နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော သူရဲကောင်းများကိုအောက်မေ့ခြင်း ၊ မတရားဖမ်းဆီးခံထားရသော အကျဉ်းထောင်တွင်းမှ ရဲဘော်များအား ဂုဏ်ပြုခြင်းနှင့် တော်လှန်တိုက်ပွဲဝင်ရဲဘော်ရဲဘက်များအားလုံးအတွက် ဆုတောင်းမေတ္တာပို့သခြင်း နှင့် တော်လှန်ရေး မီးတောက်မီးလျှံများ အရှိန်ဟုန်မပြတ် တောက်လောင်နေဆဲ ဖြစ်သည်ကို ပုံဖော်ပြသရန် ရည်ရွယ်ချက်များဖြင့် သီတင်းကျွတ်အခါသမယကို တော်လှန်သီတင်းကျွတ်အဖြစ် လူထု အားလုံး ပါဝင်လှုပ်ရှားဆင်နွှဲကြရန် စစ်အာဏာရှင်ဆန့်ကျင့်ရေး တက်ကြွလှုပ်ရှားသူများမှ နှိုးဆော်ခဲ့ကြသည် ။ တော်လှန်သီတင်းကျွတ်လှုပ်ရှားမှုအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် လက်တစ်ဘက်မှ လက်သုံးချောင်းထောင်ပြီး လက်တစ်ဘက်မှ ဆီမီးခွက်ကိုင်ထားသည့် အွန်လိုင်း ဓါတ်ပုံ လှုပ်ရှားမှု နှင့် အောက်တိုဘာ ၂၀ မှ ၂၁ ထိ နေအိမ်များတွင် ဆီမီးထွန်းပူဇော်ကြမည့် ဆီမီးသပိတ်အဖြစ် လှုပ်ရှားရန် တိုက်တွန်းခဲ့ကြသည် ။