၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမည့် အစိုးရ တစ်ရပ်နဲ့ အမြဲတမ်း ကိုယ်စားလှယ်တဖွဲ့ကိုရွေးချယ်ရမည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administrative Council – SAC ) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (National Union of Government – NUG) တို့ အစိုးရ နှစ်ရပ်လုံးမှ အသိအမှတ်ပြုရရေး ကြိုးပမ်းကြရမည်ဖြစ်သည် ။ ထိုသို့ ရွေးချယ်ရာတွင် နိုင်ငံ ၉ နိုင်ငံ ပါဝင်သည့် ကိုယ်စားပြုခွင့်ရွေးချယ်ကော်မတီ (Credential Committees) မှ မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး ထိုကော်မတီ၏ အကြံပြုချက်ကို ညီလာခံကို တင်သွင်းမည်ဖြစ်သည် ။ ထိုအကြံပြုချက်ကို အထွေထွေညီလာခံ တက်ရောက်သည့် နိုင်ငံ ၁၃၉ နိုင်ငံမှ တစ်နိုင်ငံမှ သဘောမတူပါက မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည် ။ အထွေထွေညီလာခံတက်ရောက်လာသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ မြန်မာပြည်သူ့တစ်ရပ်လုံး ထောက်ခံသည့် NUG ကို သာရွေးချယ်ရန် ၊ အာဏာသိမ်း စစ်ကောင်စီ (SAC) ကို အသိအမှတ်မပြုရန် ကြိုးပမ်းသည့် လှုပ်ရှားမှုကို သံတမန်ရေးရာတိုက်ပွဲ (Credential Challenge) ဟု အမည်သတ်မှတ်ခဲ့သည် ။ ကုလသမဂ္ဂမှ အမျိုးသားညီညွတ်ရေးအစိုးရ NUG အား အသိမှတ်ပြုခဲ့ပါက တရားဝင် ကမ္ဘာအသိအမှတ်ပြု အစိုးရအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း နှင့် နို်င်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားသူများက ကိုယ်စားပြုခွင့်ရရှိရေးအတွက် လှုပ်ရှားမှု အများအပြားပြုလုပ်ခဲ့သည် ။