၂၀၂၁ ဇွန်လတွင် စစ်ကောင်စီမှ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများကို ဖွင့်ခဲ့သည် ။ စစ်အာဏာရှင်များ ၏ လူမျိုးကြီးဝါဒနှင့် စစ်ဘက်လွှမ်းမိုးရေးအယူအဆများကို သင်ရိုးများ နှင့် သင်ကြားရေးပုံစံများတွင့် ထည့်သွင်းထားခြင်းများ ၊ စစ်အာဏာရှင်အလိုကျ အတွေးအခေါ်အယူအဆဆိုးများကို စာသင်ကျောင်းတွင် သင်ကြားရခြင်းများ ၊ ကလေးများ၏ လွတ်လပ်စွာ တွေးခေါ်မှုကို ပိတ်ပင်ထားခြင်းများ ရှိနေခြင်းကြောင့် “ပိတ်ဆို့နေတဲ့ စစ်ကျွန်ပညာရေးကို သပိတ်မှောက် ၊ ဖက်ဒရယ်ပညာရေးလမ်းကို ရဲရဲလျှောက်” ဟူသည့် ကြွေးကြော်သံစာသားများဖြင့် ဖွင့်လှစ်ထားသည့်ကျောင်းများ နှင့် တက္ကသိုလ်များကို မတက်ရန် အင်တာနက်စာမျက်နှာများမှ တက္ကသိုလ်ကျောင်းသားလူငယ်များ နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှ “ကျောင်းမတက်ဘူး” လှုပ်ရှားမှုခေါင်းစဉ်ဖြင့် လူထုကို တိုက်တွန်းလှုံဆော်ခဲ့ကြသည် ။