၂၀၂၂ ခုနှစ်တွင် ဇွန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၃နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်မှကျင်းပသော လွတ်လပ်ရေးပွဲများအား မဆင်နွှဲရန် ၊ Paper strike အနေဖြင့် စာရွက်များတွင် သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ”၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်”၊ “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “တော်လှန်ကြ”၊ “ရုန်းထွက်ကြ” စသည်ဖြင့် နွေဦးတော်လှန်ရေးကာလတလျှောက်လုံး သုံးခဲ့သော ကြွေးကြော်သံများအား အသုံးပြုခြင်းဖြင့် မိမိရေးသားချင်သည်များလည်း ရေးသားပြီး စာချ၊ စာကပ်သပိတ်တွင် ပါဝင်လုပ်ဆောင်ခြင်း ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လှမ်းမျှော်သည့်စာတိုများရေးချ၍ “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” ၊ “ရွှေရည်စိမ် လွတ်လပ်ရေးအလိုမရှိ” စသဖြင့် ဆောင်ပုဒ်များဖြင့် လူမှုကွန်ရက်များတွင် ဝေမျှရန် စစ်အာဏာရှင်ဆန့်ကျင့်သည့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများက တိုက်တွန်းနှိုးဆော်ခဲ့ကြသည် ။