စစ်အာဏာရှင်ဆန့်ကျင့်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် လှုပ်ရှားမှုတစ်ခုဖြစ်သော ၈ လေးလုံးလှုပ်ရှားမှု ၃၃ နှစ်မြောက် ကို လေးစားဂုဏ်ပြုသော အထိမ်းအမှတ်အနေဖြင့် သပိတ်လှုပ်ရှားမှု တွင် ပါဝင်ရန် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများက တိုက်တွန်းနှိုးဆော်ခဲ့ကြသည် ။ သပိတ်တွင် ပါဝင်ဆင်နွှဲနိုင်ရန် လှုပ်ရှားမှုများအနေဖြင့် အနီရောင်အင်္ကျီ ဝတ်ဆင်သည့် အနီရောင် လှုပ်ရှားမှုနှင့် လက်ရှစ်ချောင်းသပိတ် ဆိုသည့် ၈ ၄ လုံး တော်လှန်မှုအား ဂုဏ်ပြုသည့်အနေဖြင့် လက် ၈ ချောင်းထောင်ခြင်းများ ပြုလုပ်ကာ အင်တာနက်စာမျက်နှာများတွင် ဓါတ်ပုံရိုက်ကာ ဝေမျှခြင်းများ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည် ။ “၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း” ဆိုသည့် စာသားများဖြင့် ၈ လေးလုံးသပိတ်လှုပ်ရှားမှုတွင် အင်တာနက်အသုံးပြုသူများက ပါဝင်ဆင်နွှဲခဲ့ကြသည် ။