top of page
  • Myanmar Internet Project

လူမျိုးတုံးသတ်ဖြတ်ရန် မီးစာတင်ခြင်း

Updated: 2 days ago

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် တယ်လီဂရမ်၏အခန်းကဏ္ဍ






နိဒါန်း


၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကာလနောက်ပိုင်းနှင့် ယင်းကာလမတိုင်မီကာလကတည်းက ‘ရိုဟင်ဂျာများ’အပေါ် လူမျိုးတုံး သတ်ဖြတ်ခြင်းကိစ္စများဖြင့် ရခိုင်ပြည်နယ်သည် ပဋိပက္ခရေချိန်အမြင့်ဆုံးဖြစ်ခဲ့ရသည်။ တိုင်းရင်းသားများနှင့်လူနည်းစုများအ ပေါ် မြန်မာစစ်တပ်၏ဖိနှိပ်မှုများသည် ရခိုင်ပြည်နယ်ကဲ့သို့ အခြားသောပြည်နယ်များတွင် အသီးသီးရှိနေသော်လည်း ‘ရိုဟင်ဂျာများ’အပေါ် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်အရေးသည် နိုင်ငံတကာမျက်နှာစာတွင်  ရှေ့တန်းသို့ ပိုမိုရောက်ရှိခဲ့သည်။

အမျိုးသားရေးအုပ်စုများနှင့်တပ်မတော်ထောက်ခံသူများသည် မြန်မာနိုင်ငံတွင် လူသုံးများသော လူမှုကွန်ရက်မီဒီယာများဖြစ်သော ဖေ့ဘွတ်ခ့်နှင့်ယူကျူ့များတွင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးနှင့် လူမှုရေးရာများအရ ခွဲခြားဆက်ဆံခြင်းများကို အစဉ်တစိုက်ရေးသားဖော်ပြလှုံ့ဆော်၍ အမုန်းတရားကြီးထွားအောင်ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်နေစဉ်အတွင်း ၂၀၂၁ ခုနှစ်အခင်းအကျင်းအပြီးတွင် ဖေ့ဘွတ်ခ့်မသုံးစွဲနိုင်ရန် စစ်ကောင်စီ၏ဖိနှိပ်မှုများကြောင့် အများပြည်သူသည် တယ်လီဂရမ်သို့ပြောင်းရွေ့၍ တယ်လီဂရမ်နှင့်ဖေ့ဘွတ်ခ့်ကို ပူးတွဲသုံးစွဲလာကြသည်။ ‘ရိုဟင်ဂျာပြဿနာ’နှင့် ဖေ့ဘွတ်ခ့်လူမှုကွန်ရက်ပေါ်တွင်အခြေစိုက်လှုပ်ရှားသူများကို ဖေ့ဘွတ်ခ့်က စိစစ်ဖယ်ရှားခြင်းများကြောင့် အမျိုးသားရေးအုပ်စုများနှင့်တပ်မတော်ထောက်ခံသူများသည် ဖေ့ဘွတ်ခ့်လူမှုကွန်ရက်တွင်မရှင်သန်နိုင်ဘဲ တယ်လီဂရမ်သို့အလုံးအရင်းဖြင့် ပြောင်းရွေ့လာကြသည်။

အမျိုးသားရေးအုပ်စုများနှင့်တပ်မတော်ထောက်ခံသူများသည် ယင်းတို့၏ဝါဒဖြန့်ချိရေးလုပ်ငန်များ၊ ရည်ရွယ်ချက်ရှိသော သတင်းတု၊ သတင်းမှားနှင့်လုပ်ကြံသတင်းများနှင့် သတင်းအချက်အလက်ကို လက်နက်သဖွယ်အသုံးချခြင်း ယန္တရား များကို တယ်လီဂရမ်လူမှုကွန်ရက်တွင် အဓိကတည်ဆောက်အခြေပြု၍ လုပ်ကိုင်ဆောင်ရွက်လာသည်။ တယ်လီဂရမ်ပေါ်၌ တည်ဆောက်ထားသော ယင်းအကြောင်းအရာများကို အခြားသောလူမှုကွန်ရက်များဖြစ်သည့် ဖေ့ဘွတ်ခ့်၊ ယူကျူ့နှင့် တစ်တော့ခ့်များသို့ ထပ်မံဖြန့်ဖြူးကြသည်။

ထို့ကြောင့် ယခုလေ့လာချက်တွင် ပဋိပက္ခများစွာအနက် အမြင့်ဆုံးဖြစ်နေသော ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ် သက်ပြီး တယ်လီဂရမ်ကိုပင်မထားအသုံးပြု၍ အမုန်းစကားများနှင့်လှုံ့ဆော်မှုများကို ဖန်တီးဖြန့်ဝေနေသော အခြေအနေများကို တင်ပြထားသည်။ ထိုသို့တင်ပြရာတွင် အဓိကကျသောစကားလုံးများ၊ ဇာတ်လမ်းဖန်တီးပုံ၊ သတင်းမှား/လုပ်ကြံသတင်းများ၊ ဘာသာစကားသုံးစွဲပုံများနှင့် ယင်းတို့ကို လုပ်ဆောင်နေကြသူများအကြောင်းကို ပြုစုတင်ပြထားပါသည်။


အဓိကကျသောစကားလုံးများ


ရခိုင်အရေးနှင့်ပတ်သက်၍ အမျိုးသားရေးအုပ်စုနှင့်တပ်မတော်ထောက်ခံသူများသည် လူမျိုးရေးနှင့်ဘာသာရေးခွဲခြားသော ပြောဆိုရေးသားမှုများကို သုံးစွဲလေ့ရှိသည်။ ထိုသို့သုံးစွဲရာတွင် တစ်ဖက်အသိုင်းအဝိုင်းအပေါ်နစ်နာစေသည့် ရိုင်းစိုင်းသော စ ကားလုံးများ၊ ညစ်ညမ်းသောစကားလုံးများနှင့် တိရိစ္ဆာန်ဖြင့်နှိုင်းသောစကားလုံးများကို ပုံမှန်သုံးစွဲသည်။

ရိုဟင်ဂျာများ၏ဖြစ်တည်မှုနှင့်လူမျိုးတစ်မျိုးအဖြစ်ရှိနေမှုကို ငြင်းပယ်လိုသော ရိုဟင်ဂျာမရှိစေရဆိုသောမူဖြင့် လူမျိုးအမည်ဖျောက်ဖျက်၍ လူမျိုးတုံးစေခြင်းအတွက်လည်း ဝေါဟာရများသုံးစွဲသည်ကို တွေ့ရှိရသည်။ ယင်းတို့ကို ဥပမာအားဖြင့် ‘ဘင်္ဂါလီများ’၊ ‘လူမျိုးလိမ်အမည်’နှင့်‘ဘင်များ’ဟု သုံးစွဲသည်။ ထို့အပြင် ဆဲဆိုသောစကားလုံးများကို လူမှုကွန်ရက်များ၏စံနှုန်းများဘောင်မှလွတ်အောင် ရည်ရွယ်ချက်ရှိရှိရေးသားလေ့ရှိသည်ကို ဥပမာအားဖြင့် ‘Kmklများ’နှင့်‘Pင်ပြဲအောင်’ဟုတွေ့ရသည်။

လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများနှင့် စစ်ပွဲကြောင့် ရခိုင်ပြည်နယ်တွင် မြို့နှင့်ရွာများ ပြာကျပျက်စီးသည့် အကြောင်းအရာများကို ဖော်ပြရာတွင်လည်း သွေးကြွေး၊၊ ပြာလီစွ စသည့် စကားလုံးများကိုသုံးစွဲ၍ ဖော်ပြလေ့ရှိသည်ကို တွေ့ရသည်။  

  အောက်ဖော်ပြပါ စကားလုံးများသည် တွေ့ရများလေ့ရှိသည်များကို စာရင်းပြုစုထားခြင်းဖြစ်သည်။

  • ဘင်္ဂါလီများ

  • လူမျိုးလိမ်အမည်

  • ပြည်ဖျက်မီဒီယာ

  • မြောက် ၃ ကောင်

  • သွေးကြွေး

  • Pင်ပြဲအောင်

  • Kmkl များ 

  • AA ခဲဝါများ

  • ခဲဝါ

  • ဖာသုခ

  • AA ဓာတ်ခဲ

  • ဘင်တွေ မွတ်တွေ

  • မျိုးမစစ်ဘင်္ဂါလီ

  • ခိုင်သခေါ

  • ဘင်

  • ရခီး

  • ခဲဝါဝဲစားမီဒီညာ

  • ခဲဝါ ခွေးမြက်နှိုက်

  • ခဲဝါ ခိုင်ခွေးခ

  • ပြာလီစွ

ဇာတ်လမ်းဖန်တီးပုံ


ရခိုင်နှင့်ရိုဟင်ဂျာများကို လူမျိုးတုံးသွားစေရန် ရှင်းလင်းသတ်ဖြတ်သင့်ကြောင်း လှုံဆော်ခြင်း၊ သွေးထိုးခြင်းနှင့် အားပေး ထောက်ခံခြင်းများကို ဇာတ်လမ်းဆင်ရေးသားပြောဆိုရာတွင် ‘သတ်မည်ဖြတ်မည်’၊ ‘အကုန်သေအောင်သတ်’၊ ‘အမျိုးပြုတ်အောင်သတ်’ဆိုသော သေစေလိုသည့်ရည်ရွယ်ချက်ပါသော ရေးသားပြောဆိုဟန်များကိုမသုံးစွဲဘဲ ယင်းအဓိပ္ပါယ်ကို ပေါ်လွင်စေသော ရေးသားပြောဆိုပုံများကို သုံးစွဲလေ့ရှိသည်။

ထိုသို့ ရေးသားပြောဆိုရာတွင် ဖတ်ရူသူ၏စိတ်ကို စွပေးနိုင်သော၊ အမုန်းတရားဖြစ်စေသော၊ သဘာဝဘေးကြောင့် ဒုက္ခတွေ့ခဲ့ကြသည်များနှင့်အမျိုးသမီးများအပေါ် ကျူးလွန်ခဲ့သည်များကိုနောက်ခံထား၍ ရေးသားပြောဆိုပြီး အဲမိုဂျီများနှင့်ဓာတ်ပုံများကို ပူးတွဲဖော်ပြလေ့ရှိသည်။

အောက်ဖော်ပြပါဇာတ်လမ်းဆင်ဟန်များသည် တွေ့ရများလေ့ရှိသည်များဖြစ်၍ စာရင်းပြုစုထားခြင်းဖြစ်သည်။










၉။ ရခီး ယုတ်လေး ထွန်းမြတ်နိုင်မိသားစု ချမ်းသာရေးအတွက် နွားလိုရုန်းပေးတဲ့တစ်ကောင်တော့ သေရှာပြီ!ရခိုင်လူငယ်တွေ စမုံတုံးလေး ဘင်္ဂလီတွေက အကြိုက်တွေ့လေပဲ! မကြာခင် ကယ်ပါ ယူပါ တစာစာအော် အကူညီတောင်းလည်း ရခိုင်အစွန်းရောက်တွေကို လက်ပိုက်ကြည့်နေအုံးမှာ ထွန်းမြတ်နိုင်ရဲ့ပလန်ကြောင့် လူမျိုးတုံးယင် ကျန်ခဲ့မှာ ရခိုင်မအများစုပဲ ကိုယ့်ဒဏ်ကိုယ်ခံကျ


သတင်းမှား/ လုပ်ကြံသတင်းများ


လူမျိုးရေး၊ ဘာသာရေးနှင့်မတူကွဲပြားများမှုအကြား အမုန်းတရားပွားများစေရန်နှင့်ခွဲခြားဆက်ဆံမှုများအားကောင်းလာစေရန်ရည်ရွယ်သော၊ တစ်ဖက်အဖွဲ့အစည်းအပေါ် အားနည်းသွားစေရန်ရည်ရွယ်သော သတင်းမှား/လုပ်ကြံသတင်းများဖြန့်ဖြူးခြင်းများကိုလည်း ပုံမှန်ပြုလုပ်နေသည်။ အောက်ဖော်ပြပါအကြောင်းအရာများသည် တွေ့ရများလေ့ရှိသည်များကို စာရင်းပြုစုထားခြင်းဖြစ်သည်။





ဘာသာစကားသုံးစွဲခြင်း


ဗမာဘာသာစကားသည် မြန်မာနိုင်ငံ၏ရုံးသုံးဘာသာစကားဖြစ်ပြီး တိုင်းရင်းသားများနှင့်လူနည်းစုများသည် ယင်းတို့၏သက် ဆိုင်ရာဘာသာစကားများကို သုံးစွဲလေ့ရှိသည်။ အစိုးရအဆက်ဆက်၏သတ်မှတ်ချက်အဖြစ် ပုံစံကျတည်ရှိနေသော ဗမာအ ပါအဝင် လူမျိုးစုကြီး(၇)စုဖြစ်သော ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့်ရှမ်းများတွင် သက်ဆိုင်ရာတိုင်းရင်းဘာသာစကားများရှိပြီး ယင်းလူမျိုးစုကြီးအတွင်း စုံလင်ကွဲပြားသောဘာသာစကားများရှိနေသေးသည်။ ထို့အတူ မြန်မာဘာ သာစကားမျိုးရင်းအုပ်စုတွင်မပါဝင်သော ဘာသာစကားသုံးစွဲခြင်း ဥပမာ-ဘင်္ဂါလီဘာသာစကားနှင့် ဟိန္ဒူစတန်နီဘာသာစ ကားများကိုလည်း သုံးစွဲပြောဆိုကြသည်။ ထိုသို့စုံလင်ကွဲပြားသောဘာသာစကားများကို တိုင်းရင်းသားများနှင့်လူနည်းစုများက သုံးစွဲနေကြသည့်နည်းတူ ရုံးသုံးဘာသာစကားဖြစ်သော ‘ဗမာဘာသာစကား’ကိုလည်း သုံးစွဲပြောဆိုကြသည်။ ‘ဗမာစကား’မပြောနိုင်သော တိုင်းရင်းသားများနှင့်လူနည်းစုများသည် အလွန်နည်းပါးသည်။

ထို့ကြောင့် အမျိုးသားရေးအုပ်စုများနှင့်တပ်မတော်ထောက်ခံသူများသည် ‘ဗမာဘာသာစကား’ကို အဓိအားဖြင့်သုံးစွဲ၍ ဝါဒဖြန့်ချိခြင်းကိစ္စများကိုပင်မလုပ်ဆောင်၍ တိုင်းရင်းသားများ၏ ဗမာဘာသာစကားပြောဆိုသုံးစွဲမှုကို ပစ်တင်ပြောဆို၍ မြန် မာနိုင်ငံအားပုံဖျက်လို၍ ‘ဗမာစကား’ပြောခြင်းဖြစ်သည်ဟု စွပ်စွဲလေ့ရှိသည်။


အမုန်းစကားပြောဆိုခြင်းနှင့်ဝါဒဖြန့်ချိခြင်း ကွန်ရက်အတွင်းမှ အဓိကကျသောဇာတ်ကောင်များ


အာရကန်ဌာနေ (Arakan Htar Ney)


‘အာရကန်ဌာနေ’ချန်နယ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၉)ရက်၌ စတင်ဖွင့်ခဲ့သည်။ ထိုချန်နယ်သည် ‘ကိုသက်၏ဝါဒဖြန့်ချိရေးကွန်ရက်’အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရခိုင့်အရေးများအတွက် ဝါဒဖြန့်ချိခြင်းကိုအဓိကလုပ်ဆောင်သည်။ ရခိုင့်အရေးလှုံဆောင်မှုများတွင် ဗမာစစ်တပ်၏သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့်ညှင်းပန်းနှိပ်စက်ခြင်းများအပေါ် အားပေးချီးမွမ်းပြောဆိုခြင်းအပါအဝင် ရခိုင်ပဋိပက္ခဒေသများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန် တိုက်တွန်းပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဧပြီလမှစ တင်၍ ထိုချန်နယ်ကို အသုံးပြု၍မရတော့ပါ။

အာရကန်ဌာနေချန်နယ်သည် ‘ကိုသက်’ဦးဆောင်သော ဗမာစစ်တပ်ကိုယ်စားပြုကွန်ရက်ချန်နယ်(၂၃)ခုဖြင့် ပူးပေါင်းဆောင်ရွက်နေပြီး ဗမာစစ်တပ်ကိုယ်စားပြုကွန်ရက်ချန်နယ်(၁၃)ကို ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


ဘညွန့် (ခ) ဘိုကျော် (Ba Nyunt aka Bo Kyaw)



ဘညွန့် (ခ) ဘိုကျော်သည် ဟန်ငြိမ်းဦးနှင့်ကျော်စွာတို့ဖြင့် နီးစပ်သူဖြစ်သည်။ တယ်လီဂရမ်ချန်နယ်များ၏အကောင့်များကို အ တူတကွကိုင်တွယ်၍ အသုံးပြုကြသည်။ ဒီမိုကရေစီအရေးလှုပ်ရှားသူများ အင်အားချည့်နဲ့သွားစေရန် နှိပ်ကွပ်ရာ၌ အဓိကပါ ဝင်သူတစ်ဦးဖြစ်သည်။ ဖွင့်ချခံထားရသော ကိုယ်ရေးအချက်အလက်များပျံ့နှံအောင် ဖြန့်ဖြူးခြင်း၊ လိင်တိမ်ညွတ်မှုအပေါ်နှောင့်ယှက်ထိပါးစေခြင်းနှင့် လိင်ပိုင်းဆိုင်ရာစော်ကားထားသည့်ရုပ်ပုံများမျှဝေခြင်း စသည်တို့ကို ပြုလုပ်သည်။ ဘညွန့်နှင့်ဘိုကျော်အမည်ဖြင့် ကိုင်တွယ်ထားသော တယ်လီဂရမ်အကောင့်(၁၇)ခု ရှိသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဇူလိုင်လ၁(၈)ရက်တွင် ‘ဘညွန့်’ချန်နယ်ကို ဖွင့်ခဲ့ပြီး အမည်ဆိုးဖြင့် ကျော်ကြားသောချန်နယ်တစ်ခုဖြစ်ခဲ့သည်။ ဟန်ငြိမ်းဦး၊ ကျော်စွာနှင့် မြန်မာနေရှင်နယ်ပို့စ်တို့မှာ သူ၏နောင်တော်ချန်နယ်များဖြစ်ပြီး ယင်းမှအကြောင်းအရာများကို ထပ်ဆင့်ဖြန့်ဝေလေ့ရှိသည်။ သူ၏အသက်ဝင်ဆဲချန်နယ်ကို ၂၀၂၃ ခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့သည်။ ဘညွန့်သည် ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်(၅၅)နှင့်ပူးတွဲလုပ်ကိုင်နေပြီး ဘက်လိုက်သောသတင်းမီဒီယာ(၂)ခုနှင့် ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်(၁)ခု စုစုပေါင်း(၃)ခုကို ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအား ကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


တိုက်ပွဲစုံသတင်း (Combat News)



တိုက်ပွဲစုံသတင်း(Combat News)သည် ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်ဖြစ်ပြီ၂၀၂၃ ခုနှစ် ဇူလိုင်လ(၇)ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုချန်နယ်သည် ‘ကိုသက်ကွန်ရက်’၏အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး ‘ကိုသက်’၏အချက်အလက်များကို အကြိမ် (၃၀၀)ထက်မနည်း ထပ်ဆင့်မျှဝေပေးခဲ့သည်။ ‘တိုက်ပွဲစုံသတင်း’ချန်နယ်တွင် ‘hastag(#)သုံး၍မျှဝေသည့် ‘ခင်ညိုချော’ချန်နယ်ကိုလည်း အလားတူအကောင့်အဖြစ် တွေ့ရသည်။ စစ်ရေးသတင်းများတင်လေ့ရှိသည့် ‘Fifty Two News’ကိုလည်း ထပ်ဆင့်မျှဝေသည်။ တိုက်ပွဲသတင်းများကို ပင်မလွှင့်တင်ပြီး ‘ကျော်စွာ’နှင့်‘မင်းချစ်ဦး’ချန်နယ်မှအကြောင်းအရာများကို ပြန် လည်မျှဝေလေ့ရှိသည်။ ‘ကိုသက်’ဦးဆောင်သော ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်(၄၇)ခု၏ကို ‘တိုက်ပွဲစုံသတင်း’မှ ထပ်ဆင့်မျှဝေပေးခြင်းဖြင့် လူသိများအောင် လုပ်ပေးလေ့ရှိပြီး “Fifty Two News”ကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


ဟန်ငြိမ်းဦး (Han Nyein Oo)


‘ဟန်ငြိမ်းဦး’ကို ‘စိုးနိုင်’နှင့်’ကကဟန်’အဖြစ်လူသိများပြီး ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီကတည်းက ထင်ရှားကျော်ကြားသူ များ၏အတွင်းရေးများကို ဖွင့်ချသူအဖြစ် သတင်းဆိုးထွက်သူဖြစ်သည်။ ကလစ်ဘိတ်(clickbait)အကောင့်များနှင့်ယူကျူ့ (You Tube)အကောင့်ပေါင်းများစွာဖြင့် ‘ဟန်ငြိမ်းဦး’သည်ဆက်စပ်ပတ်သက်နေပြီး ယင်းတို့မှတစ်ဆင့် ငွေရှာနေကြောင်း သိရသည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုဆန့်ကျင်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာထိ ခိုက်စော်ကားခြင်းနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ ရှာဖွေဖွင့်ချခြင်း(doxxing)များကို အင်တိုက်အားတိုက်လုပ် ဆောင်ခဲ့သည်။ အချို့သော သတင်းရင်းမြစ်များ၏အဆိုအရ ရဲတပ်ဖွဲနှင့်စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ‘ဟန်ငြိမ်းဦး’၏သတင်းအချက်အလက်များကို အလေးထားအသုံးပြု၍ ဖမ်းဆီးချုပ်နှောင်မှုများကို ပြုလုပ်ရကြောင်း သိရသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ‘ဟန်ငြိမ်းဦး’သည် သူ၏ပရိသတ်ကို တယ်လီဂရမ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။ သူ့ချန်နယ်အား စိတ်ဝင်စားစေရန် ညစ်ညမ်းဓာတ်ပုံနှင့်ဗီဒီယိုမျာကို တင်လေ့ရှိသည်။ ‘ဟန်ငြိမ်းဦး’နှင့်သက်ဆိုင်သည့်တယ်လီဂရမ်ချန်နယ်(၄၂)ခုကို မှတ်တမ်းပြုထားနိုင်ပြီး ယင်းတို့အနက်မှချန်နယ်(၅)ခုနှင့်အစုအဖွဲ့အကောင့်(၂)ခုသည် အသက် ဝင်လှုပ်ရှားနေဆဲဖြစ်သည်။

‘ဟန်ငြိမ်းဦး’သည် ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်(၅၉)ခုဖြင့်ပတ်သက်ဆက်နွယ်နေပြီး ‘မှိုင်းဝေ’နှင့်‘ကျော်စွာ’တို့အပါ အဝင် ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်(၂၈)ခုကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအား ကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


မှိုင်းဝေ (Hmine Wai)


‘မှိုင်းဝေ’ချန်နယ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂)ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ‘တပ်ကြပ်ကြီးဖိုးစီ’‘ကိုသက်’၊ ‘ဟန်ငြိမ်းဦး’၊ ‘ကျော်စွာ’နှင့်‘ဘညွန့်’ချန်နယ်များမှ အကြောင်းအရာများကို ထပ်ဆင့်လွှင့်တင်လေ့ရှိသည်။ ‘မှိုင်းဝေ’ဖြင့်သက်ဆိုင်သောအခြားချန်နယ်တစ်ခုမှ‘ကပ္ပတိန်မှိုင်းဝေ’ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ(၁၆)ရက်တွင် ဖွင့်ခဲ့သည်။ ‘မှိုင်းဝေ’၏ဖော်ပြချက်များအရ ‘နေပြည် တော်စစ်ဌာနချုပ်’မှဖြစ်ကြောင်းသိရပြီး ‘ကိုသက်’ချန်နယ်က ထပ်ဆင့်မျှဝေခြင်းဖြင့် လူသိများပျံ့နှံအောင် လုပ်ဆောင်ပေးကြောင်း တွေ့ရသည်။

‘မှိုင်းဝေ’သည် တယ်လီဂရမ်တွင် စစ်တပ်ကိုယ်စားပြုချန်နယ်(၁၃၆)ခုဖြင့် ပူးပေါင်းလုပ်ဆောင်နေပြီး စစ်တပ်ကိုယ်စားပြုချန်နယ်(၂၁၈)ခုကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့် သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။ သူ၏ကွန်ရက်သည် ‘ကိုသက်’၏ကွန်ရက်နှင့်ထပ်တူကျနေသည်ကို ထူးခြားစွာတွေ့ရသည်။


ကိုချစ်(မန္တလေး) (Ko Chit (MDY))


ကိုချစ်(မန္တလေး)သည် စစ်တပ်ထောက်ခံသောတယ်လီဂရမ်ချန်နယ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လ(၂၈)တွင် ဖွင့်လှစ်ခဲ့သည်။ ထိုချန်နယ်သည် ‘ကိုသက်၏ကွန်ရက်’ဖြင့်ဆက်နွယ်နေပြီစစ်တပ်ဝါဒဖြန့်ချိရေးအကြောင်းအရာနှင့်ဒီမိုကရေစီအရေးလှုပ်ရှား မှုများ အားနည်းသွားစေရန်လုပ်ဆောင်သည့် အကြောင်းအရာများကို ဖြန့်ဝေလေ့ရှိသည်။ ‘ကိုချစ်’ဖြန့်ဝေသောအကြောင်းအ ရာများသည် မန္တလေးတိုင်းဒေသကြီးအခြေပြု စစ်ရေးသတင်းများဖြစ်လေ့ရှိသည်။ လေ့လာမှုအရ ရရှိသောအထောက်အ ထားများအရ ‘MDY Image’ချန်နယ်ဖြင့်လည်း ပါဝင်ပတ်သက်နေကြောင်း တွေ့ရသည်။

တယ်လီဂရမ်တွင် ကိုချစ်(မန္တလေး)သည် စစ်တပ်ကိုယ်စားပြုသောချန်နယ်(၆၇)ခုဖြင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိပြီး ချန်နယ်(၅၆)ခုကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။ သူ့ကွန်ရက်သည် ကိုသက်၊ မှိုင်းဝေ၊ ကျော်စွာနှင့် အခြားသောစစ်တပ်ထောက်ခံသူများဖြင့် ထပ်တူကျနေသည်။


 ကိုသက် (Ko Thet)


ကိုသက်သည် သူ့ကိုယ်သူ ‘သတင်းစာဆရာ၊ သတင်းသမား’ဟု ပုံဖော်လေ့ရှိသည်။ သို့သော် ဒုဗိုလ်မှူးကြီး ရာထူးရှိသော ဗမာစစ်တပ်အရာရှိဖြစ်သည်ကို ‘ဟန်ငြိမ်းဦး’လွှင့်တင်သောတယ်လီဂရမ်ဗီဒီယိုတစ်ခုတွင်တွေ့ရသည့် ကိုသက်ဝတ်ဆင်ထားသော စစ်ဝတ်စုံပါ ရာထူးဖော်ပြချက်အရသိရသည်။ စစ်ဝတ်စုံပါ လက်မောင်းတံဆိပ်ဖော်ပြချက်အရ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်နယ်မြေဖြစ်သော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်တည်ရှိသော အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်မှဖြစ်ကြောင်း သိရသည်။ ကိုသက်သည် လက်ရှိအချိန်တွင် တယ်လီဂရမ်ချန်နယ်(၁၀)ခုခန့်ကို ကိုင်တွယ်စီမံနေပြီး သူ၏အသက်ဝင်နေဆဲချန်နယ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဖွင့်ခဲ့သည်။

၂၀၂၁ အာဏာသိမ်းကတည်းက ကိုသက်သည် စစ်တပ်၏ဝါဒဖြန့်ချိရေး၌ပါဝင်ခဲ့ပြီး လူမှုကွန်ရက်မီဒီယာမျိုးစုံကိုအ သုံးပြု၍ဝါဒဖြန့်ချိခြင်းလှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးဖြစ်သည်။ တယ်လီဂရမ်ရှိ စစ်တပ်ကိုယ်စားပြုချန်နယ်(၁၆၆)ခုဖြင့် ပူး တွဲလုပ်ဆောင်နေပြီး ချန်နယ်(၃၀၄)ခုကို ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့်လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိပြီး ယင်းချန်နယ်တွင် အမျိုးသားရေးလှုပ်ရှားသူ၊ သတင်းသမားအမည်ခံ ‘နောင်တော်လေး’လည်း ပါဝင်သည်။


ကျော်စွာ (Kyaw Swar)



‘ကျော်စွာ’သည် ‘Positive Angle News (PAN)’၏ အယ်ဒီတာချုပ်ဖြစ်သည်။ ‘PAN’ ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် စတင်တည်ထောင်ခဲ့သည်။ ဗမာစစ်တပ်၏အရာရှိတစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီ၏မဲဆွယ်စည်း ရုံးရေးအွန်လိုင်းကိစ္စများကို ရွေးကောက်ပွဲကာလ၌ ပြုလုပ်ပေးခဲ့သည်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း၌ ဟန်ငြိမ်းဦးနှင့်သဇင်ဦးတို့ဖြင့်ပူးပေါင်း၍ကိုယ်ရေးကိုယ်တာအချက်အလက်များရှာဖွေဖွင့်ချခြင်း(doxxing)လှုပ်ရှားမှုကိုလုပ်ဆောင်ခဲ့သည်။ ‘ကျော်စွာ’သည် တယ်လီဂရမ်ချန်နယ်(၁၂)ခုကိုဖွင့်လှစ်ခဲ့ပြီး သူ၏အသက်ဝင်နေဆဲချန်နယ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဖွင့်ထားခဲ့သည်။ သူ၏အမည်ခံသတင်းဌာန ‘Positive Angle News (PAN)’ တယ်လီဂရမ်ချန်နယ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၌ ဖွင့်ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂၀)ရက်တွင်ဖွင့်ခဲ့သော ‘ကျော်စွာ’တယ်လီဂရမ်ချန်နယ်တွင် ချန်နယ်ရယူထားသူ ၁၆၅,၀၀၀ ရှိပြီး ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်(၈၅)ဖြင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ယင်းတွင် ‘ကိုသက်’ချန်နယ်ပါဝင်သည်။ ‘မင်းချစ်ဦး’ချန်နယ်ကို လူသိများအောင်လုပ်ပေးလေ့ရှိပြီး ယင်းချန်နယ်သည် ရခိုင်ပြည်နယ်အရေးကိစ္စကို အလေး ထားဖော်ပြသောချန်နယ်ဖြစ်သည်။


မေယုဌာနေ (May Yu Htar Nay)


မေယုဌာနေသည် မီဒီယာအမည်ခံထားသော ဝါဒဖြန့်ချိရေးချန်နယ်ဖြစ်ပြီ၂၀၂၂ ခုနှစ် ဇွန်လ(၂၃)ရက်၌ ချန်နယ်ဖွင့်ခဲ့သည်။ ထိုချန်နယ်ကို ကိုသက်၏အဖွဲ့က ဦးဆောင်သည်။ ရခိုင့်အရေးကိစ္စဖြင့်ပတ်သက်သည်များကို ထိုချန်နယ်တွင် လွှင့်တင်လေ့ရှိပြီး တခြားချန်နယ်မှအကြောင်းအရာများကိုလည်း ထပ်ဆင့်မျှဝေလေ့ရှိသည်။ အကြောင်းအရာအားလုံးသည် ဗမာစစ်တပ်အ တွက်ဝါဒဖြန့်ချိထားခြင်းသာဖြစ်သည်။ ‘မေယုဌာနေ’မှ ထပ်ဆင့်မျှဝေပေးလေ့ရှိသော ချန်နယ်များမှာ မင်းချစ်ဦး၊ Western 24 News၊ Doror Waddy Media၊ Palwa Daily News၊ ရခိုင်နေ့စဉ်၊ ယနေ့ရခိုင်ပြည်ဖြစ်ရပ်မှန်များ၊ သံတွဲမြို့လူထုအသံ၊ Voice of Muslim နှင့် အာရကန်ဌာနေတို့ဖြစ်ကြသည်။ ယင်းတို့အနက် သတင်းနှင့်မီဒီယာဟုဖော်ပြထားသည်များမှာ သတင်းဌာနများမဟုတ်ကြဘဲ အမည်ခံများသာဖြစ်သည်။ သုတေသန၏လေ့လာချက်များအရ ‘မေယုဌာနေ’သည် ရခိုင့်အ ရေးအတွက် စစ်တပ်ဝါဒဖြန့်ချိရေးကို ဦးတည်လုပ်ဆောင်ကြောင်း တွေ့ရသည်။

တယ်လီဂရမ်ရှိ ‘မေယုဌာနေ’ချန်နယ်သည် ဗမာစစ်တပ်ကိုယ်စားပြုသောချန်နယ်(၅၅)ခုဖြင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိပြီး ချန်နယ်(၉၅)ခုကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


မင်းချစ်ဦး (Min Chit Oo)


ဗမာအမည်‘မင်းချစ်ဦး’အား အင်္ဂလိပ်အမည်ဖြင့် ‘Min Chit Oo’ဟုဖော်ပြ၍ တယ်လီဂရမ်ချန်နယ်ကို ၂၀၂၁ ခုနှစ် ဇွန်လ (၂၇)တွင် ဖွင့်ခဲ့သည်။ ကိုသက်၊ ကျော်စွာ၊ ဘညွန့်နှင့် ဟန်ငြိမ်းဦးအစရှိသော ဝါဒဖြန့်ချိရေးကွန်ရက်ဖြင့် ချိတ်ဆက်ပတ်သက် နေသော ချန်နယ်တစ်ခုဖြစ်သည်။ ‘Min Chit Oo’အမည်ဖြင့် အရံအကောင့်တစ်ခုရှိပြီး ယင်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်တွင် ဖွင့်ခဲ့သည်။ ‘မင်းချစ်ဦး’ချန်နယ်သည် ရခိုင့်အရေးကိစ္စများကို အဓိကထားဖော်ပြပြီး ဗမာစစ်တပ်က ပုံဖော်လိုသောအကြောင်းအရာများ ရခိုင်ပြည်နယ်အတွင်းပျံ့နှံ့စေရန် ရည်ရွယ်သည်။ ချန်နယ်၏ဖော်ပြချက်များတွင် ကိုယ်ရေးကိုယ် တာအချက်အလက်များကိုရှာဖွေဖွင့်ချခြင်း(doxxin)ကို အင်တိုက်အားတိုက်လုပ်ဆောင်သည်။ ရခိုင်လက်နက်ကိုင်တပ် အေအေ(AA)၏စစ်ရေးလုပ်ဆောင်ချက်များအပေါ် အထင်အမြင်လွဲမှားစေနိုင်သော ရုပ်ပုံများ၊ သတင်းများနှင့်လုပ်ကြံသတင်းများကို လွှင့်တင်လေ့ရှိသည်။

‘မင်းချစ်ဦး’ချန်နယ်မှနေ၍ ကိုသက်နှင့်မေယုဌာနမှ အကြောင်းအရာများကို ထပ်ဆင့်ဖြန့်ဝေလေ့ရှိသည်။ ချန်နယ် သည် ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်(၈၉)ခုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ‘ရခိုင်နေ့စဉ်’မှသတင်းများကိုလည်း ထပ် ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


လက်ဝဲသုန္ဒရအမတ်ကြီး (Min Kan Si)


‘လက်ဝဲသုန္ဒရအမတ်ကြီး’ဆိုသော ဗမာအမည်ဖြင့်အကောင့်သည် “Min Kan Si”၏ချန်နယ်ဖြစ်ပြီ၂၀၂၃ ခုနှစ် အောက်တို ဘာလ(၃၀)ရက်၌ စတင်ဖွင့်ခဲ့သည်။ ထိုချန်နယ်သည် “Snow Queen’ကွန်ရက်၏အစိတ်အပိုင်းဖြစ်သည်။ ပထဝီအနေ အထားဦးတည်ချက်အရ မွန်ပြည်နယ်ကို ဦးတည်ထားပြီး ယင်းဒေသအတွင်းရှိ စစ်ရေးကိစ္စများ၊ ပီဒီအက်ဖ်လှုပ်ရှားမှုများနှင့် တိုင်းရင်းသားလက်နက်များ၏အရေးကိစ္စများကို လွှင့်တင်လေ့ရှိသည်။ တန်ပြန်ဝါဒဖြန့်ချိသော လုပ်ငန်းများကိုလည်း လုပ် ဆောင်သည်။ ထို့အပြင် ပဋိပက္ခဒေသများရှိ အရပ်သားများအပေါ် အကြမ်းဖက်ရန်လှုံဆော်လေ့ရှိသည်။ ‘Snow Queen’နှင့် ‘Min Din”တို့ကလွှင့်တင်သောအကြောင်းအရာများကို ထပ်ဆင့်မျှဝေလေ့ရှိပြီး ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်(၆)ဖြင့် ပူး ပေါင်းလုပ်ကိုင်လျက်ရှိပြီး ချန်နယ်(၁၂)ခု၏စစ်ရေးဝါဒဖြန့်ချိမှုများကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သ တင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


နောင်တော်လေး (ခ) နိုင်ဝင်းထွန်း


‘နောင်တော်လေး’ကို ‘နိုင်ဝင်းထွန်း’အဖြစ်သိရပြီး Myanmar National Post(MNP)၏အယ်ဒီတာချုပ်ဖြစ်သည်။ သူ သည် အမျိုးသားရေးလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ‘မြန်မာအမျိုးသားရေးကွန်ရက်’၏အတွင်းရေးမှူးဖြစ်သည်။ ၂၀၂၁ အာ ဏာသိမ်းမှုမတိုင်မီကတည်းက သူသည် အမျိုးသားရေးလှုပ်ရှားမှုများတွင်ပါဝင်နေခဲ့ပြီး ဝင်းကိုကိုလတ်၊ အေလေး၊ ကျော်စိုးဦး၊ ဝင်းမော်(ရွှေသံစဉ်)နှင့်မဘသတို့ဖြင့် အားကောင်းသောဆက်ဆံရေးရှိသူဖြစ်သည်။ ‘နောင်တော်လေး’ထူထောင်သော ‘Myanmar National Post’သည် ‘မြန်မာအမျိုးသားရေးကွန်ရက်’ဖြင့်ပတ်သက်ဆက်နွယ်ပြီး အယ်ဒီတာချုပ်အဖြစ် သူက တာဝန်ယူထားသည်။ တယ်လီဂရမ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၌ ‘နောင်တော်လေး’က စတင်သုံးခဲ့သည်။ တောင်ပေါ်သားဟုခေါ်သော ပြည်ခိုင်ဖြိုးပါတီမဲဆွယ်ချန်နယ်တွင် ပူးပေါင်းပါဝင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လနောက်ပိုင်းမှစတင်၍ ‘ကိုသက်၏ ကွန်ရက်’က ‘နောင်တော်လေး’ကို လူသိများအောင် ဖြန့်ဝေပေးခဲ့သည်။ ‘ကိုသက်၏ကွန်ရက်’ဖြစ်သော ကိုသက်၊ မှိုင်းဝေနှင့် လင်းနေတို့ကလည်း ‘နော်တော်လေး’ချန်နယ်၏အကြောင်းအရာများကို ထပ်ဆင့်မျှဝေပေးပြီး ပိုမိုပျံ့နှံအောင် ကူညီပေးခဲ့ကြ သည်။

‘နောင်တော်လေး’သည် တယ်လီဂရမ်ချန်နယ်(၃)ခုကိုသုံးစွဲနေပြီး ယင်းတွင် ကိုယ်ရေးကိုယ်တာနှင့်မီဒီယာအတွက် ပါ ဝင်သည်။ သူ၏အသက်နေဆဲချန်နယ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်ခဲ့သည်။ သူချန်နယ်တွင် သူသည် အမျိုးသားရေးသ တင်းသမားဖြစ်ကြောင်း ဖော်ပြထားသည်။ သူ၏ကိုယ်ရေးကိုယ်တာချန်နယ်နှင့်မီဒီယာချန်နယ်တို့တွင် အချက်အလက်တူအ ကြောင်းအရာများကို တပြိုင်တည်းလွှင့်တင်လေ့ရှိသည်။ သူသည် စစ်တပ်ကိုယ်စားပြုနှင့်ပြည်ခိုင်ဖြိုးကိုယ်စားပြုချန်နယ် (၄၂)ဖြင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး သူ၏ဘက်လိုက်သောမီဒီယာ Myanmar National Post အပါအဝင် အခြားအကောင့်(၁၂)ခုကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။



People Media


‘People Media’ကို ‘ကျော်စိုးဦး’သည် ၂၀၁၉ ခုနှစ်၌တည်ထောင်၍ ဗမာစစ်တပ်ထောက်ခံသောမီဒီယာဖြစ်ပြီး အယ်ဒီတာချုပ်အဖြစ် ‘ကျော်စိုးဦး’ကပဲ တာဝန်ယူထားသည်။ ‘People Media’တယ်လီဂရမ်ချန်နယ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ၌ စတင်ဖွင့်ခဲ့ပြီ ‘People Media’၏ပင်မသတင်းထုတ်လုပ်ရေးချန်နယ်အဖြစ် အသုံးပြုနေသည်။ ‘ကျော်စိုးဦး’သည် သတင်း ရုပ်သံတင်ဆက်မှုများကို ရိုက်ကူးထုတ်လုပ်၍ ပုံမှန်လွှင့်တင်သည်။ ထိုအစီအစဉ်ကို သူတစ်ဦးတည်းကသာ ပြောဆို ရိုက်ကူးထုတ်လုပ်သည်။ ‘People Media’သည် စစ်တပ်ကိုယ်စားပြုချန်နယ်(၉၁)ဖြင့်ချိတ်ဆက်နေပြီး 'ကိုသက်'နှင့်လည်းပတ်သက် နေသည်။ မြန်မာရုပ်မြင်သံကြားအပါအဝင် အခြားသောစစ်တပ်ကိုယ်စားပြုချန်နယ်(၆)ခုကို ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


ဖိုးစည်


ဗမာအမည်‘တပ်ကြပ်ကြီးဖိုးစည်’သည် ‘ဖိုးစည်’၏ချန်နယ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ(၁၅)ရက်တွင် ဖွင့်ခဲ့သည်။ ‘ဖိုးစည်’နှင့်သက်ဆိုင်သောချန်နယ်များမှ“မောင်ဖိုးစည်”(၂၀၂၁ ခုနှစ် ဩဂုတ်လ(၂၇)တွင် ချန်နယ်ဖွင့်)“တပ်ကြပ်ကြီးဖိုးစီ” (၂၀၂၂ ခုနှစ် မတ်လ(၁၀)တွင် ချန်နယ်ဖွင့်)“ဖိုးစည်”(၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ(၂၇)တွင် ချန်နယ်ဖွင့်)တို့ဖြစ်သည်။ “တပ်ကြပ် ကြီးဖိုးစည်”ဆိုသောအမည်သည် အများပြည်သူအကြားထင်ရှားခဲ့သော ဗမာစစ်တပ်ဝါဒဖြန့်ချိရေးရုပ်ရှင်ဇာတ်ကားမှ သရုပ် ဆောင်ကျော်ဟိန်း၏ဇာတ်ကောင်အမည်ဖြစ်သည်။ ချန်နယ်တွင် အသုံးပြုထားသော ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်း၏ဇာတ်ဝင်ခန်းဓာတ်ပုံအရ အကောင့်အမည်ကို ထင်ရှားသည့်ရုပ်ရှင်မှယူထားကြောင်း သိသာသည်။

“ဖိုးစည်”ချန်နယ်သည် ပီဒီအက်ဖ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏သတင်းများကို စုဆောင်း၍ တန်ပြန်ဝါဒဖြန့်ချိခြင်းများကို ဆောင်ရွက်သည်။ “ဖိုးစည်”သည် ဗမာစစ်တပ်ပိုင်မီဒီယာ၏မြဝတီသတင်းချန်နယ်(၂၀၂၁ ခုနှစ် မတ်လ(၃၁)တွင် ချန်နယ်ဖွင့်)မှအကြောင်းအရာများနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးချန်နယ်(၂၀၂၁ ခုနှစ် ဧပြီလ(၁၅)တွင် ချန်နယ်ဖွင့်)မှအကြောင်းအရာများကို အဓိကအားဖြင့် မျှဝေလေ့ရှိသည်။

“ဖိုးစည်”သည် ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်(၂၈)ခုဖြင့် ပူးပေါင်းဆောင်ရွက်နေပြီး မြဝတီချန်နယ်၊ ကာကွယ်ရေးဦး စီးချုပ်ရုံးချန်နယ်နှင့် သူ၏အရံချန်နယ်များအပါအဝင် ချန်နယ်(၇)ခုက အကြောင်းအရာများကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


Snow Queen


‘Snow Queen’ချန်နယ်သည် မီဒီယာအမည်ခံထားသောချန်နယ်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလ(၉)ရက်တွင် ချန်နယ်ကို ဖွင့်ခဲ့သည်။ အချိန်တိုအတွင်း၌ ရဲရင့်ထက်၊ လင်းနေ၊ ဘညွန့်နှင့် City Hunter တို့က ‘Snow Queen’ ၏ဖော်ပြချက်များကို ကျယ်ပြန့်စွာပျံ့နှံ့အောင် ကူညီပေးခဲ့ကြသည်။ သူချန်နယ်ကို ရယူထားကြသူ ‘၅၈ကေ’ ရှိသည်။ ကိုယ်ရေးကိုယ်တာအချက်အ လက်များရှာဖွေဖွင့်ချခြင်း(doxxing)၊ စစ်ရေးသတင်းစုဆောင်းခြင်း၊ အကြမ်းဖက်တိုက်ခိုက်ရန်လှုံ့ဆော်ခြင်းနှင့်တန်ပြန်ဝါဒ ဖြန့်ချိရန်ကိစ္စများတွင် အဓိကပါဝင်လုပ်ကိုင်သည်။

‘Snow Queen’သည် ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်(၆၆)ခုဖြင့် ပူးပေါင်းဆောင်ရွက်နေပြီး ယင်းတို့တွင် ရဲရင့်ထက်နှင့်လင်းနေတို့ပါဝင်သည်။ ဘညွန့်နှင့်ရဲရင့်ထက်အပါအဝင် ချန်နယ်(၁၄၄)ခုကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


သဇင်ဦး


‘သဇင်ဦး’သည် သူရိယနေဝန်းမှ အစီအစဉ်တင်ဆက်သူဖြစ်ပြီး အောင်မင်း၏ ‘MHT News’တွင်လည်း အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ ဗမာစစ်တပ်ကိုင် မြဝတီသတင်းဌာန၌ မိုးဟိန်း(သူရိယနေဝန်း)တင်ဆက်နေသော အပတ်စဉ် ရုပ်သံအစီအစဉ်တွင် ရုပ်သံသတင်းအစီအစဉ်မှူးအဖြစ်ဆောင်ရွက်နေသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးလုပ်ငန်းများကို ပါဝင်လုပ်ကိုင်ခဲ့သည်။ တယ်လီဂရမ်ချန်နယ်ပေါင်းများစွာကို ‘သဇင်ဦး’က စီမံနေပြီး ယင်းတို့အ နက်တစ်ခုသည် အကြမ်းဖက်မှုနှင့်ဆက်စပ်နေသောကြောင့် ပိတ်ပင်ခံခဲ့ရသည်။ ၂၀၂၁ အာဏာသိမ်းစဉ်ကတည်းက ‘သဇင်ဦး’သည် အာဏာသိမ်းမှုဆန့်ကျင်သူများ၏ ကိုယ်ရေးအချက်အလက်များရှာဖွေဖွင့်ချခြင်း(doxxing)၌ အင်တိုက်အားတိုက် တက်ကြွစွာဖြင့်ပါဝင်ခဲ့သည်။ သူ၏ အသက်ဝင်ရှင်သဲနေဆဲအကောင့်ကို ၂၀၂၂ ခုနှစ် မတ်လ၌ ဖွင့်ခဲ့သည်။

သဇင်ဦးချန်နယ်သည် ဗမာစစ်တပ်ကိုယ်စားပြုသောတယ်လီဂရမ်ချန်နယ်(၉၀)နှင့်ပတ်သက်ဆက်နွယ်နေပြီး ယင်းတို့ တွင် 'ကိုသက်'လည်း ပါဝင်ပြီး 'ကိုသက်'၊ 'မှိုင်းဝေ'နှင့် အခြားချန်နယ်ပေါင်း(၁၆၆)ခုကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။


ရဲရင့်ထက်


ရဲရင့်ထက်(#yyh)သည် စစ်တပ်ထောက်ခံသောချန်နယ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လ(၃၀)ရက်တွင် ဖွင့်ခဲ့သည်။ ထိုချန်နယ် သည် ‘Snow Queen’နှင့် ဘညွန့်တို့၏ကွန်ရက်တွင် ပါဝင်နေသည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များ ရှာဖွေဖွင့်ချခြင်း(doxxing)၊ စစ်ရေးသတင်းအချက်အလက်စုဆောင်းခြင်း၊ အကြမ်းဖက်ရန်တိုက်တွန်းခြင်းနှင့်တန်ပြန်ဝါဒဖြန့်ချိခြင်းကိစ္စတွင် ‘ရဲရင့်ထက်’ပါဝင်ခဲ့သည်။

‘ရဲရင့်ထက်’သည် စစ်တပ်ကိုယ်စားပြုချန်နယ်(၅၅)ခုဖြင့် ပူးပေါင်းဆောင်ရွက်နေပြီး ‘Snow Queen’နှင့်‘လင်းနေ’အ ပါအဝင်ချန်နယ်(၃၄၂)ခုကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့်လူသိများရန်နှင့်သတင်းပျံ့နှံမှုအားကောင်းရန်ပြုလုပ်ပေးလေ့ရှိသည်။ ယင်းတို့တွင် 'ဘညွန့်'နှင့်‘Snow Queen’တို့လည်း ပါဝင်သည်။


စည်းကိုက်ဝါးကိုက် အပြုအမူများ


ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်များ၏ကွန်ရက်တည်ရှိပုံနှင့်လည်ပတ်ပုံကို သုတေသနကာလအတွင်း၌ လေ့လာခဲ့ရာတွင် ကွန်ရက်မှဖြန့်ဝေသောအကြောင်းအရာများသည် ထပ်တူညီနေသည်ကို ထူးခြားစွာတွေ့ရသည်။ ဝါဒဖြန့်ယန္တရားလည်ပတ်ရေးအတွက် အဓိကကျသောလှုပ်ရှားသူများမှာ ‘ကိုသက်’၊ ‘မှိုင်းဝေ’၊ ‘သဇင်ဦး’၊ ‘ကျော်စွာ’၊ ‘ဟန်ငြိမ်းဦး’နှင့် ‘Snow Queen’ တို့သည် ဝါဒဖြန့်ချိရေးကွန်ရက်၏ဗဟိုချက်ကျသည့်အစုအဖွဲ့အဖြစ် တယ်လီဂရမ်လူမှုကွန်ရက်ပေါ်တွင် ရှိနေသည်။ ထိုသူ များနှင့်အဖွဲ့များ၏ကန့်လန့်ကာနောက်ကွယ်တွင် သတင်းမီဒီယာအမည်ခံမီဒီယာများ၊ ပထဝီအနေအထားအရ ဒေသမတူညီမှုများနှင့် တိုင်းရင်းသားများအား ပစ်မှတ်ထားသည်များကို တွေ့ရသည်။

ဝါဒဖြန့်ချိသူများ၏နောက်ထပ်အကျိုးအမြတ်ရလိုမှုမှာ မတူညီသောချန်နယ်များမှတစ်ဆင့် ပရိသတ်များစွာရရှိလိုခြင်းနှင့် ရှိရင်းစွဲမိမိချန်နယ်ပရိသတ်များကို အခြားအုပ်စုတူချန်နယ်များကို ချိတ်ဆက်အသုံးပြုစေလိုခြင်းဖြစ်သည်။ သူတို့သည် လူသိနည်းသောချန်နယ်များမှ အကြောင်းအရာများကိုလည်းပျံ့နှံစေရန် ထပ်ဆင့်မျှလေ့ရှိပြီး ကွန်ရက်အတွင်းရှိအကြောင်း အရာများကို အပ်ကြောင်းထပ်တူညီနေအောင် စီမံနေသည်။

တယ်လီဂရမ်လူမှုကွန်ရက်မီဒီယာပေါ်ရှိ ဗမာစစ်တပ်ကိုယ်စားပြုချန်နယ်များသည် တူညီသောမဟာဗျူဟာကိုအသုံး ပြု၍ လိုရာပုံသွင်းပုံဖော်ထားသော ဇာတ်လမ်းများဖန်တီးခြင်း၊ ကိုယ်ရေးအချက်အလက်များရှာဖွေဖွင့်ချခြင်း(doxxing)၊ စစ်ရေးသတင်းများစုဆောင်းခြင်းနှင့် အကြမ်းဖက်ရန်လှုံဆော်ခြင်းများကို ပြုလုပ်နေသည်။


နိဂုံး


တယ်လီဂရမ်လူမှုကွန်ရက်မီဒီယာကိုအသုံးပြုနေသော မြန်မာအဝန်းအဝိုင်းအတွင်းရှိ စစ်တပ်၏ဝါဒဖြန့်ချိခြင်းကွန်ရက်အားလေ့လာဆန်းစစ်ခြင်းအားဖြင့် စစ်တပ်၏လူထုအမြင်ကို လွှမ်းမိုးမှုရှိစေရန်ကြိုးပမ်းမှု၊ သဘောထားကွဲလွဲမှုများကို ဖိနှိပ်လိုမှုနှင့် စစ်တပ်၏ဇာတ်လမ်းဖန်တီးမှုအပေါ်အားဖြည့်ရန် ကြိုးပမ်းမှုများကိုပေါ်လွင်စေပြီး ကောင်းမွန်သောလူမှုကွန်ရက်မီဒီယာတစ်ခုအဖြစ်ရပ်တည်နိုင်ရန် ပူးပေါင်းပါဝင်ခြင်းဖြစ်သည်။ စစ်တပ်၏ဝါဒဖြန့်ချိမှုများ၌အဓိကပါဝင်နေသော ကိုသက်၊ မှိုင်းဝေ၊ သဇင်ဦး၊ ကျော်စွာ၊ ဟန်ငြိမ်းဦးနှင့် Snow Queen တို့သည် ဝါဒဖြန့်ချိရေးကွန်ရက်၏ဗဟိုချက်မများဖြစ်ပြီး အကြောင်းအရာများအပ်ကြောင်းထပ်နေစေရန်ထိန်းထားခြင်းနှင့်နည်းလမ်းစုံဖြင့် လူထုအကြားပျံ့နှံစေနေရေးဗျူဟာများကို ယင်းတို့အကြားချဲ့ထွင်၍ ဝါဒဖြန့်ချိလိုသောအကြောင်းအရာများ လူထုအကြား ကျယ်လောင်စွာရောက်ရှိစေရန် ရည်ရွယ်နေသည်။

ထိုဝါဒဖြန့်ချိရေးကွန်ရက်၏ဗျူဟာများတွင် ကိုယ်ရေးအချက်အလက်ရှာဖွေဖွင့်ချခြင်း(doxxing)ကို ကျယ်ပြန့်စွာလုပ် ဆောင်ခြင်း၊ စစ်ဆင်းသတင်းအချက်အလက်စုဆောင်းခြင်း၊ အကြမ်းဖက်ရန်လုံဆော်ခြင်းနှင့် လုပ်ကြံသတင်းဖြန့်ဝေခြင်းများအဓိကပါဝင်နေပြီး ယင်းတို့သည် မတူညီသောပစ်မှတ်များ၊ မတူညီသောပထဝီဒေသများနှင့် စုံလင်ကွဲပြားသောတိုင်းရင်းသားများထံသို့ရောက်ရှိ၍ သွေးကွဲသွားစေရန်နှင့်မငြိမ်မသက်ဖြစ်နေစေရန် ရည်ရွယ်သည်။ စစ်တပ်၏ဝါဒဖြန့်ချိရေးချန်နယ်များအကြား ပူးပေါင်းဆောင်ရွက်နေခြင်းနှင့်အချင်းချင်းအားပေးနေခြင်းများသည် ဝါဒဖြန့်ချိခြင်းကို အားပေးနေသလို အကြောင်း အရာတစ်ခု၏မူလရင်းမြစ်အစစ်အမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်၍ အများပြည်သူ၏စစ်မှန်သော သတင်းရင်းမြစ်သိပိုင်ခွင့်ကို ခက်ခဲဝေဝါးစေသည်။

စစ်တပ်ဝါဒဖြန့်ချိရေး ပင်မလုပ်ဆောင်သူများ၏တယ်လီဂရမ်လူမှုကွန်ရက်မီဒီယာအသုံးပြုမှုသည် ယင်းတို့၏ဝါဒဖြန့် ချိရေးအကြောင်းအရာများ ဖြန့်ဝေရန်သက်သက်မဟုတ်ဘဲ ဖေ့ဘွတ်ခ့်၊ ယူကျူ့၊ တစ်တော့ခ့်နှင့် တွစ်တာတို့ရှိ ယင်းတို့၏အကောင့်အသစ်များအပေါ် အချက်အလက်များရောက်ရှိစေရန်လည်းဖြစ်သည်။ ကံအားလျော်စွာ ဖေ့ဘွတ်ခ့်သည် ယင်းဝါဒဖြန့်ချိရေးစစ်တပ်အကောင့်များကို သူ၏လူမှုကွန်ရက်မီဒီယာမှတက်ကြွစွာ ဖယ်ရှားပစ်နေသည်။ ထို့ကြောင့် တယ်လီဂရမ်သည် အခြားသောလူမှုကွန်ရက်မီဒီယာများအတွက် ပရိသတ်စုစည်းရာနေရာဖြစ်လာသည်။

စုပေါင်းဖွဲ့စည်းထားသော ဝါဒဖြန့်ချိရေးကွန်ရက်၏သက်ရောက်မှုများသည် အလွန်လေးနက်ပြီး လူမှုပတ်ဝန်းကျင်အ တွင်းအကြောက်တရားဖြစ်ထွန်းမှုကိုသွပ်သွင်း၍ သတင်းမှားများဖြင့် အများပြည်သူ၏လူထုအမြင်များကို နှစ်ခြမ်းကွဲစေ သည်။ ယင်းသည် ဒီမိုကရေစီဖြစ်ထွန်းမှုကို အားနည်းစေသည်။ တစ်ဦးချင်း၏လုံခြုံသောဘဝကို ခြိမ်းခြောက်နေစေပြီး စစ်အ စိုးရအပေါ်ဆန့်ကျင်နေသူများအား လွတ်လပ်မှုဆုံးရှုံးနေစေသည်။

ထိုဝါဒဖြန့်ချိနေသူများ၏အန္တရာယ်များကို တန်ပြန်ဟန့်တားနိုင်ရန်အတွက် ဝါဒဖြန့်ချိရေးပင်မဦးဆောင်သူများကို ပိတ် ပင်ကန့်သတ်ခြင်းနှင့် ယင်းတို့၏ကွန်ရက်များကို စူးစမ်းဖော်ထုတ်ခြင်းများကို ဆောင်ရွက်ရန်အရေးကြီးသည်။ လူမှုကွန်ရက်မီဒီယာများဖြစ်သော မီတာ(ဖေ့ဘွတ်ခ့်)၊ ယူကျူ့၊ တွစ်တာနှင့် တစ်တော့ခ့်တို့ကလည်း တယ်လီဂရမ်လူမှုကွန်ရက်မီဒီယာဝါဒ ဖြန့်ချိရေးကွန်ရက်ဖြင့် ချိတ်ဆက်နေသည်များကို ဖယ်ရှားသင့်သည်။ ထို့အပြင် အရပ်ဘက်အဖွဲ့အစည်းများနှင့်နိုင်ငံတကာအသိုင်းအဝန်းကလည်း လူမှုကွန်ရက်မီဒီယာများ၏တာဝန်ယူမှု၊ တာဝန်ခံမှုကို တွန်းအားပေးရန်လိုအပ်ပြီး တယ်လီဂရမ်လူမှုကွန်ရက်ဖြင့် အတူတကွပူးပေါင်း၍ ပြဿနာများဖြေရှင်းရန် ကြိုးပမ်းသင့်သည်။



Recommended Citation Style -

Myanmar Internet Project (2024, August 13). လူမျိုးတုံးသတ်ဖြတ်ရန် မီးစာတင်ခြင်း. https://www.myanmarinternet.info/my/post/blog-19-fuelinggenocide-my-version

Comments


bottom of page