“ဘူးတစ်လုံးဆောင်ပြီး အရေးတော်ပုံ အောင်ရမည်” ဟူသည် ဆောင်ပုဒ်ဖြင့် နိုင်ငံဝန်ထမ်းများ ရုံးမတက်ဘူး ၊ ပြည်သူများ စစ်ကောင်စီကို အခွန်အခများ မပေးဆောင်ဘူး ၊ စစ်တပ်နှင့် ပတ်သက်ဆက်နွယ်နေသည့် စီးပွားထုတ်ကုန်များ မသုံးဘူး ၊ စစ်ကောင်စီ ညွှန်ကြားချက်များ မလိုက်နာဘူး နှင့် ဧည့်စာရင်း လုံးဝ မတိုင်ဘူး စသည့် အာဏာသိမ်းစစ်တပ်အား ဖီဆန်သည့် လှုပ်ရှားမှုများ ပြုလုပ်ကြရန် လူငယ်နှင့် ကျောင်းသားခေါင်းဆောင်များက ပြည်သူ့လူထုအား တိုက်တွန်းနှိုးဆော်ခဲ့ကြသည် ။