ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးနှင့် NUG အား နိုင်ငံကိုယ်စားပြုရေးအတွက် ရွေးချယ်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေ (Global Myanmar Spring Revolution – GMSR) အဖွဲ့မှ အထွေထွေသပိတ် ပေါင်းစပ်ညှိနိုင်ရေး အင်အားစု (GSCB) နှင့် ပူးပေါင်း၍ နိုင်ငံတကာမှ မြန်မာ့အရေးလှုပ်ရှားသူများကို အင်တာနက်မှ တဆင့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပြီး မြေပြင်တွင် လူထုဆန္ဒထုတ်ဖော်ပွဲများကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ – ၁၂ ရက်များတွင် နိုင်ငံအများအပြားတွင် ပြုလုပ်ခဲ့သည် ။ ထို့အပြင် သံတမန်ရေးရာတိုက်ပွဲ ဗီဒီယို လှုပ်ရှားမှု (CC video campaign challenge) ပြုလုပ်ရန် လှုံ့ဆော်ခဲ့ပြီး နိုင်ငံတကာရောက် မြန်မာများနှင့် မြန်မာအရေးလှုပ်ရှားသူများ ပါဝင်ခဲ့ကြသည် ။