မြန်မာနွေဦး ဒစ်ဂျစ်တယ် တော်လှန်ရေး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များမှာ တရားမျှတမှုမရှိ ဟူသော တစ်ဖက်သတ်စွပ်စွဲချက်ဖြင့် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ၄င်းအာဏာသိမ်းမှုကို ဒီမိုကရေစီလိုလားသော၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ပြည်သူများမှ ဆန့်ကျင်တော်လှန်မှုများသည် ယခုထက်တိုင် အစဥ်တစိုက်ရှိနေခဲ့ကြသည်။ မြေပြင်တွင် ငြမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုများ သာမက ဒစ်ဂျစ်တယ်ရပ်ဝန်းပေါ်တွင် နည်းပညာကို အသုံးချပြီး  အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများသည်လည်း အရေးပါသော အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုများဖြစ်လာခဲ့သည်။  ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်မှ ဖေဖော်ဝါရီ ၁ ရက် ၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်းသည့် တစ်နှစ်တာကာလတွင်း မြန်မာနွေဦးဒစ်ဂျစ်တယ်တော်လှန်ရေး လှုပ်ရှားမှုများအားလေ့လာကြည့်လျှင် အပိုင်း သုံးပိုင်း ခွဲခြားနိုင်ပါသည် ။

  1. ဒစ်ဂျစ်တယ်နည်းနာအရ ခုခံခြင်း (Digital Resistance) 
  2. အင်တာနက်မှတဆင့် ဒစ်ဂျစ်တယ်နည်းနာအရ ရန်ပုံငွေကောက်ခံခြင်း (Digital Fundraising) 
  3. ဒစ်ဂျစ်တယ်နည်းနာအရ အန္တရာယ်ရှိလာနိုင်သည်များကို ကြိုတင် ကာကွယ်တားဆီးခြင်း (Digital Risk Prevention and Protection) တို့ဖြစ်ပါသည် ။ 

ဒီဂျစ်တယ် နည်းနာအရ ခုခံခြင်း လှုပ်ရှားမှု မှတ်တမ်းများ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒထုတ်ဖော်မှုများစွာကို မြန်မာတနိုင်ငံလုံးမှ ပြည်သူများမှ နည်းလမ်းမျိုးစုံဖြင့် ဖော်ထုတ်ပြသခဲ့ကြသည် ။ အင်တာနက်စာမျက်နှာများမှတဆင့် မြေပြင်ထက်ထိ စစ်အာဏာရှင်ကိုမလိုလားသူများ ၊  လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများ နှင့်  ပြည်သူတင်မြှောက်ထားသည့် အစိုးရအဖွဲ့အစည်းမှ တာဝန်ရှိသူများမှ တိုက်တွန်းနှိုးဆော်ခဲ့ကြပြီး ပြည်သူအများအပြားပါဝင်ခဲ့ကြသည့် မှတ်ကျောက်တင်ရမည့် ထင်ရှားသည့်လှုပ်ရှားမှုများစွာရှိခဲ့သည် ။ ထို လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ လစဉ်အလိုက် မှတ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး အောက်ပါ အတိုင်းဖော်ပြထားသည် ။

 

Timeline

2021
August 11 2021

(၂ )သံတမန်ရေးရာတိုက်ပွဲ – လတ်မှတ်ထိုး လှုပ်ရှားမှု

(၂ )သံတမန်ရေးရာတိုက်ပွဲ – လတ်မှတ်ထိုး လှုပ်ရှားမှု
သံတမန်ရေးရာတိုက်ပွဲလှုပ်ရှားများမှ လှုပ်ရှားမှုတစ်ခုအနေဖြင့် အင်တာနက်မှတဆင့် ပြည်သူလူထု၏ လတ်မှတ်ပေါင်းများစွာကို စုဆောင်းကောက်ယူပြီး သက်ဆိုင်ရာကိုပေးပို့သည့် လှုပ်ရှားမှု ပြုလုပ်ခြင်း ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည် ။ ကုလသမဂ္ဂအထွေထွေညီလာခံ မှ NUG..Read More
August 9 2021

(၁) သံတမန်ရေးရာတိုက်ပွဲ – FB profile Change Campaign

(၁) သံတမန်ရေးရာတိုက်ပွဲ – FB profile Change Campaign
သံတမန်ရေးရာတိုက်ပွဲလှုပ်ရှားမှုများမှ ပထမဆုံးလှုပ်ရှားမှုအနေဖြင့်  လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် ဖေ့ဘွတ် ကိုယ်ပိုင် စာမျက်နှာ ဓါတ်ပုံဘောင် ပြောင်းလဲခြင်း (Profile Frame) ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၉ရက်နေ့တွင် ပြုလုပ်ခဲ့သည် ။ FB အထွေထွေ သပိတ်..Read More
August 9 2021

သံတမန်ရေးရာတိုက်ပွဲ – Credential Challenge

သံတမန်ရေးရာတိုက်ပွဲ – Credential Challenge
၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမည့် အစိုးရ တစ်ရပ်နဲ့ အမြဲတမ်း ကိုယ်စားလှယ်တဖွဲ့ကိုရွေးချယ်ရမည်ဖြစ်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administrative Council..Read More
August 8 2021

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရားမှု – ပထမအကြိမ် ဓါတ်ပုံကမ်းပိန်

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရားမှု –  ပထမအကြိမ် ဓါတ်ပုံကမ်းပိန်
ဓါတ်ပုံကမ်းပိန်များ၏ ပထမအကြိမ်အဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ် ၈ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် ဖေ့ဘွတ် နှင့် တွစ်တာစာမျက်နှာများတွင် အကြမ်းဖက်စစ်တပ်ဝင်ငွေတွေကို ရပ်ပစ်ပါ (Freeze the Terrorist Junta Income) ၊ အာဏာသိမ်းစစ်တပ်နဲ့..Read More
August 8 2021

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရားမှု – Blood Money Campaign

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရားမှု – Blood Money Campaign
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုသည် မြန်မာနွေဦးတော်လှန်ရေးတွင် မှတ်တမ်းတင်ဖော်ပြရမည့်  လှုပ်ရှားမှုဖြစ်ပြီး အာဏာသိမ်း စစ်တပ်၏ နိုင်ငံခြား ဝင်ငွေများ ရပ်စဲရန် ၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းမျာနှင့် စစ်တပ်ဖြင့် လက်တွဲလုပ်ဆောင်ခြင်း များ ရပ်တန့်ရန် အထူးသဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (Myanmar Oil..Read More
August 8 2021

၈ လေးလုံး

၈ လေးလုံး
စစ်အာဏာရှင်ဆန့်ကျင့်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် လှုပ်ရှားမှုတစ်ခုဖြစ်သော ၈ လေးလုံးလှုပ်ရှားမှု  ၃၃ နှစ်မြောက် ကို လေးစားဂုဏ်ပြုသော အထိမ်းအမှတ်အနေဖြင့် သပိတ်လှုပ်ရှားမှု တွင် ပါဝင်ရန် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများက တိုက်တွန်းနှိုးဆော်ခဲ့ကြသည် ။ သပိတ်တွင် ပါဝင်ဆင်နွှဲနိုင်ရန်..Read More

Spring Blog

No posts were found for provided query parameters.