မြန်မာနွေဦး ဒစ်ဂျစ်တယ် တော်လှန်ရေး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များမှာ တရားမျှတမှုမရှိ ဟူသော တစ်ဖက်သတ်စွပ်စွဲချက်ဖြင့် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ၄င်းအာဏာသိမ်းမှုကို ဒီမိုကရေစီလိုလားသော၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ပြည်သူများမှ ဆန့်ကျင်တော်လှန်မှုများသည် ယခုထက်တိုင် အစဥ်တစိုက်ရှိနေခဲ့ကြသည်။ မြေပြင်တွင် ငြမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုများ သာမက ဒစ်ဂျစ်တယ်ရပ်ဝန်းပေါ်တွင် နည်းပညာကို အသုံးချပြီး  အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများသည်လည်း အရေးပါသော အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုများဖြစ်လာခဲ့သည်။  ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်မှ ဖေဖော်ဝါရီ ၁ ရက် ၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်းသည့် တစ်နှစ်တာကာလတွင်း မြန်မာနွေဦးဒစ်ဂျစ်တယ်တော်လှန်ရေး လှုပ်ရှားမှုများအားလေ့လာကြည့်လျှင် အပိုင်း သုံးပိုင်း ခွဲခြားနိုင်ပါသည် ။

  1. ဒစ်ဂျစ်တယ်နည်းနာအရ ခုခံခြင်း (Digital Resistance) 
  2. အင်တာနက်မှတဆင့် ဒစ်ဂျစ်တယ်နည်းနာအရ ရန်ပုံငွေကောက်ခံခြင်း (Digital Fundraising) 
  3. ဒစ်ဂျစ်တယ်နည်းနာအရ အန္တရာယ်ရှိလာနိုင်သည်များကို ကြိုတင် ကာကွယ်တားဆီးခြင်း (Digital Risk Prevention and Protection) တို့ဖြစ်ပါသည် ။ 

ဒီဂျစ်တယ် နည်းနာအရ ခုခံခြင်း လှုပ်ရှားမှု မှတ်တမ်းများ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒထုတ်ဖော်မှုများစွာကို မြန်မာတနိုင်ငံလုံးမှ ပြည်သူများမှ နည်းလမ်းမျိုးစုံဖြင့် ဖော်ထုတ်ပြသခဲ့ကြသည် ။ အင်တာနက်စာမျက်နှာများမှတဆင့် မြေပြင်ထက်ထိ စစ်အာဏာရှင်ကိုမလိုလားသူများ ၊  လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများ နှင့်  ပြည်သူတင်မြှောက်ထားသည့် အစိုးရအဖွဲ့အစည်းမှ တာဝန်ရှိသူများမှ တိုက်တွန်းနှိုးဆော်ခဲ့ကြပြီး ပြည်သူအများအပြားပါဝင်ခဲ့ကြသည့် မှတ်ကျောက်တင်ရမည့် ထင်ရှားသည့်လှုပ်ရှားမှုများစွာရှိခဲ့သည် ။ ထို လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ လစဉ်အလိုက် မှတ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး အောက်ပါ အတိုင်းဖော်ပြထားသည် ။

 

Timeline

2021
November 1 2021

ကျောင်းမပို့ဘူး သပိတ်

ကျောင်းမပို့ဘူး သပိတ်
၂၀၂၁ နိုဝင်ဘာတွင်  ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများသို့ မိဘပြည်သူများမှ မိမိတို့၏ သားသမီးများကို ကျောင်းမပို့ရန် နှင့် ပညာများ ပြန်လည်သင်ကြား ပါကလည်း စစ်ကျွန်ပညာရေးဖြစ်မည်မှာ သေချာပေါက်ဖြစ်မည်ဟု ဆိုသည့် ရည်ရွယ်ချက်များဖြင့်  “ကျောင်းမပို့ဘူး” သပိတ်ကို ဒုတိယကြိမ် လှုပ်ရှားမှုပြုလုပ်၍..Read More
October 30 2021

သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု

သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ နှင့် ၃၁ ကြားတွင် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု  ကို အရှိန်မြင့်သည့်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး  (Global Myanmar Spring revolution –..Read More
October 19 2021

တော်လှန်သီတင်းကျွတ်

တော်လှန်သီတင်းကျွတ်
နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော သူရဲကောင်းများကိုအောက်မေ့ခြင်း ၊ မတရားဖမ်းဆီးခံထားရသော အကျဉ်းထောင်တွင်းမှ ရဲဘော်များအား ဂုဏ်ပြုခြင်းနှင့် တော်လှန်တိုက်ပွဲဝင်ရဲဘော်ရဲဘက်များအားလုံးအတွက် ဆုတောင်းမေတ္တာပို့သခြင်း နှင့် တော်လှန်ရေး မီးတောက်မီးလျှံများ  အရှိန်ဟုန်မပြတ် တောက်လောင်နေဆဲ ဖြစ်သည်ကို ပုံဖော်ပြသရန် ရည်ရွယ်ချက်များဖြင့် သီတင်းကျွတ်အခါသမယကို တော်လှန်သီတင်းကျွတ်အဖြစ်..Read More
September 25 2021

သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု – အွန်လိုင်း ဆန္ဒထုတ်ဖော်ပွဲ

သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု  – အွန်လိုင်း ဆန္ဒထုတ်ဖော်ပွဲ
သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုမှ ဒုတိယအကြိမ် ဓါတ်ပုံကမ်ပိန်း လှုပ်ရှားမှုအဖြစ်  ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၅ မှ ၂၈ အထိ အွန်လိုင်းဆန္ဒထုတ်ဖော်ပွဲ ခေါင်းစဉ်ဖြင့် ရေနံ ကုမ္မဏီများဖြစ်သည့်  Total နှင့် Chevron ကုမ္မဏီများမှ..Read More
September 11 2021

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့ နွေဦးတော်လှန်ရေး

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့ နွေဦးတော်လှန်ရေး
ကုလသမဂ္ဂ အထွေထွေညီလာခံတွင်  ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးနှင့်  NUG အား နိုင်ငံကိုယ်စားပြုရေးအတွက် ရွေးချယ်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေ (Global Myanmar Spring Revolution – GMSR) အဖွဲ့မှ အထွေထွေသပိတ် ပေါင်းစပ်ညှိနိုင်ရေး အင်အားစု..Read More
September 7 2021

ပြည်သူတော်လှန်ရေးနေ့

ပြည်သူတော်လှန်ရေးနေ့
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သမ္မတ ဒူဝါလရှီးမှ  တစ်နိုင်ငံလုံးအား အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်များကို ချေမှုန်းတိုက်ခိုက်သည့် တော်လှန်ရေးစတင်ကြောင်းကို  စက်တင်ဘာ ၇ ရက်နေ့ တွင် အရေးပေါ်မိန့်ခွန်းထုတ်၍ ကြေညာခဲ့သည် ။ စစ်အာဏာရှင်ကို တော်လှန်သည့်..Read More

Spring Blog