top of page
Search

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများအားအကူအညီပေးရန်တောင်းဆိုခြင်း

  • Myanmar Internet Project
  • 1 day ago
  • 1 min read


၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ငလျင်ဒဏ်တိုက်ရိုက်ထိ ခိုက်ခဲ့သည့်ဒေသများတွင် လူပေါင်းများစွာအသက်ဆုံးရှုံးရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့်အဆောက်အဦပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ 


ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတွင် ငလျင်ဒဏ်ပြင်းထန်စွာခံစားခဲ့ရသည့်ဒေသများအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အခြေခံအဆောက်အအုံများထိခိုက်မှုနှင့်အတူ ဖုန်းလိုင်းခေါ်ဆိုရခက်ခဲသည့်အခြေအနေများဖြစ်ပေါ်ခဲ့ပါသည်။

ထိုသို့အခက်အခဲကြားမှာပင် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများသည် အော်ပရေတာအချင်းချင်းဖုန်းခေါ်ဆိုမှုနှင့်စာတိုပေးပို့မှုများကို ရက်အကန့်အသတ်ဖြင့် အခမဲ့ဝန်ဆောင်မှု ကမ်းလှမ်းချက်များလုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရပါသည်။ 

သို့သော်ဒေသတစ်ခုတွင် သုံးစွဲနိုင်သောဖုန်းအော်ပရေတာဝန်ဆောင်မှုသည် အခြားဒေသတစ်ခုတွင်သုံးစွဲရန်အခက် အခဲဖြစ်နေသည်များကိုလည်း မြေပြင်မှပြန်လည်ကြားသိခဲ့ရပါသည်။ 

ထို့ကြောင့် လက်ရှိမြေပြင်အခြေအနေများနှင့်သင့်လျော်ပြီး ငလျင်ဒဏ်သင့်ဒေသများရှိ လူထု၏ဆက်သွယ်ရေးဆိုင် ရာဒုက္ခတို့ကို ထိထိရောက်ရောက်လျော့ပါးသက်သာစေရေးအတွက် အော်ပရေတာအချင်းချင်းအစား မည်သည့်အော်ပရေ တာမဆိုခေါ်ဆိုနိုင်သည့် အခမဲ့အကူအညီများ ပြောင်းလဲလုပ်ဆောင်ပေးပါရန် တိုက်တွန်းတောင်းဆိုပါသည်။


မြန်မာအင်တာနက်ပရောဂျက်(MIP)


ယင်းထုတ်ပြန်ချက်ကို မြန်မာငလျင် အရေးပေါ်တုံ့ပြန်မှုညှိနှိုင်းရေးယူနစ်၏အစီရင်ခံစာတွင်လည်း ထည့်သွင်းဖော်ပြထားပြီး https://www.facebook.com/share/p/1DDuQrfCYG/ တွင် ဝင်ရောက်ကြည့်နိုင်သည်။

Comments


bottom of page