၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအဆုံးသတ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဋိပက္ခများအကြား မြန်မာအမျိုးသမီးများအား ပစ်မှတ်တိုက်ခိုက်ထားသည်များကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက တိုက်တွန်းနှိုးဆော်ခဲ့ကြသည် ။ “Sisters2Sisters” လှုပ်ရှားမှု အဖွဲ့မှ ဦးဆောင်၍ အင်တာနက်သုံးစွဲသူများအနေဖြင့် လက်သုံးချောင်း ထောင်ခြင်းဖြင့် အလေးပြုခြင်း ၊ ဖမ်းဆီးခံ အမျိုးသမီးများ၏ ရဲရင့်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် နှုတ်ခမ်းနီဆိုးခြင်း “#REDLipsSpeakTruthToPower” ဆိုသည့် ဆောင်ပုဒ်များ အသုံးပြုကာ အင်တာနက် စာမျက်နှာများပေါ်တွင် ဝေမျှခြင်းများပြုလုပ်ရန် နှိုးဆော် တိုက်တွန်းခဲ့ကြသည် ။