၂၀၁၇ ခုနှစ်တွင် မြန်မာအကြမ်းဖက်စစ်တပ်၏ “နယ်မြေရှင်းလင်းရေး” အမည်ခံ လူမျိုးသုဉ်း သတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာပေါင်း သောင်းချီသေဆုံးပြီး (၇)သိန်းကျော်ဟာ အိုးအိမ်တွေစွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့နိုင်ငံကို ထွက်ပြေးခဲ့ကြရသည် ။ လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ အတွင်း စစ်တပ်မှ တိုင်းရင်းသားများအပေါ် ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများ ၊ မုဒိမ်းမှုများကို ကျူးလွန်ခဲ့ခြင်း နှင့် သမိုင်းပုံဖျက်ပြီး တိုင်းရင်းသားများနှင့် ရိုဟင်ဂျာများကို အထင်လွဲစေသည့် သွေးထိုးအမုန်းစကားများ ဖြန်ံဝေခဲ့ခြင်းများပြုလုပ်ခဲ့သည် ။
ထိုအဖြစ်အပျက်များကို လျစ်လျူရှူခဲ့မိသည်ကို တောင်းပန်သည့်အနေဖြင့် ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခြင်း လေးနှစ်ပြည့်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် “We apologize” campaign ကို လူအခွင့်အရေးလှုပ်ရှားသူများမှ စတင်၍ ပြည်သူလူထုများ ပါဝင်နိုင်သည့် လှုပ်ရှားမှုကို နှိုးဆော်ခဲ့ကြသည် ။ လှုပ်ရှားမှုတွင် ပါဝင်မည့် အများပြည်သူများအနေဖြင့် လက် ၃ ချောင်းထောင်ပြီး “Sorry” ဟုရေးသားထားသည့် စာရွက် ကို်ငဆောင်ကာ ဓါတ်ပုံရိုက်နိုင်ပြီး အင်တာနက်စာမျက်နှာများတွင် ဝေမျှနိုင်သည်ဟု နှိုးဆော်ခဲ့ကြသည် ။