မြန်မာနွေဦး ဒစ်ဂျစ်တယ် တော်လှန်ရေး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များမှာ တရားမျှတမှုမရှိ ဟူသော တစ်ဖက်သတ်စွပ်စွဲချက်ဖြင့် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ၄င်းအာဏာသိမ်းမှုကို ဒီမိုကရေစီလိုလားသော၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ပြည်သူများမှ ဆန့်ကျင်တော်လှန်မှုများသည် ယခုထက်တိုင် အစဥ်တစိုက်ရှိနေခဲ့ကြသည်။ မြေပြင်တွင် ငြမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုများ သာမက ဒစ်ဂျစ်တယ်ရပ်ဝန်းပေါ်တွင် နည်းပညာကို အသုံးချပြီး  အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများသည်လည်း အရေးပါသော အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုများဖြစ်လာခဲ့သည်။  ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်မှ ဖေဖော်ဝါရီ ၁ ရက် ၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်းသည့် တစ်နှစ်တာကာလတွင်း မြန်မာနွေဦးဒစ်ဂျစ်တယ်တော်လှန်ရေး လှုပ်ရှားမှုများအားလေ့လာကြည့်လျှင် အပိုင်း သုံးပိုင်း ခွဲခြားနိုင်ပါသည် ။

  1. ဒစ်ဂျစ်တယ်နည်းနာအရ ခုခံခြင်း (Digital Resistance) 
  2. အင်တာနက်မှတဆင့် ဒစ်ဂျစ်တယ်နည်းနာအရ ရန်ပုံငွေကောက်ခံခြင်း (Digital Fundraising) 
  3. ဒစ်ဂျစ်တယ်နည်းနာအရ အန္တရာယ်ရှိလာနိုင်သည်များကို ကြိုတင် ကာကွယ်တားဆီးခြင်း (Digital Risk Prevention and Protection) တို့ဖြစ်ပါသည် ။ 

ဒီဂျစ်တယ် နည်းနာအရ ခုခံခြင်း လှုပ်ရှားမှု မှတ်တမ်းများ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒထုတ်ဖော်မှုများစွာကို မြန်မာတနိုင်ငံလုံးမှ ပြည်သူများမှ နည်းလမ်းမျိုးစုံဖြင့် ဖော်ထုတ်ပြသခဲ့ကြသည် ။ အင်တာနက်စာမျက်နှာများမှတဆင့် မြေပြင်ထက်ထိ စစ်အာဏာရှင်ကိုမလိုလားသူများ ၊  လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများ နှင့်  ပြည်သူတင်မြှောက်ထားသည့် အစိုးရအဖွဲ့အစည်းမှ တာဝန်ရှိသူများမှ တိုက်တွန်းနှိုးဆော်ခဲ့ကြပြီး ပြည်သူအများအပြားပါဝင်ခဲ့ကြသည့် မှတ်ကျောက်တင်ရမည့် ထင်ရှားသည့်လှုပ်ရှားမှုများစွာရှိခဲ့သည် ။ ထို လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ လစဉ်အလိုက် မှတ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး အောက်ပါ အတိုင်းဖော်ပြထားသည် ။

 

Timeline

2022
February 1 2022

တတိယအကြိမ် တိတ်ဆိတ်ခြင်းဖြင့် ဆန္ဒပြခြင်း (အသံတိတ် သပိတ် – Third Silent Strike)

တတိယအကြိမ် တိတ်ဆိတ်ခြင်းဖြင့် ဆန္ဒပြခြင်း (အသံတိတ် သပိတ် – Third Silent Strike)
လှုပ်ရှားမှုပြုလုပ်ရန် အခက်အခဲအများအပြားရှိခဲ့သော်လည်း တတိယအကြိမ်မြောက် အသံတိတ်လှုပ်ရှားမှု ပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီး  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အထွေထွေ သပိတ် ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (General Strike Coordination..Read More
2021
December 10 2021

ဒုတိယအကြိမ် တိတ်ဆိတ်ခြင်းဖြင့် ဆန္ဒပြခြင်း (အသံတိတ် သပိတ် – Second Silent Strike)

ဒုတိယအကြိမ် တိတ်ဆိတ်ခြင်းဖြင့် ဆန္ဒပြခြင်း (အသံတိတ် သပိတ် – Second Silent Strike)
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်မည့် “လူအခွင့်အရေးနေ့” အထိမ်းအမှတ်ဖြင့် တက်ကြွလှုပ်ရှားသူများ ၊ ကျောင်းသား နှင့် လူငယ်အင်အားစုများ၊  တိုင်းရင်းသားအဖွဲ့ပေါင်းစုံပါဝင်သည့် အထွေထွေ သပိတ်ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (General Strike..Read More
May 1 2021

ပြည်သူမှ ပြည်သူဝန်ထမ်းများ ဆီသို့

ပြည်သူမှ ပြည်သူဝန်ထမ်းများ ဆီသို့
၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် CDM လှုပ်ရှားမှုတွင် ပါဝင်ကြသော နိုင်ငံဝန်ထမ်းများ ၊ ဆရာ / ဆရာမများ ၊ ဆရာဝန်များကို “ပြည်သူ့မှ ပြည်သူဝန်ထမ်းများ ဆီသို့” ဆိုသည့်..Read More
April 26 2021

ဘူး သပိတ်

ဘူး သပိတ်
“ဘူးတစ်လုံးဆောင်ပြီး အရေးတော်ပုံ အောင်ရမည်” ဟူသည် ဆောင်ပုဒ်ဖြင့် နိုင်ငံဝန်ထမ်းများ ရုံးမတက်ဘူး ၊ ပြည်သူများ စစ်ကောင်စီကို  အခွန်အခများ မပေးဆောင်ဘူး ၊ စစ်တပ်နှင့် ပတ်သက်ဆက်နွယ်နေသည့် စီးပွားထုတ်ကုန်များ မသုံးဘူး ၊ စစ်ကောင်စီ ညွှန်ကြားချက်များ..Read More
April 21 2021

တီရှပ်ပြာ လှုပ်ရှားမှု

တီရှပ်ပြာ လှုပ်ရှားမှု
၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ တွင် ကွယ်လွန်သွားသော နိုင်ငံ‌ရေး အကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင်ကို လေးစားဂုဏ်ပြုခြင်းနှင့် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်စေရန် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၂၁..Read More
April 13 2021

တော်လှန် သင်္ကြန် (ဧပြီလ ၁၃ – ၁၇ )

တော်လှန် သင်္ကြန်  (ဧပြီလ ၁၃ – ၁၇ )
၂၀၂၁ ခုနှစ် ဧပြီလ ၁၃ မှ ၁၇ ရက်နေ့ တွင် ကျရောက်သော မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပခြင်းမပြုရန်နှင့် စစ်ကောင်စီကို တော်လှန်သည့်သင်္ကြန် အဖြစ် သတ်မှတ်၍ သင်္ကြန် အကြိုနေ့ ဧပြီ ၁၃..Read More
April 11 2021

Flash Strike

Flash Strike
၂၀၂၁ ခုနှစ် ဧပြီလ ၁၁ ရက်ည တွင် စစ်အာဏာရှင်ကို ဆန့်ကျင့်သည့်အနေဖြင့် နိုင်ငံအနှံ့အပြားမှ ပြည်သူလူထုမှ Flash Strike ကောင်းကင်ကို ဓါတ်မီးများ ထိုးခြင်း (Flash Strike) ၊ မိုဘိုင်းဖုန်းများမှ ဓါတ်မီးများ..Read More
April 4 2021

Easter Day Egg Strike

Easter Day Egg Strike
၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့ အီစတာ ဆန်းဒေး နေ့တွင် စစ်အာဏာရှင်ကို ဆန့်ကျင့်ကြောင်းပြသသည့်အနေဖြင့် မြန်မာ့ပြည်သူလူထုက မိမိတို့ နေအိမ်များ နှင့် နေထိုင်ရာ လမ်းများတွင် ကြက်ဥများကို ရုပ်ပုံများ ဆွဲခြင်း ဆေးများခြယ်သ၍..Read More
April 2 2021

ပန်းသပိတ်

ပန်းသပိတ်
ငြိမ်းချမ်းစွာဆန္ဒပြနေသော လူထုအကြား စစ်ကောင်စီ တပ်ဖွဲ့မှ မတရား ဖြိုခွင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပြည့်သူများအတွက် ရည်စူးဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင်  ဘတ်စ်ကားမှတ်တိုင်များတွင်  ပြည်သူများမှ ပန်းများ  ထားရှိခြင်းအားဖြင့် ဝမ်းနည်းကြောင်း ၊..Read More
March 27 2021

တပေါင်းတိုက်ပွဲ

တပေါင်းတိုက်ပွဲ
၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တော်လှန်ရေးနေ့တွင်  “တပေါင်းစစ်ချီ ဒေါင်းစစ်သည် သန်းချီတက်မည့် တပေါင်းတိုက်ပွဲ” ဆိုသည့် ဆောင်ပုဒ် ၊ “အားလုံးစုဝေး ဖက်ဆစ်တော်လှန်ရေး” ဆိုသည့် ဆောင်ပုဒ် များဖြင့် ကျောင်းသား..Read More