သံတမန်ရေးရာတိုက်ပွဲလှုပ်ရှားများမှ လှုပ်ရှားမှုတစ်ခုအနေဖြင့် အင်တာနက်မှတဆင့် ပြည်သူလူထု၏ လတ်မှတ်ပေါင်းများစွာကို စုဆောင်းကောက်ယူပြီး သက်ဆိုင်ရာကိုပေးပို့သည့် လှုပ်ရှားမှု ပြုလုပ်ခြင်း ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည် ။ ကုလသမဂ္ဂအထွေထွေညီလာခံ မှ NUG ကို အသိအမှတ်ပြုရန် နှိုးဆော်ခြင်း ခေါင်းစဉ်ဖြင့် “CRPH/NUG Support Group AUSTRALIA” အဖွဲ့မှ ဦးဆောင်၍ အင်တာနက်မှတဆင့် ပြည်သူလူထု၏ လတ်မှတ်ပေါင်းများစွာကို စုဆောင်းကောက်ယူပြီ သက်ဆိုင်ရာကိုပေးပို့သည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ထိုကောက်ခံမှုတွင် ဘာသာစကားခုနှစ်မျိုးဖော်ပြထားရှိပြီး အင်တာနက်သုံးစွဲသူများထံမှ လတ်မှတ် ၂ သိန်းကျော် ကောက်ခံရရှိခဲ့သည် ။ ဩဂုတ်လ ၁၄ရက်နေ့တွင် ထိုသံတမန်ရေးရာ တိုက်ပွဲ-လက်မှတ်ထိုးလှုပ်ရှားမှု ကမ်ပိန်းကဲ့သို့ ဆင်တူရိုးမှား စစ်အာဏာရှင်ကို ထောက်ခံသောကမ်ပိန်းပေါ် ပေါက်ခဲ့သည်။