ပန်းသပိတ်
October 20, 2022Sister2Sister Campaign
October 20, 2022
မီးပိတ်သပိတ်ကို မေလ ၁၅ ရက် ၂၀၂၁ ခုနှစ်တွင် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ တကသကျောင်းသားဟောင်းများ အင်အားစုများက မီးပိတ် သပိတ် ကိုပြုလုပ်ရခြင်း ရည်ရွယ်ချက် အချက် ၅ချက်ဖြင့် ည ၈နာရီ သံပုံးတီးပြီးသည့် အချိန် ည ၈နာရီ ၁၅မိနစ် မှ မိနစ် ၃၀အထိ မိမိတို့အိမ် ရှိ မီးများကို အချိန် ၁၅ မိနစ် မျှပိတ်မှိတ်၍ အမှောင်ချကာ တိတ်ဆိတ်စွာနေခြင်းဖြင့် မီးသပိတ်ကို ဆင်နွှဲကြပါရန် ပြည်သူလူထုတရပ်လုံးအား တိုက်တွန်းနှိုးဆော်ထုတ်ပြန်ခဲ့ပါသည်။ မီးပိတ်သပိတ်ကို ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ
- တိုင်းပြည်အာဏာသိမ်းခံ၍ အမှောင်ကျနေသည်မှာ ရက်၁၀၀ ကျော်လွန် ခဲ့ပြီဖြစ်ကြောင်း အမှတ်ရ သတိရှိကြစေရန်။
- ပေးဆပ်စွန့်လွှတ်ခဲ့သူများနှင့် ရွပ်ရွပ်ချွံချွံ ဆန့်ကျင်တော်လှန်နေကြသည့် သူရဲကောင်းများကို အောက်မေ့ဂုဏ်ပြုကြရန်။
- တောထဲတောင်ထဲရှိ စစ်ဘေးရှောင်ပြည်သူများနှင့် လျှပ်စစ်မီးမရရှိသည့် ပြည်သူများနှင့် အတူ တသားတည်းရပ်တည်ကြောင်းပြသကြရန်။
- အာဏာသိမ်းခြင်း ရက်၁၀၀ ကျော်သည်အထိ လုံးဝသွေးမအေးရေး နှင့် အကြမ်းဖက် စစ်ကောင်စီမှ လုံးဝအုပ်ချုပ်ခွင့်မရရှိစေရေး သန္နိဌာန်ချတောင်းဆိုမှုကို အတိတ်ဆိတ်ဆုံးနှင့် အကျယ်လောင်ဆုံး ကြွေးကြော်ကြရန်။
- အမှောင်ဆုံးနေ့ရက်များ ကျော်လွန်လျှင် အောင်ပွဲရရှိရမည်ဖြစ်ကြောင်း သက်သေပြကြရန် တို့ဖြစ်ပါသည်။