မြန်မာနွေဦး ဒစ်ဂျစ်တယ် တော်လှန်ရေး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များမှာ တရားမျှတမှုမရှိ ဟူသော တစ်ဖက်သတ်စွပ်စွဲချက်ဖြင့် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ၄င်းအာဏာသိမ်းမှုကို ဒီမိုကရေစီလိုလားသော၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ပြည်သူများမှ ဆန့်ကျင်တော်လှန်မှုများသည် ယခုထက်တိုင် အစဥ်တစိုက်ရှိနေခဲ့ကြသည်။ မြေပြင်တွင် ငြမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုများ သာမက ဒစ်ဂျစ်တယ်ရပ်ဝန်းပေါ်တွင် နည်းပညာကို အသုံးချပြီး  အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများသည်လည်း အရေးပါသော အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုများဖြစ်လာခဲ့သည်။  ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်မှ ဖေဖော်ဝါရီ ၁ ရက် ၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်းသည့် တစ်နှစ်တာကာလတွင်း မြန်မာနွေဦးဒစ်ဂျစ်တယ်တော်လှန်ရေး လှုပ်ရှားမှုများအားလေ့လာကြည့်လျှင် အပိုင်း သုံးပိုင်း ခွဲခြားနိုင်ပါသည် ။

  1. ဒစ်ဂျစ်တယ်နည်းနာအရ ခုခံခြင်း (Digital Resistance) 
  2. အင်တာနက်မှတဆင့် ဒစ်ဂျစ်တယ်နည်းနာအရ ရန်ပုံငွေကောက်ခံခြင်း (Digital Fundraising) 
  3. ဒစ်ဂျစ်တယ်နည်းနာအရ အန္တရာယ်ရှိလာနိုင်သည်များကို ကြိုတင် ကာကွယ်တားဆီးခြင်း (Digital Risk Prevention and Protection) တို့ဖြစ်ပါသည် ။ 

ဒီဂျစ်တယ် နည်းနာအရ ခုခံခြင်း လှုပ်ရှားမှု မှတ်တမ်းများ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒထုတ်ဖော်မှုများစွာကို မြန်မာတနိုင်ငံလုံးမှ ပြည်သူများမှ နည်းလမ်းမျိုးစုံဖြင့် ဖော်ထုတ်ပြသခဲ့ကြသည် ။ အင်တာနက်စာမျက်နှာများမှတဆင့် မြေပြင်ထက်ထိ စစ်အာဏာရှင်ကိုမလိုလားသူများ ၊  လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများ နှင့်  ပြည်သူတင်မြှောက်ထားသည့် အစိုးရအဖွဲ့အစည်းမှ တာဝန်ရှိသူများမှ တိုက်တွန်းနှိုးဆော်ခဲ့ကြပြီး ပြည်သူအများအပြားပါဝင်ခဲ့ကြသည့် မှတ်ကျောက်တင်ရမည့် ထင်ရှားသည့်လှုပ်ရှားမှုများစွာရှိခဲ့သည် ။ ထို လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ လစဉ်အလိုက် မှတ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး အောက်ပါ အတိုင်းဖော်ပြထားသည် ။

 

Timeline

2021
August 8 2021

၈ လေးလုံး

၈ လေးလုံး
စစ်အာဏာရှင်ဆန့်ကျင့်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် လှုပ်ရှားမှုတစ်ခုဖြစ်သော ၈ လေးလုံးလှုပ်ရှားမှု  ၃၃ နှစ်မြောက် ကို လေးစားဂုဏ်ပြုသော အထိမ်းအမှတ်အနေဖြင့် သပိတ်လှုပ်ရှားမှု တွင် ပါဝင်ရန် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများက တိုက်တွန်းနှိုးဆော်ခဲ့ကြသည် ။ သပိတ်တွင် ပါဝင်ဆင်နွှဲနိုင်ရန်..Read More
July 20 2021

ပြည်သူမှ ပြည်သူသို့ (အဝါရောင်ကမ်ပိန်း)

ပြည်သူမှ ပြည်သူသို့ (အဝါရောင်ကမ်ပိန်း)
၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အာဏာသိမ်း စစ်ကောင်စီ၏ ကျန်းမာရေးစီမံခန့်ခွဲ့မှု အားနည်းခြင်းကြောင့်  နိုင်ငံရှိ အများပြည်သူလူထုများ ကိုဗစ်-၁၉  တတိယလှိုင်း ရိုက်ခတ်မှုများကို ပြင်းပြင်းထန်ထန်ခံစားနေရသောကြောင့် ပြည်သူအချင်းချင်း အခက်အခဲကြုံနေချိန် ကူညီနိုင်ရန် “ပြည်သူမှ ပြည်သူသို့” လှုပ်ရှားမှုကို အင်တာနက်စာမျက်နှာများမှ..Read More
July 19 2021

အာဇာနည်နေ့

အာဇာနည်နေ့
၂၀၂၁ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၄ နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးသွားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ပုဂ္ဂိုလ်ကြီး ၉ ဦးအပြင် မြန်မာ့သမိုင်းတစ်လျှောက်တွင် ကျဆုံးသွားခဲ့သော သူရဲကောင်းများကို အလေးပြုသောအားဖြင့်..Read More
July 7 2021

၇.၇.၆၂ မမေ့ကြနဲ့

၇.၇.၆၂ မမေ့ကြနဲ့
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် မြန်မာ့နို်င်ငံရေးသမိုင်း ၊ ကျောင်းသားနိုင်ငံရေးသမိုင်းနှင့် စစ်အာဏာရှင်သမိုင်းတွင် အထင်ကရ နေ့ရက်တစ်ရက်ဖြစ်ခဲ့သည် ။ ၁၉၆၂ ခုနှစ် မတ်လ တွင် ဦးနုအစိုးရဆီမှ စစ်တပ်ခေါင်းဆောင် ဗိုလ်နေဝင်းမှ အာဏာသိမ်းမှု..Read More
June 19 2021

ပန်းသပိတ်

ပန်းသပိတ်
၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏  ၇၆ နှစ်ပြည့် မွေးနေ့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ဖမ်းဆီးခံခေါင်းဆောင်များ နှင့် နိုင်ငံရေးအကျဉ်းသားများ ကို လေးစား ဂုဏ်ပြုသောအားဖြင့်  ပန်းသပိတ်..Read More
June 19 2021

Sister2Sister Campaign

Sister2Sister Campaign
၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ပဋိပက္ခအတွင်း  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအဆုံးသတ်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ပဋိပက္ခများအကြား  မြန်မာအမျိုးသမီးများအား ပစ်မှတ်တိုက်ခိုက်ထားသည်များကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက တိုက်တွန်းနှိုးဆော်ခဲ့ကြသည်..Read More

Spring Blog