၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အာဏာသိမ်း စစ်ကောင်စီ၏ ကျန်းမာရေးစီမံခန့်ခွဲ့မှု အားနည်းခြင်းကြောင့် နိုင်ငံရှိ အများပြည်သူလူထုများ ကိုဗစ်-၁၉ တတိယလှိုင်း ရိုက်ခတ်မှုများကို ပြင်းပြင်းထန်ထန်ခံစားနေရသောကြောင့် ပြည်သူအချင်းချင်း အခက်အခဲကြုံနေချိန် ကူညီနိုင်ရန် “ပြည်သူမှ ပြည်သူသို့” လှုပ်ရှားမှုကို အင်တာနက်စာမျက်နှာများမှ တာဝန်သိပြည်သူများမှ စတင်နှိုးဆော်ခဲ့ကြသည် ။ ကိုဗစ်-၁၉ ကြောင့် အစားအသောက် ၊ ဆေးဝါး ၊ အောက်ဆီဂျင်များ ရရှိမှု ခက်ခဲလျှင့် ပြည်သူများအနေဖြင့် မိမိတို့ အိမ်ရှေ့တွင့် အလံဝါ (သို့မဟုတ်) အဝါရောင် အင်္ကျီ (သို့မဟုတ်) အဝါရောင်အဝတ်စ တစ်ခုခုကို မြင်သာအောင် ချိတ်ဆွဲခြင်းဖြင့် လွှင့်ထူကြရန် ၊ ထိုအလံကို မြင်သည့် ပါတ်ဝန်းကျင်မှ အခြားပြည်သူလူထုအနေဖြင့်လည်း လိုအပ်တာများ ကူညီဖြည့်ဆည်းရန်နှင့် စေတနာဝန်ထမ်း နှင့် လူမှု ကူညီရေးရာ ပရဟိတအသင်းများအား ဆက်သွယ်ပေးခြင်းဖြင့် အတူတကွ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကို ဖြတ်ကျော်ကြရန် လှုပ်ရှားမှုတွင် ပါဝင်ကြရန် တိုက်တွန်းခဲ့ကြသည် ။