်း မန္တလေးပီဒီအက်ဖ်နှင့်ပူးပေါင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေကြပြီး မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း(၂၈)ခုနှင့် စဉ့်ကူးမြို့တို့ကို မန္တလေးပီဒီအက်ဖ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇူလိုင်လ(၂၄)ရက် ဘီဘီစီ(မြန်မာပိုင်း)သတင်းက ဖော်ပြခဲ့သည်။ ထို့အတူ တအောင်းတပ် တီအဲန်အယ်အေပူးပေါင်းအဖွဲ့ကလည်း ဇူလိုင်လ(၂၄)ရက် ညနေပိုင်း၌ မိုးကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။

'ရှမ်း-မန်းစစ်ဆင်ရေး’ဟု လူသိများကြသော ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’သည် မိုးကုတ်မှ မတ္တရာအကြား မိုင် ၁၀၀ ပတ်ချာလည်တွင် ဖြစ်နေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေကြောင်းနှင့် မန္တလေးမြို့အ ထိစစ်မီးကူးလာနိုင်ကြောင်း ဘီဘီစီ(မြန်မာပိုင်း)သတင်းက ဆက်လက်ဖော်ပြထားသည်။

ထိုအကြောင်းများကြောင့် စစ်တပ်ထောက်ခံသူ စစ်တပ်လော်ဘီများနှင့်အမျိုးသားရေးတက်ကြွလှုပ်ရှားသူများသည် စစ်တပ်၏လုပ်ဆောင်ချက်များဖြစ်သော တိုက်ခိုက်ရေးစွမ်းရည်နှင့်ဦးဆောင်မှုစွမ်းရည်များကို မေးခွန်းထုတ်လာကြပြီး အငြင်း ပွားမှုများ၊ အားမလိုအားမရဖြစ်မှုများနှင့်အပြင်းအထန်တိုက်ခိုက်စေလိုမှုများ ရှိလာကြသည်ကို တွေ့ရသည်။ ထိုသို့ဆန္ဒပြင်း ထန်လာကြသည်နှင့်အတူ လက်နက်ကြီးလက်နက်ငယ်များနှင့်လေကြောင်းတိုက်ခိုက်မှုများဖြင့် ပိုမိုပြင်းထန်စွာ တိုက်ခိုက်ရန် လှုံ့ဆော်မှုများအား လူမူကွန်ရက်မီဒီယာများအား အသုံးပြုရေးသားခြင်းနှင့် ရုပ်သံဗီဒီယိုများရိုက်ကူးဖြန့်ဝေခြင်းများကို လုပ် ဆောင်နေကြသည်။

ယခုလေ့လာချက်သည် အဆိုပါလှုံ့ဆော်မှုများကို မည်ကဲ့သို့သောဆိုရှယ်မီဒီယာပလက်ဖေါင်းများကိုအသုံးပြု၍ အဓိ ကဆောင်ရွက်နေသည်နှင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ လူမှုကွန်ရက်စံနှုန်းများကို အကောင်အထည်ဖော်မှုများအား ကျော်လွှားသည့် မဟာဗျူဟာများအား အထူးပြုလေ့လာထားခြင်း ဖြစ်ပါသည်။


(ခ) ပဋိပက္ခကို တိုက်ရိုက်လှုံ့ဆော်ခြင်း


သတင်းမီဒီယာအမည်ခံ စစ်လော်ဘီများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၏

လူမှုကွန်ရက်ကိုအသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်ရန်လှုံ့ဆော်မှုများ


မြောက်ပိုင်းသုံးဖွဲ့နှင့် မဟာမိတ်များ၏တကျော့ပြန်ထိုးစစ် ပြင်းထန်လာချိန်တွင် စစ်တပ်ကိုထောက်ခံသော ဝါဒဖြန့်ချိရေးလုပ် ငန်းများတွင် ရှေ့တန်းကပါဝင်နေသော သတင်းမီဒီယာအမည်ခံ အမျိုးသားရေးသမားများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက စစ်တပ်၏တုန့်ပြန်မှုသည် ပျော့ပြောင်းသည်ဟုဆိုကာ ပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်ရန်နှင့် အဖျက်စွမ်းအားပြင်းလက်နက်များအသုံးပြုရန် လှုံ့ဆော်ခဲ့ကြသည်။ 

သတင်းမီဒီယာအမည်ခံ စစ်လော်ဘီများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအနက် လူမှုကွန်ရက်မီဒီယာပေါ်၌ လက်ရှိအခင်းအကျင်းအပေါ်လှုံ့ဆော်မှု အများဆုံးပြုလုပ်သူများမှာ သတင်းမီဒီယာအမည်ခံချန်နယ်များ ဖွင့်လှစ်ဆောင်ရွက်နေသည့်  ကိုသက်၊ မှိုင်းဝေ၊ ကျော်စွာ၊ သဇင်ဦး၊ မပုတု(မဟာသွေး)၊ ကျော်စိုးဦး၊ ကျော်မျိုးမင်း၊ နောင်တော်လေး၊ ပေါက်ကိုယ် တော် (ခ) အမျိုးသားရေးဆရာတော်နှင့်ဇော်ဘုန်းဟိန်းတို့ ဖြစ်သည်။

အဆိုပါ အမျိုးသားရေးသမားဆိုသူများသည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူပေးရန်နေရာများကို တောင်းဆိုခြင်း၊ စစ်တပ်နှင့်တိုက်ခိုက်နေသည့်အဖွဲ့အစည်းများ၏ နောက်တန်းစခန်းများရှိရာ မြို့ရွာများကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက် ခိုက်ခိုင်းခြင်း၊ တိုက်ပွဲဝင်နေသည့် စစ်သားများ စိတ်ဓာတ်တက်ကြွစေရေးဆောင်ရွက်ခြင်းနှင့် စစ်တပ်၏ဆန့်ကျင်ဘက်အဖွဲ့အစည်းများကို ထောက်ခံသူများအား ခြိမ်းခြောက်ဖမ်းစီးခိုင်းခြင်း စသည်တို့ကို ဆောင်ရွက်ကြပြီး လူမှုကွန်ရက်ကိုအသုံးပြု၍ ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏သတင်းအချက်အလက်များအား ထောက်လှမ်းသတင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ကြသည်။

စစ်တပ်၏လေကြောင်းကတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို အားရကျေနပ်စွာဖြင့် အောင်ပွဲခံနေမှုများသည်လည်း လူမှုကွန်ရက်မီဒီယာများပေါ်တွင် အများအပြားပျံနှံ့လျက်ရှိသည်။ အများစုသည် တယ်လီဂရမ်နှင့်တစ်တော့ခ့်တို့၌ ပျံနှံ့လျက်ရှိနေ သည်။ ထို့ကြောင့် ယင်းတို့အား လေ့လာသုံးသပ်ကြည့်ရာတွင် တစ်တော့ခ်လူမှုကွန်ရက်ကို အများဆုံးအသုံးပြု၍ ဖြန့်ဝေခဲ့ကြသည်ကို တွေ့ရသည်။ ယင်းအများဆုံးဖြန့်ဝေသူများသည် အမျိုးသားရေးဝါဒီများဖြစ်နေသည်။ တယ်လီဂရမ်အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ရန် လှုံဆောင်သူများသည် စစ်တပ်ဝါဒဖြန့်ချိရေးဦးဆောင်နေသူများဖြစ်သည်။


အမျိုးသားရေးသမားများ၏ ပဋိပက္ခလှုံ့ဆော်မှုများ

ရက်စွဲ 

လှုံ့ဆော်သူ 

လှုံ့ဆော်မှု အထောက်အထား  

လှုံ့ဆော်သော ဇာတ်ကြောင်း 

ပဋိပက္ခဖြစ်ပွားရာဒေသ

အခြေပြုလူမှုကွန်ရက်

၂၉/၆/၂၄

ကျော်စိုးဦး

‘အသံကျယ်ကျယ် ဟစ်နိုင်ရန် တပ်မတော်အနေဖြင့် လုပ်ပြသင့်၊ ရဟတ်ယာဉ်တစ်စီး ဖြင့် တိုက်ခိုက်နေသည်ထက် များများသေစေရန် သုံးစီးလောက်ဖြင့် ပစ်သင့်ကြောင်း’ 

လားရှိုး

Telegram

၃၀/၆/၂၄

ပေါက်ကိုယ်တော်

 "အာဘာ" စက်ရုံရဲ့ ဘယ်တောင်နီမှာ ပလောင်အင်အားဟာ အနည်းဆုံး ငါးရာနဲ့ ခြောက်ရာကြားမှာရှိတယ်။ ခင်ဗျားတို့ရဲ့ ပေါင်ငါးရာ ပေါင်တစ်ထောင်တွေက ဘာလုပ်ထားတာလဲ"

မတ္တရာ 

TikTok

၁/၇/၂၄

ပေါက်ကိုယ်တော်

"ဘုန်းကြီးကျောင်းကို နောက်မှ ပြန်ဆောက်ပေးလိုက်။ ကျောက်မဲလိုမျိုး လေယာဉ်နှစ်စီးသုံးစီး လာကြဲဖို့ လိုအပ်တယ်"

နောင်ချို

TikTok 

၃/၇/၂၄

မပုတု 

"တပ်မတော်က မြောက်သုံးကောင်ကို အပြတ်ဆော်ပေးဖို့ ပြည်သူတယောက်အနေနဲ့တောင်းဆိုပါတယ်။ တိုက်တွန်းပါတယ်။ "

လားရှိုး

TikTok 

၄/၇/၂၄

ပေါက်ကိုယ်တော်

"ထိရောက်စွာစစ်ကူပေးဖို့လိုအပ်ပါတယ်။ လေယာဉ်ဟာလည်း ထိရောက်စွာချေမှုန်းနိုင်ဖိုလိုအပ်ပါတယ်"

မတ္တရာ

TikTok

၄/၇/၂၄

ကျော်စိုးဦး

"မြေကျန်ရင် ရပြီ၊ အဆောက်အဦးက ပြန်ဆောက်လို့ရတယ်"

စဉ်ကူး 

Telegram 

၁၀/၇/၂၄

ဇော်ဘုန်းဟိန်

“ကျွန်တော်ပြောချင်တာ နောင်ချို တမြို့လုံးကိုဗုံးကြဲလိုက်မြေကျန်ရင်ရပြီ။”

နောင်ချို

TikTok 

၁၅/၇/၂၄

မပုတု(မဟာသွေး)

"တိုင်းရင်းသားအမည်ခံထားတဲ့ ပြည်ပဩဇာခံတွေကို အပစ်မရပ်ချင်ပါဘူး အမြစ်ပဲဖြတ်ချင်ပါတယ်။ ဒါ့ကြောင့်တပ်မတော်က အပစ်မရပ်ဘဲ အမြစ်ဖြတ်ပေးပါ"

လားရှိုး

TikTok

၁၅/၇/၂၄

ဇော်ဘုန်းဟိန်

“သွားကြဲလိုက်ဘာမှမခက်ခဲဘူး။ နိုင်ငံမှာရှိတဲ့ လက်နက်အင်အား လူအင်အားနဲ့ အကုန်သုံးပြီး အမှုန့်ကြိတ်ပစ်လိုက်။ ဗမာဆိုတာဘာလဲဆိုတာသိသွားအောင်“

လားရှိုး

TikTok

၁၉/၇/၂၄

ဇော်ဘုန်းဟိန်

“စစ်ကိုစစ်နဲ့တူအောင်တိုက်ပါ။ မြေပြင်ကသတင်းကိုပေးဖို့ ကျွန်တော်တို့တာဝန်ထား”

လားရှိုး

TikTok

၂၃/၇/၂၄

ဇော်ဘုန်းဟိန်

“ရမခအတွက် ဟိုက်ဒရိုဂျင်ဗုံးသုံးလုံးပဲလိုတယ်။ အဲ့ဒီဟိုက်ဒရိုဂျင် တစ်လုံးကို အမေရိကန်ဒေါ်လာ သုံးသန်း တန်တယ်။ သုံးလုံးကြဲရင် ဒီစစ်ပွဲပြတ်တယ်။”

လားရှိုး

TikTok

၂၄/၇/၂၄

ဇော်ဘုန်းဟိန်

“ မီးလောင်ဗုံးတွေ cluster bomb တွေ အကြမ်းဖက်သမားတွေရှိတဲ့ မြို့တွေကို ကြဲကို ကြဲရမှာ” 

လားရှိုး

TikTok


စစ်တပ်ဝါဒဖြန့်အကောင့်များ၏ ပဋိပက္ခလှုံ့ဆော်မှုများ

ရက်စွဲ 

လှုံ့ဆော်သူ 

လှုံ့ဆော်မှု အထောက်အထား  

လှုံ့ဆော်သော ဇာတ်ကြောင်း 

ပဋိပက္ခဖြစ်ပွားရာဒေသ

အခြေပြုလူမှုကွန်ရက်

၂၉/၆/၂၄

ကျော်စွာ

" အခု အချိန် လောက်ကိုင် သိန္နီ ရှမ်းမြောက်မြို့တွေကို လွတ်လပ်စွာ ဗုံးကြဲ

တိုက်ခိုက်ခွင့် ရှိနေပါပြီ"

လောက်ကိုင်

Telegram

၂၉/၆/၂၄

ကျော်စွာ

"သီပေါ ကို mndaa ဝင်တာမှန်ရင် လောက်ကိုင်ကို ဗုံးပြန်ကြဲဖို့ လိုပါတယ်" 

လောက်ကိုင်

Telegram

၂၉/၆/၂၄

ကျော်စွာ

"မိုးကုတ်က နီပိတ်အားပေးမြို့နော် မြေကြီးကျန်ရင်ရပြီ ၊ လူမကျန်နဲ့ အဆောက်အဦးမကျန်နဲ့ ရတယ်"

မိုးကုတ်

Telegram

၂၉/၆/၂၄

ကိုသက်

"ဝ"က ဘာစောက်ချိုးလဲ? အကုန်ဗုံးကြဲပစ် .. မြေကျန်ရင် ရပြီ

ပန်ဆန်း

Telegram

၃၀/၆/၂၄

ကျော်စွာ

ကွမ်လုံဆေးရုံထဲမှာ mndaa အများအပြားဆေးကုနေပါသည် အရပ်သား မရှိပါ။ ဗုံးကြဲ ရင် အကောင်းဆုံး အချိန်ကာလပါ။

လားရှိုး

Telegram

၃/၇/၂၄

ကိုသက်

"သံလွင်မှာလည်း ရွာသားတွေမရှိတော့ဘူး .. အသားဝါတွေ ချည်းပဲ ..နယ်ချဲ့ကျူးကျော်တွေကို ချေမှုန်းပစ်"

လားရှိုး

Telegram

၃/၇/၂၄

ကျော်စွာ

"လောက်ကိုင်က စပြီး သောင်းကျန်း သူသိမ်းထားတဲ့ မြို့တွေကို အုပ်စုဖွဲ့ ဗုံးကြဲ ဖို့လိုပါတယ်"

လောက်ကိုင်

Telegram

၃/၇/၂၄

သဇင်ဦး

ရမခ မှာ ရန်သူ့တိုက်စစ်အင်အား အရှိန်လျော့စေချင်ရင် ဟိုတလောကမှ အသစ်တင်ထားတဲ့ မပည ၆ နေရာက ၃ နေရာလောက်ကို ပေါင် ၁၀၀၀ နဲ့ ဆော်လိုက်

လားရှိုး

Telegram

၃/၇/၂၄

သဇင်ဦး

အက်လယ်....Thazin Oo Telegram က သတင်းတွေကို တာဝန်ရှိသူ လူကြီးတွေ စောင့်ကြည့်နေတယ်ဆိုတာ ယုံသွားပြီ

လားရှိုး

Telegram

၄/၇/၂၄

မှိုင်းဝေ

သံလွင်ရွာမှပြည်သူ မရှိ

အကြမ်းဖက်အဖွဲ့တွေနဲ့ ခေါင်းဆောင်ပိုင်းတွေသာရှိ။ သံလွင်ရွာကို ဗုံးကြဲပေးပါ။

လားရှိုး

Telegram

၄/၇/၂၄

မှိုင်းဝေ

“ ရေနံ့သာစခန်း လေကြောင်းပစ်ကူလို။ ဘေးပတ်လည်အကုန်ဗုံးကြဲနိုင် “

မတ္တရာ

Telegram

၄/၇/၂၄

မှိုင်းဝေ

"လောက်ကိုင်က စပြီး သောင်းကျန်း သူသိမ်းထားတဲ့ မြို့တွေကို အုပ်စုဖွဲ့ ဗုံးကြဲ ဖို့လိုပါတယ်"

လောက်ကိုင်

Telegram

၄/၇/၂၄

မှိုင်းဝေ

နမ့်ပေါင်ကို ယခု ဗုံးကြဲပြီး ပစ်ကူပေးသွား။ သံလွင်ရွာကို ကြဲလား မကြဲလား မသိရသေး။

လားရှိုး

Telegram

၄/၇/၂၄

မှိုင်းဝေ

နမ့်ပေါင်မှာတော့ လေယာဉ်နဲ့ တီးပေးလိုက်ပြီ။ များများတီးပေးပါ။

လားရှိုး

Telegram


(ဂ) အကြမ်းဖက်မှုများအား တရားထူထောင်ခြင်း


Vote for Bomb

တရုတ်နယ်စပ် လားရှိုး၊ လောက်ကိုင်အပါအဝင် ပထဝီနိုင်ငံရေးအရ အကဲဆတ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တော်လှန် ရေးလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့်နေရာများအား လေကြောင်းတိုက်ခိုက်ခြင်းအတွက် လုံလောက်သည့်အ ကြောင်းအကျိုးတည်ဆောက်မှုအား စစ်တပ်ဝါဒဖြန့်ချိရေး၏နောက်ကွယ်တွင်ရှိနေသည်ဟု ယူဆရသည့် နရီမိုးနှင့်ကိုသက် အပါအဝင်ချန်နယ်များက ၎င်းတို့၏ထောက်ခံသူများအား ဆန္ဒသဘောထားခံယူခြင်းများအား Telegram poll ကို အသုံးပြု ၍ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ဆန္ဒခံယူမှုများတွင် တော်လှန်ရေးတပ်ဖွဲ့များ၏နောက်တန်းစခန်းများရှိသည်ဟု ယူဆရသည့် မြို့များကို လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန်နှင့် စစ်တပ်အား မထောက်ခံသည့် ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ရန်တို့အတွက် ဆန္ဒသဘောထားခံယူခြင်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။


"ဗုံးကြဲတိုက်ခိုက်ရန် ဆန္ဒသဘောထားခံယူခြင်း" 


နရီမိုး


မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့်ပတ်သက်၍ 

၁။ ၎င်းတို့၏ ဌာနချုပ်နေရာများကို ဗုံးကြဲတိုက်ခိုက်ပါ

၂။ စစ်ပွဲ ရပ်တန့်ရန်အလို့ငှာ နေပြည်တော်သို့ ဖိတ်ခေါ်၍

ငြိမ်းချမ်းရေးဆွေးနွေးပါ

၃။ စစ်ပွဲရပ်တန့်ရန် တရုတ်အစိုးရအား ကြားဝင်စေ့စပ်ခိုင်းပါ




"ဆန့်ကျင်ဘက်အားပေးသူများအား သတ်ဖြတ်ရန်အတွက် ဆန္ဒသဘောထားခံယူခြင်း"


View of Sue 


အားလုံးငြိမ်သွားရင် သူပုန်တွေကို မြို့သိမ်းဖို့ခေါ်တဲ့ သစ္စာဖေါက် လောက်ကောင် ဗမာတွေကို ရှင်းလင်းရေး (လုပ်မယ်ဆို အခုကတည်းက မန့်တွေ၊ ဒေတာတွေ သေချာသိမ်းထားပါ Screenshot ထက် screen recording က ပိုခိုင်မာသည် ) 

 

၁။ လုပ်သင့် 

၂။ မလုပ်သင့် 




" ဗုံးကြဲတိုက်ခိုက်ရန် ဆန္ဒသဘောထားခံယူခြင်း"


နရီမိုး


တရုတ်ရဲ့ တောင်းဆိုချက်ကြောင့် ၅ရက်တာကာလ စစ်ပွဲရပ်မဲ့ MNDAA ရဲ့ အပြုအမူအပေါ်


၁။ လောက်ကိုင်ကို ဆက်ပြီး ဗုံးကြဲပါ

၂။ MNDAA က တိုက်ပွဲရပ်သလို ကိုယ်လည်း တိုက်ပွဲရပ်ပါ

၃။ တရုတ်ကြားဝင်စေ့စပ်မှုကို စောင့်ပါ






" ဗုံးကြဲတိုက်ခိုက်ရန် ဆန္ဒသဘောထားခံယူခြင်း"


နရီမိုး


ဂုဏ်သိက္ခာအရ ၂နည်းပဲ ရှိတယ်


၁။ လားရှိုးပေးမလား

၂။ နမ့်ဆန်နဲ့ လောက်ကိုင်ကို ပြာချ မလား 







(ဃ) အဓိကကျသော ဇာတ်ကောင်များ


အမျိုးသားရေးသမားများ

နောင်တော်လေး၏ ဆိုရှယ်မီဒီယာစာမျက်နှာများ 

Telegram - https://shorturl.at/lrJAb, https://shorturl.at/jqgi8

TikTok - https://shorturl.at/f0ciO 

နောင်တော်လေး 

‘နောင်တော်လေး’သည် ဆိုရှယ်မီဒီယာအကောင့်(၁၃)ခုကို သုံးစွဲနေပြီး ယင်းတွင် Telegram ချန်နယ် (၂)ခုနှင့် TikTok အကောင့်​(၁)ခုတို့ပါဝင်ပြီး ကိုယ်ရေးကိုယ်တာနှင့် ၄င်းထူထောင်ထားသော မီဒီယာအမည်ခံအတွက် သုံးစွဲသည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)နှင့် ယူကျူ့(YouTube)တို့ကို သုံးစွဲခဲ့သော်လည်း အဆိုပါ လူမှုကွန်ရက်များက ၄င်းတို့၏လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် နောင်တော်လေး၏ အကောင့်များအား ပလက်ဖေါင်းမှ မကြာခဏ ဖယ်ရှားခဲ့သဖြင့် လက်ရှိအချိန်တွင် နောင်တော်လေးနှင့် ၄င်း၏မီဒီယာအမည်ခံ Myanmar National Post တို့တွင် သက်ဝင်လှုပ်ရှား(active)ဖြစ်သော ယူကျူ့(YouTube)နှင့် ဖေ့ဘွတ်ခ့်(Facebook)ချန်နယ်များ မရှိပါ။ နောင်တော်လေးသည် သူ၏သက်ဝင်လှုပ်ရှားနေစဲ တယ်လီဂရမ်(Telegram)ချန်နယ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်ခဲ့ပြီး၊ တစ်တော့ခ့်(TikTok)ချန်နယ်ကို ၂၀၂၁ ခုနှစ် မတ်လတွင် ဖွင့်လှစ်ထားသည်။ သူ၏ချန်နယ်တွင် သူသည် အမျိုးသားရေးသတင်းသမားဖြစ်ကြောင်း ဖော်ပြထားပြီး သူ၏ ကိုယ်ရေးကိုယ်တာချန်နယ်နှင့် မီဒီယာချန်နယ်တို့တွင် အချက်အလက်တူ အကြောင်းအရာများကို တပြိုင်တည်း လွှင့်တင်လေ့ရှိသည်။ တယ်လီဂရမ်(Telegram)တွင် သူသည် စစ်တပ်ကိုယ်စားပြုနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားပြုချန်နယ်(၄၂)ဖြင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး သူ၏ဘက်လိုက်သောမီဒီယာ Myanmar National Post အပါအဝင် အခြားအကောင့်(၁၂)ခုကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့် သတင်းပျံ့နှံမှု အားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


မပုတု၏ ဆိုရှယ်မီဒီယာစာမျက်နှာများ 

Telegram -  https://shorturl.at/XO0YN , https://shorturl.at/Btrv3 

TikTok - https://shorturl.at/nnAjl 

Facebook - https://shorturl.at/lYbVo , https://shorturl.at/CtP9P , https://www.facebook.com/100056770241093 

, https://www.facebook.com/100092995598612 

, https://www.facebook.com/100056770241093 

မပုတု (ခ) မဟာသွေး 

မပုတု (ခ) မဟာသွေးသည် ရန်ကုန်မြို့၌ နေထိုင်သော ထင်ရှားသော အမျိုးသားရေး လှုပ်ရှားသူများထဲက တစ်ဦး ဖြစ်သည်။ ၎င်းသည် အရှင်သုစိတ္တနှင့် နောင်တော်လေးတို့နှင့် ဆက်နွယ်မှု ရှိသည်။ ၎င်းသည် TikTok ပေါ်တွင် နာမည်ကြီးလာခဲ့ပြီးနောက် နောင်တော်လေး၏ မီဒီယာအမည်ခံ Myanmar Nationalist Post (MNP) နှင့် ချိတ်ဆက်ကာ MNP ၏ နေ့စဉ် ရုပ်သံအစီအစဉ် တစ်ခုတွင် အချက်အလက်စစ်ဆေးသူအစီအစဉ်ဖြင့် ပါဝင်နေသည်။ မပုတုသည် စစ်တပ်နှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများအား အမြစ်ပျက် ချေမှုန်းရန်အပါအဝင် လှုံ့ဆော်မှုများ အား တစ်တော့ခ့်(TikTok)နှင့် တယ်လီဂရမ်(Telegram)တို့ကို အခြေပြု၍ အဓိကဆောင်ရွက်လျက်ရှိပြီး ဖေ့ဘွတ်ခ့်(Facebook)တွင်လည်း ပြန်လည် မျှဝေလေ့ရှိသည်။


ပေါက်ကိုယ်တော်၏ ဆိုရှယ်မီဒီယာစာမျက်နှာများ 


Telegram - https://t.me/PaukSayartaw 

TikTok -  https://www.tiktok.com/@paukkotaw865 

YouTube - https://www.youtube.com/channel/UCPabpIKBgjAj55E-4shmnDw 

ပေါက်ကိုယ်တော်

ပေါက်ကိုယ်တော်သည် ထင်ရှားသော အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး မဘသ အဖွဲ့ဝင်လည်း ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် ပေါက်ကိုယ်တော်သည် စတင်ထင်ရှားလာပြီး စစ်သားများအား အစားအသောက်နှင့် ငွေကြေးထောက်ပံ့မှု အပါအဝင် စစ်တပ်၏ ဝါဒဖြန့်ချီရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာသည်။ ထို့အပြင် ပေါက်ကိုယ်တော်သည် ၄င်း၏ မဘသကွန်ရက်ကို အသုံးပြု၍ စစ်တပ်နှင့် ဆန့်ကျင်တိုက်ခိုက်နေသည့် အစုအဖွဲ့များ၏ လှုပ်ရှားမှု သတင်းများကိုပါ စုဆောင်းထောက်လှမ်းပြီး ၄င်း၏ ဆိုရှယ်မီဒီယာ အကောင့်များကတဆင့် စစ်တပ်တာဝန်ရှိသူများအား သတင်းအချက်အလက် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်နေသည်။ ပေါက်ကိုယ်တော်သည် ဆိုရှယ်မီဒီယာအကောင့်(၃)ခုကို သုံးစွဲနေပြီး ယင်းတွင် တယ်လီဂရမ်(Telegram)ချန်နယ်(၁)ခုနှင့် တစ်တော့ခ့်(TikTok)အကောင့်​(၁)ခုတို့ ပါဝင်သည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)ကို သုံးစွဲခဲ့သော်လည်း အဆိုပါ လူမှုကွန်ရက်က ၄င်း၏ လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် ပေါက်ကိုယ်တော်၏ အကောင့်များအား ပလက်ဖေါင်းမှ မကြာခဏ ဖယ်ရှားခဲ့သဖြင့် လက်ရှိအချိန်တွင် ပေါက်ကိုယ်တော်တွင် သက်ဝင်လှုပ်ရှား(active)ဖြစ်သော ဖေ့ဘွတ်ခ့်(Facebook)အကောင့် မရှိပါ။

ကျော်စိုးဦး

ကျော်စိုးဦးသည် ၂၀၁၉ တွင် စတင်ထူထောင်သော People Media ၏ အယ်ဒီတာချုပ် ဖြစ်သည်။ သူသည် နေ့စဉ်သတင်းများအား ပြန်လည်သုံးသပ်သော အစီအစဉ်ကို People Media ၏ တယ်လီဂရမ်(Telegram)ချန်နယ်ကတဆင့် အဓိကထုတ်လွှင့်သည်။ ထို့အပြင် စစ်ကောင်စီ(SAC)၏ သတင်းစာရှင်းလင်းပွဲများတွင် အစဉ်မပြတ်တက်ရောက်ခြင်းများ ပြုလုပ်ခဲ့သလို စစ်ကောင်စီ(SAC)နှင့်ပတ်သက်သော သတင်းများအား အဓိကဖော်ပြခြင်းဖြင့် ၄င်း၏သတင်းဌာနတွင် ဖော်ပြခြင်းများအား အဓိက ပြုလုပ်ခဲ့သည်။ ကျော်စိုးဦး စီမံသော People Media ကို Ko Thet ချန်နယ်အပါအဝင် (၉၁)ခုသော စစ်တပ်ကိုယ်စားပြု ဝါဒဖြန့် Telegram ချန်နယ်များနှင့် ချိတ်ဆက်ကြော်ငြာပေးနေပြီး People Media ကမူ မြန်မာ့ရုပ်မြင်သံကြား(MRTV) အပါအဝင်(၆)ခုသော စစ်တပ်ကိုယ်စားပြုဝါဒဖြန့်ချန်နယ်များကို လူသိများအောင် ကြော်ငြာပေးမှုများ ဆောင်ရွက်နေသည်။ ကျော်စိုးဦးသည် ဆိုရှယ်မီဒီယာအကောင့် (၁၂)ခုကို သုံးစွဲနေပြီး ယင်းတွင် တယ်လီဂရမ်(Telegram)ချန်နယ်(၃)ခုနှင့် တစ်တော့ခ့်(TikTok)အကောင့်(၉)ခုတို့ ပါဝင်သည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)နှင့် ယူကျူ့(YouTube)ကို သုံးစွဲခဲ့သော်လည်း အဆိုပါ လူမှုကွန်ရက်က ၄င်း၏လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် ပေါက်ကိုယ်တော်၏ အကောင့်များအား ပလက်ဖေါင်းမှ မကြာခဏ ဖယ်ရှားခဲ့သဖြင့် လက်ရှိအချိန်တွင် ကျော်စိုးဦးတွင် သက်ဝင်လှုပ်ရှား(active)ဖြစ်သော ဖေ့ဘွတ်ခ့်(Facebook)နှင့် ယူကျူ့(YouTube)အကောင့်မရှိပါ။



ဇော်ဘုန်းဟိန်၏ ဆိုရှယ်မီဒီယာစာမျက်နှာများ 


Telegram - https://t.me/zawbhonehein 

TikTok - https://www.tiktok.com/@note12r558, https://www.tiktok.com/@zawbhonehein.offical.acc  

YouTube - https://www.youtube.com/channel/UCxEXx0WiwlvXB30LGXKH8zA, https://www.youtube.com/channel/UC7QP_BvLRfqJtYEZBj_9ueg

ဇော်ဘုန်းဟိန်

ဇော်ဘုန်းဟိန်သည် ထင်ရှားသော စစ်လော်ဘီတစ်ဦးဖြစ်ပြီး စစ်သားဟောင်းတစ်ဦးလည်း ဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဇော်ဘုန်းဟိန်သည် တစ်တော့ခ့်(TikTok)တွင် စတင် လူသိများလာပြီး နောက်ပိုင်းတွင် ဖေ့ဘွတ်ခ့်(Facebook) နှင့် ယူကျူ့(YouTube)တို့တွင်ပါ တိုက်ရိုက်(live)လွှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။ စစ်တပ်၏ လုပ်ရပ်များကို ထောက်ခံအားပေးခြင်း၊ ရှေ့တန်းရောက် စစ်သားများအား ငွေကြေး၊ အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းတို့ကို လူမှုကွန်ရက်များကို အသုံးပြု၍ အဓိက ဆောင်ရွက်ခဲ့သည်။ ဇော်ဘုန်းဟိန်သည် ၂၀၂၂ ခုနှစ်မှ စတင်၍ စစ်တပ်နှင့် ဆန့်ကျင်တိုက်ခိုက်နေ သည့် အစုအဖွဲ့များ၏ လှုပ်ရှားမှု သတင်းများကိုပါ စုဆောင်းထောက်လှမ်းပြီး ၄င်း၏ ဆိုရှယ်မီဒီယာ အကောင့်များ ကတဆင့် စစ်တပ်တာဝန်ရှိသူများအား သတင်းအချက်အလက် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်နေသည်။ ဆိုရှယ်မီဒီယာအကောင့် ၅ခု ကို သုံးစွဲနေပြီး ယင်းတွင်တယ်လီဂရမ်(Telegram)ချန်နယ်(၁)ခုနှင့်တစ်တော့ခ့်(TikTok)အကောင့်(၂)ခုနှင့် ယူကျူ့(YouTube)အကောင့်(၁)ခုတို့ ပါဝင်သည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)ကို သုံးစွဲခဲ့သော်လည်း အဆိုပါ လူမှုကွန်ရက်က ၄င်း၏လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် ဇော်ဘုန်းဟိန်၏ အကောင့်များအား ပလက်ဖေါင်းမှ မကြာခဏ ဖယ်ရှားခဲ့သဖြင့် လက်ရှိအချိန်တွင် ဇော်ဘုန်းဟိန်တွင် သက်ဝင်လှုပ်ရှား(active)ဖြစ်သော ဖေ့ဘွတ်ခ့်(Facebook)အကောင့် မရှိပါ။

စစ်တပ်ဝါဒဖြန့်ချိရေးသမားများ

ကိုသက်

ကိုသက်သည် သူ့ကိုယ်သူ ‘သတင်းစာဆရာ၊ သတင်းသမား’ဟု ပုံဖော်လေ့ရှိသည်။ သို့သော် ဒုဗိုလ်မှူးကြီး ရာထူးရှိသော ဗမာစစ်တပ်အရာရှိဖြစ်သည်ကို ‘ဟန်ငြိမ်းဦး’လွှင့်တင်သော တယ်လီဂရမ် ဗီဒီယို တစ်ခုတွင်တွေ့ရသည့် ကိုသက်ဝတ်ဆင်ထားသော စစ်ဝတ်စုံပါ ရာထူးဖော်ပြချက်အရ သိရသည်။ စစ်ဝတ်စုံပါ လက်မောင်းတံဆိပ် ဖော်ပြချက် အရ အရှေ့တောင် တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သော မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်တွင်တည်ရှိသော အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်မှ ဖြစ်ကြောင်း သိရသည်။ ကိုသက်သည် လက်ရှိ အချိန်တွင် တယ်လီဂရမ်ချန်နယ်(၁၀)ခုခန့်ကို ကိုင်တွယ် စီမံနေပြီး သူ၏အသက်ဝင်နေဆဲချန်နယ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဖွင့်ခဲ့သည်။ ၂၀၂၁ အာဏာသိမ်းကတည်းက ကိုသက်သည် စစ်တပ်၏ဝါဒဖြန့်ချိရေး၌ပါဝင်ခဲ့ပြီး လူမှုကွန်ရက်မီ ဒီယာမျိုးစုံ ကိုအသုံးပြု၍ဝါဒဖြန့်ချိခြင်းလှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးဖြစ်သည်။ တယ်လီဂရမ်ရှိ စစ်တပ် ကိုယ်စားပြုချန်နယ်(၁၆၆)ခုဖြင့် ပူးတွဲလုပ်ဆောင်နေပြီး ချန်နယ်(၃၀၄)ခုကို ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့် သတင်းပျံ့နှံမှု အားကောင်းရန် ပြုလုပ်ပေးလေ့ရှိပြီး ယင်းချန်နယ်တွင် အမျိုးသားရေးလှုပ်ရှားသူ၊ သတင်းသမားအမည်ခံ ‘နောင်တော် လေး’လည်း ပါဝင်သည်။ ကိုသက်သည် လက်ရှိအချိန်တွင် ယူကျူ့(YouTube channel)(၁)ခု၊ တယ်လီဂရမ်ချန်နယ် (၄)ခုနှင့် တစ်တော့ခ့်(TikTok)ချန်နယ်(၂)ခု အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်း(၇)ခုကို ကိုင်တွယ်ဆောင်ရွက်နေသည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)ကို သုံးစွဲခဲ့သော်လည်း ဖေ့ဘွတ်ခ့်(Facebook)က ၄င်းတို့၏ လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် ကိုသက်၏အကောင့်များအား ပလက်ဖောင်းမှ မကြာခဏ ဖယ်ရှားခဲ့သည်။


မှိုင်းဝေ၏ ဆိုရှယ်မီဒီယာစာမျက်နှာများ 


Telegram - https://t.me/hminewai , https://t.me/hminewai6744 

TikTok - https://www.tiktok.com/@hminewai200 , https://www.tiktok.com/@sawsaihminewai1980 

မှိုင်းဝေ

‘မှိုင်းဝေ’ချန်နယ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂)ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ‘တပ်ကြပ်ကြီးဖိုးစီ’၊ ‘ကိုသက်’၊ ‘ဟန်ငြိမ်းဦး’၊ ‘ကျော်စွာ’နှင့် ‘ဘညွန့်’ချန်နယ်များမှ အကြောင်းအရာများကို ထပ်ဆင့်လွှင့်တင်လေ့ရှိသည်။ ‘မှိုင်းဝေ’ဖြင့်သက်ဆိုင်သောအခြားချန်နယ်တစ်ခုမှာ ‘ကပ္ပတိန် မှိုင်းဝေ’ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ(၁၆)ရက်တွင် ဖွင့်ခဲ့သည်။ ‘မှိုင်းဝေ’၏ဖော်ပြချက်များအရ ‘နေပြည်တော်စစ်ဌာနချုပ်’မှဖြစ်ကြောင်း သိရပြီး ‘ကိုသက်’ချန်နယ်က ထပ်ဆင့်မျှဝေခြင်းဖြင့် လူသိများပျံ့နှံအောင် လုပ်ဆောင်ပေးကြောင်း တွေ့ရသည်။ ‘မှိုင်းဝေ’သည် တယ်လီဂရမ်တွင် စစ်တပ်ကိုယ်စားပြုချန်နယ်(၁၃၆)ခုဖြင့် ပူးပေါင်းလုပ်ဆောင်နေပြီး စစ်တပ် ကိုယ်စားပြုချန်နယ်(၂၁၈)ခုကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့် သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။ သူ၏ ကွန်ရက်သည် ‘ကိုသက်’၏ကွန်ရက်နှင့်ထပ်တူကျနေသည်ကို ထူးခြားစွာတွေ့ရသည်။ မှိုင်းဝေသည် လက်ရှိအချိန်တွင် တယ်လီဂရမ် ချန်နယ်(၂)ခုနှင့် တစ်တော့ခ့်(TikTok)ချန်နယ်(၂)ခုတို့ကို အဓိက ကိုင်တွယ်ဆောင်ရွက်နေသည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)နှင့် ယူကျူ့(YouTube)တို့ကို သုံးစွဲခဲ့သော်လည်း အဆိုပါ လူမှုကွန်ရက်များက ၄င်းတို့၏ လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် မှိုင်းဝေ၏ အကောင့်များအား ပလက်ဖေါင်းမှ မကြာခဏ ဖယ်ရှားခဲ့သည်။

ကျော်စွာ

‘ကျော်စွာ’သည် ‘Positive Angle News (PAN)’၏ အယ်ဒီတာချုပ်ဖြစ်သည်။ ‘PAN’ ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် စ တင်တည်ထောင်ခဲ့သည်။ ဗမာစစ်တပ်၏အရာရှိတစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးအွန်လိုင်းကိစ္စများကို ရွေးကောက်ပွဲကာလ၌ ပြုလုပ်ပေးခဲ့သည်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း၌ ဟန်ငြိမ်းဦးနှင့်သဇင်ဦးတို့ဖြင့် ပူးပေါင်း၍ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ရှာဖွေဖွင့်ချခြင်း(doxxing)လှုပ်ရှားမှု ကို လုပ်ဆောင်ခဲ့သည်။ ‘ကျော်စွာ’သည် တယ်လီဂရမ်ချန်နယ်(၁၂)ခုကို ဖွင့်လှစ်ခဲ့ပြီး သူ၏ အသက်ဝင်နေဆဲချန်နယ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဖွင့်ထားခဲ့သည်။ သူ၏အမည်ခံသတင်းဌာန ‘Positive Angle News (PAN)’ တယ် လီဂရမ်ချန်နယ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၌ ဖွင့်ခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂၀)ရက်တွင် ဖွင့်ခဲ့သော ‘ကျော်စွာ’တယ်လီဂရမ်ချန်နယ်တွင် ချန်နယ်ရယူထား သူ ၁၆၅,၀၀၀ ရှိပြီး ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်(၈၅)ဖြင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ယင်းတွင် ‘ကိုသက်’ချန် နယ်ပါဝင်သည်။ ‘မင်းချစ်ဦး’ချန်နယ်ကို လူသိများအောင်လုပ်ပေးလေ့ရှိပြီး ယင်းချန်နယ်သည် ရခိုင်ပြည်နယ်အရေးကိစ္စကို အလေးထားဖော်ပြသောချန်နယ်ဖြစ်သည်။ ကျော်စွာသည် လက်ရှိအချိန်တွင် ယူကျူ့(YouTube channel)(၂)ခု၊ တယ်လီဂရမ် ချန်နယ်(၆)ခုနှင့် တစ်တော့ခ်(TikTok)ချန်နယ် ၁ခု အပါအဝင် ဆိုရှယ်မီဒီယာ ပလက်ဖေါင်း (၉)ခုကို ကိုင်တွယ် ဆောင်ရွက်နေသည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)ကို သုံးစွဲခဲ့သော်လည်း ဖေ့ဘွတ်ခ့်(Facebook)က ၄င်းတို့၏ လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် ကျော်စွာ၏အကောင့်များအား ပလက်ဖေါင်းမှ မကြာခဏ ဖယ်ရှားခဲ့သည်။


သဇင်ဦး၏ ဆိုရှယ်မီဒီယာစာမျက်နှာများ 


Telegram - https://t.me/Thazinoo969, https://t.me/mmmnew, https://t.me/sinphyushin13, https://t.me/IamThazinOo   

TikTok - https://www.tiktok.com/@thazinoo14799 

သဇင်ဦး

‘သဇင်ဦး’သည် သူရိယနေဝန်းမှ အစီအစဉ်တင်ဆက်သူဖြစ်ပြီး အောင်မင်း၏ ‘MHT News’တွင်လည်း အစီအစဉ်တင် ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ ဗမာစစ်တပ်ကိုင် မြဝတီသတင်းဌာန၌ မိုးဟိန်း(သူရိယနေဝန်း)တင်ဆက်နေသော အပတ်စဉ် ရုပ်သံအစီအစဉ်တွင် ရုပ်သံသတင်းအစီအစဉ်မှူးအဖြစ်ဆောင်ရွက်နေသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည် ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးလုပ်ငန်းများကို ပါဝင်လုပ်ကိုင်ခဲ့သည်။ တယ်လီဂရမ်ချန်နယ်ပေါင်းများစွာကို ‘သဇင်ဦး’ကို စီမံနေပြီး ယင်းတို့အနက်တစ်ခုသည် အကြမ်းဖက်မှုနှင့်ဆက်စပ်နေသောကြောင့် ပိတ်ပင်ခံခဲ့ရသည်။ ၂၀၂၁ အာဏာ သိမ်းစဉ်ကတည်းက ‘သဇင်ဦး’သည် အာဏာသိမ်းမှုဆန့်ကျင်သူများ၏ ကိုယ်ရေးအချက်အလက်များရှာဖွေဖွင့်ချခြင်း (doxxing)၌ အင်တိုက်အားတိုက် တက်ကြွစွာဖြင့်ပါဝင်ခဲ့သည်။ သူ၏ အသက်ဝင်ရှင်သဲနေဆဲအကောင့်ကို ၂၀၂၂ ခုနှစ် မတ်လ၌ ဖွင့်ခဲ့သည်။ သဇင်ဦးသည် လက်ရှိအချိန်တွင် တယ်လီဂရမ် ချန်နယ်(၄)ခုနှင့် တစ်တော့ခ့်(TikTok)ချန်နယ်(၁)ခု အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်း(၈)ခုကို အနည်းဆုံးကိုင်တွယ် ဆောင်ရွက်နေသည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)ကို သုံးစွဲခဲ့သော်လည်း ဖေ့ဘွတ်ခ့်(Facebook)က ၄င်းတို့၏လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် သဇင်ဦး၏ အကောင့် များအား ပလက်ဖေါင်းမှ မကြာခဏ ဖယ်ရှားခဲ့သည်။


(င) နိဂုံးချုပ် သုံးသပ်ချက်


  • ယခုသုံးသပ်ချက်အကျဉ်းချုပ်ကို တစ်တော့ခ့်နှင့်တယ်လီဂရမ်တို့အား အဓိကအအခြေခံ၍ သုတေသနပြုလုပ်ခဲ့ပါ သည်။ အဆိုပါ လူမှုကွန်ရက်နှစ်ခုကိုဦးတည်၍ သုတေသနပြုလုပ်သော်လည်း အခြားသောလူသုံးများသည့် လူမှုကွန်ရက်များဖြစ်သည့် Meta (Facebook)၊ YouTube နှင့် X (Twitter)တို့ကိုလည်း ကြည့်ရှုခဲ့ပါသည်။

  • စစ်တပ်လော်ဘီများနှင့်အမျိုးသားရေးလှုပ်ရှားသူများသည် ပြင်းထန်သောလှုံ့ဆော်မှုများကို တစ်တော့ခ့်(TikTok) သို့မဟုတ် တယ်လီဂရမ်(Telegram)ကိုအခြေပြု၍ ထုတ်လွှင့်ခဲ့ကြသည်။ အဆိုပါ တစ်တော့ခ့်(TikTok)သို့မ ဟုတ် တယ်လီဂရမ်(Telegram)ကိုအခြေခံထုတ်လွှင့်ခဲ့သည် လှုံ့ဆော်မှုပါသည့် ရုပ်သံများနှင့်စာများ၊ ဓာတ်ပုံများအား ၎င်းတို့ကိုထောက်ခံသူများနှင့် ၎င်းတို့ကိုယ်တိုင်အမည်မခံဘဲ ပူးပေါင်းဆောင်ရွက်နေသည့် ဖေ့ဘွတ်ခ့် (Facebook)နှင့် ယူကျူ့(YouTube)အကောင့်များတွင် အဓိကဖြန့်ဝေခဲ့ကြသည်။

  • စစ်တပ်ဝါဒဖြန့်ချိရေးနှင့်ပူးပေါင်းထားသည့် တစ်တော့ခ့်(TikTok)နှင့် တယ်လီဂရမ်(Telegram)ချန်နယ်များ၊ အ မျိုးသားရေးတက်ကြွလှုပ်ရှားသူအမည်ခံ လူပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများနှင့်ပတ်သက်ပြီး တည်ရှိနေသည့် ပဋိ့ပက္ခများကို ပိုမိုပြင်းထန်စေရန်အတွက် သတင်းအချက်အလက်နှင့်နည်းပညာကို တလွဲအသုံး ပြုမှုများ ဆောင်ရွက်နေသလို ၎င်းတို့၏ပုဂ္ဂိုလ်ရေးအကျိုးစီးပွားဖြစ်သည့် ချန်နယ်များအား ကြည့်ရှုသူများပြားအောင် ဆောင်ရွက်ခြင်းကိုလည်း တချိန်ထဲ ပြုလုပ်နေကြသည်ကို တွေ့ရသည်။ 

  • စစ်တပ်လော်ဘီများနှင့်အမျိုးသားရေးလှုပ်ရှားသူများသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိနေသည်ဟု ယူဆသည့် နေရာများအား ၎င်းတို့၏ သက်ဆိုင်ရာဆိုရှယ်မီဒီယာအကောင့်များ အထူးသဖြင့် တယ်လီဂရမ်နှင့်တစ်တော့ခ့်များတွင်အများဆုံး ဖြန့်ဝေလျှက်ရှိကြပြီး ထိုသို့ ဖြန့်ဝေရာတွင်လည်း အရာအားလုံး ဖျက်ဆီးပစ်ရန်အတွက် "မြေကျန်ရင်ရပြီ" ဆိုသကဲ့သို့သော စကားစုများကိုပါသုံးစွဲ၍ အလုံးစုံ ဖျက်စီးပစ်ရန် လှုံ့ဆော်ကြသည်။ အဆိုပါ လှုံ့ဆော်ချက်များတွင် ပါဝင်သည့် နေရာများတွင် တော်လှန်ရေးသမားများ ရှိမရှိ ဆိုသည်မှာ ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း ဤကဲ့သို့ လှုံ့ဆော်မှုများသည် အဆိုပါဒေသများရှိ ဒေသခံပြည်သူများ၏အသက်အိုးအိမ်နှင့်စည်းစိမ်ကို ကြီးမားသောခြိမ်း ခြောက်မှုတစ်ရပ် ဖြစ်စေခဲ့သည်။ 

  • ဤကဲ့သို့ ပြင်းထန်သောလှုံ့ဆော်မှုများနှင့် သမားရိုးကျမဟုတ်ဘဲ ဝါဒဖြန့်ချိရန်ရည်ရွယ်ချက်ဖြင့် ကွန်ရက်ချိတ်ဆက်လှုပ်ရှားမှုများအား တစ်တော့ခ့်(TikTok)နှင့် တယ်လီဂရမ်(Telegram)ပလက်ဖောင်းများက စုံစမ်းစစ်ဆေးခြင်းနှင့်ထိရောက်စွာအရေးယူမှုမရှိသည်ကို တွေ့ရသည်။ 

  • ထို့အပြင် ဝါဒဖြန့်ချိရေးသမားများသည် ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုချင်းစီ၏လက်ရှိတည်ရှိနေသော လူမှုကွန်ရက်စံနှုန်းသက်မှတ်ချက်များကို မတူကွဲပြားသော ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် မြောက်များစွာသော အကောင့်ချိတ်ဆက်မှုကွန်ရက်များဖွဲ့ကာ ချိုးဖောက်နေခြင်းကို ပလက်ဖောင်းတစ်ခုချင်းအနေဖြင့် တားဆီးနိုင်ခြင်းမရှိပါ။ 

  • မြန်မာပြည်၏ရှိရင်းစွဲပဋိပက္ခအခြေအနေများကို ပိုမိုမဆိုးရွားလာစေရန်အတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းများအနေဖြင့် "actor level moderation" နှင့် "cross platform investigation"များပြုလုပ်ရန် အရေးတကြီး လိုအပ်နေသည်။ 

  • နိုင်ငံတကာအစိုးရ၊ မီဒီယာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများကို တလွဲအ သုံးပြုခြင်းမှကာကွယ်ရန်အတွက် ဆိုရှယ်မီဒီယာကုမ္ပဏီများ၏တာဝန်ယူမှု၊ တာဝန်ခံမှုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သင့်သည်။ 


Recommended Citation Style –


Myanmar Internet Project (2024, July 30). မြေကျန်ရင် ရပြီ. https://www.myanmarinternet.info/my/post/callforaction-my-version

77 views

Comments


bottom of page