🇲🇲 DIGITAL COUP QUARTERLY ( November 2021 to January 2022)

🇲🇲 DIGITAL COUP QUARTERLY (August to October, 2021)
March 30, 2022
🇲🇲 DIGITAL COUP QUARTERLY ( February 2022 to April 2022)
May 2, 2022

၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ

နိုဝင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

  • ရခိုင်ပြည်နယ်အင်တာနက်ဖြတ်တောက်မှု 

  • တယ်လီနောမြန်မာအား ကျားချောင်းချောင်းနေသော စစ်ကောင်စီနှင့်နီးစပ်သည့် ခရိုနီကြီးများ

  • အင်တာနက်ကြိုးများကို ဓာတ်တိုင်များပေါ်မှ ဖယ်ရှားရန် YESC က ကြေညာ  

 

ရခိုင်ပြည်နယ်အင်တာနက်ဖြတ်တောက်မှု 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးလှုပ်ခတ်မှုများ ကျဆင်းသွားသည် ရခိုင်ပြည်နယ်၌ နိုဝင်ဘာလ (၉) ရက်နေ့က စစ်ကောင်စီနှင့် ရခိုင့်တပ်မတော်(AA)တို့အကြားတွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲ များကြောင့် ရခိုင်ပြည်

DVB သတင်းဋ္ဌာနပါ ရခိုင်ဒေသတွင်း အင်တာနက်ပျက်တောက်မှုအခြေအနေ

တယ်လီနောမြန်မာအား ကျားချောင်းချောင်းနေသော စစ်ကောင်စီနှင့်နီးစပ်သည့် ခရိုနီကြီးများ

ဒီဂျစ်တယ်ဖိနှိပ်မှုများကို ပြုလုပ် နေသည့်အချိန်၌ တယ်လီနော်၏ ပိုင်ရှင်လွှဲပြောင်းမှုကိစ္စများကိုလည်း သတင်းမီဒီယာများတွင် ဖော်ပြလာသည်ကို စိတ်ဝင် စားဖွယ်တွေ့ရသည်။ တယ်လီနောမြန်မာ၏ ပိုင်ရှင်လက်လွှဲရောင်းချမှု မသေချာသေးသည့် အ ခြေအနေများနှင့်ပါတ်သက်သောသတင်းများ စက်တင်ဘာလက ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် နိုဝင်ဘာလ အတွင်း အာဏာသိမ်းစစ်အုပ်စုနှင့်နီးစပ်သည့် ခရိုနီကြီးများက တယ်လီနောမြန်မာကို ဝယ်ယူရန်ကြိုးပမ်းမှုများ ရှိနေ သည်ဟု သတင်းများထပ်မံထွက်ပေါ်လာသည်။ ယင်းနှင့်ပါတ်သက်၍ ဧရာဝတီသတင်းဋ္ဌာန၏ ဖော်ပြချက်အရ ထိုသို့ဝယ်ယူရန် ကြိုးပမ်းကြသူများထဲတွင် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ညီအစ်ကို တော်စပ်သူ ဦးနေအောင်ပိုင်ဆိုင်သည့် IGE Group ၏ ကုမ္ပဏီခွဲ Amara Communication Co.,Ltd၊ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား အောင်ပြည့်စုံအပါအဝင် မြန်မာစစ်တပ်နှင့် စီးပွားရေးနီးကပ်စွာလုပ်ဆောင် သည့် ဦးဂျော်နသန် ကျော်သောင်း၏ The KT Group တို့ ပါဝင်သည်ကို သိရသည်။ 

 

တယ်လီနောမြန်မာအား စစ်အုပ်စုနှင့် နီးစပ်သည့် ခရိုနီကြီးများ ဝယ်ယူရန်ကြိုးပမ်းနေသည့် ဧရာဝတီ သတင်းဋ္ဌာန၏ သတင်းဖော်ပြချက်

စစ်တပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းသာ တယ်လီနောမြန်မာကို ဝယ်ယူခွင့်ရရှိခဲ့ပါက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ တွင် အူရီဒူး(Ooredoo)တစ်ခုသာ စစ်တပ်အသိုင်းအဝိုင်း၏ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမပါဝင်သော လုပ်ငန်းစုတစ်ခုအ ဖြစ်ကျန်ခဲ့မည်ဖြစ်ပြီး မြန်မာပြည်သူလူထု၏ သတင်းလွတ်လပ်ခွင့်အခြေအနေများမှာ ပိုမိုဆိုးရွားသွားဖွယ်ရှိသည်။

 

အင်တာနက်ကြိုးများ ဓာတ်တိုင်များပေါ်မှဖယ်ရှားရန် YESC က ကြေညာ 

နိုဝင်ဘာလ (၁၉) ရက်နေ့၌ YESC ၏ တရားဝင်ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အ တွင်းရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတိုင်(ဓာတ်တိုင်)များပေါ်တွင် သွယ်တန်းထားသော အင်တာနက်ဖိုက်ဘာကေဘယ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထား ဖယ်ရှားရန်နှင့် ထိုသို့ဖယ်ရှားခြင်းမရှိပါက ကော်ပိုရေးရှင်းမှ ဖယ်ရှားမည်ဖြစ်ပြီး ဥပ ဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရှိရသည်။

 

(ပုံ – ၄.၃၈) အင်တာနက် ကြိုးများအား ဓာတ်တိုင်းများမှ ဖယ်ရှားရန် YESC တရားဝင် Facebook စာမျက်နှာမှ ကြေငြာချက်

ယင်းကြေညာချက်သည် မိုဘိုင်းဖုန်းဆက်သွယ်မှုများအား အနှောက်အ ယှက်ပေးရန်၊ Click to Donate ဖြင့် တော်လှန်ရေးအင်အားစုများသို့ လှူဒါန်းမှုများအား အဟန့်အတား ဖြစ်စေရန်စသည့် ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း အင်တာနက်သုံးစွဲသူများက လူမှုကွန်ရက်မီ ဒီယာများ ပေါ်တွင် ဝေဖန်နေခဲ့ကြသည်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ

ဒီဇင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

  • မိုဘိုင်းအင်တာနက်စျေးနှုန်းများ ပြောင်းလဲခြင်း 

  • လေးကေ့ကော်တွင် အင်တာနက်လိုင်းများသာမက ဖုန်းလိုင်းများပါ ဖြတ်တောက် 

စစ်ကောင်စီသည် အာဏာသိမ်းခြင်းစတင်ချိန်မှစ၍ အင်တာနက်ချိတ်ဆက်မှုကန့်သတ်ပိတ်ပင် ဖိနှိပ်မှုများကို စဉ် ဆက်မပြတ်ပြုလုပ်လာခဲ့သည်။ ဒီဇင်ဘာလတွင်လည်း အင်တာနက်သုံးစွဲသူ အားလုံးအပေါ်သို့ သက်ရောက်ထိခိုက်စေ သောဖိနှိပ်မှုကို ထပ်မံပြုလုပ်လာသည်ကို တွေ့ရသည်။ 

 

မိုဘိုင်းအင်တာနက်စျေးနှုန်းများ ပြောင်းလဲခြင်း 

စကစ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနကြောင့် စျေးနှုန်းပြောင်းလဲရကြောင်းကို Ooredoo မှ သုံးစွဲသူများထံပေးပို့သည့် စာတို 

ဒီဇင်ဘာလ (၃) ရက်နေ့၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန၏ ညွှန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်အစီအစဉ်စျေးနှုန်းများအား မကြာမီပြောင်းလဲသတ်မှတ်သွားမည်ဟု မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသော တယ်လီကွန်းများက သုံးစွဲသူများထံ စာတိုပေးပို့အကြောင်းကြားမှုများ စတင်ပြုလုပ်ခဲ့သည်။ ထို့နောက် ဒီ ဇင်ဘာလ (၈) ရက်နေ့တွင် ယခင်အသုံးပြုမှုထက် (၂) ဆခန့်မျှ ပိုမိုမြင့်မားသွားသော  မိုဘိုင်းဒေတာ အသုံးပြုမှုစျေးနှုန်းများ အား တယ်လီကွန်း(Telecom)အသီးသီးမှ ပြောင်းလဲသတ်မှတ်ခဲ့သည်ကို တွေ့ရှိရသည်။ 

 

 နှစ်ဆခန့် မြင့်မားလာသော မိုဘိုင်းအင်တာနက် စျေးနှုန်းသစ်

မြန်မာနိုင်ငံသည် ကိုဗစ် (၁၉) ရိုက်ခတ်မှု၊ ဆိုးရွားသော စစ်အာဏာသိမ်းမှုနှင့် ပြင်းထန်သည့် ငွေကြေးဖောင်းပွမှုစ သည့် ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်ဖြစ်သည်။ စီးပွားရေး၊ ပညာရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအတွက် အင်တာနက်ချိတ်ဆက်ဆောင်ရွက်မှုအပေါ် မှီခိုအားကိုးနေရသည့်ကာလအတွင်းတွင် စစ်ကောင်စီ ၏ ယခုလုပ်ရပ်သည် လူထု၏ ဖွံ့ဖြိုးတိုးတက်ရေးကို စိုးစဉ်းမျှထည့်သွင်း မစဉ်းစားသောလုပ်ရပ်ဖြစ်သည်။ တော်လှန်ရေးအင်အားစုများထံသို့ Click To Donate အစီအစဉ်များမှ ငွေကြေးစီးဆင်နေမှုများကို စစ်ကောင်စီက အတိုင်းအတာတစ်ခုအထိ ကန့်သတ်နိုင်ရန် ရည်ရွယ်ဟန်လည်း ရှိသည်။ ထိုသို့လုပ်ဆောင်မှုသည် စစ်ကောင်စီက မျှော်လင့်သော အကျိုးရလာဒ်ထက် ဘေးထွက်ဆိုးကျိုးကိုသာ ဦးတည်စေသော အင်မတန်မှ သိမ်ဖျင်း သည့်လုပ်ရပ်ဖြစ်သည်။

MRTV ပါ ပြောင်းလဲလာမှု မရှိသော အခြေခံလစာ သတ်မှတ်ချက်

စစ်ကောင်စီ၏ ထိန်းချုပ်မီဒီယာဖြစ်နေသည့် နိုင်ငံပိုင် MRTV website စာမျက်နှာတွင် ၂၁ ရက်နေ့ ဒီဇင်ဘာလ ၂၀၂၁ခုနှစ်က လွှင့်တင်ထားသော ရုပ်သံ သတင်း အရ လက်ရှိမြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာရ ဝန်ထမ်းတစ်ဦး၏ ဝင်ငွေမှာ ၄၈၀၀ ကျပ်သာဖြစ်ပြီး မည်သည့် ပြင်ဆင်လျှော့ချမှုမှ ပြုလုပ်ထားခြင်း မရှိသေးကြောင်း တွေ့ရှိရသည်။ 

UN Broadband Commission က အတည်ပြုခဲ့သော သဘောတူညီချက်အရ ဖွံ့ ဖြိုး ဆဲနိုင်ငံများ၏ Broadband ဝန်ဆောင်မှုသည် GNI ၏ ၂ % ထက် မပိုသင့်ဟု ဖော်ပြထားသည်။

 

 Work Bank ပါအချက်အလက်များအရ မြန်မာနိုင်ငံ၏ ၂၀၂၀ ခုနှစ် GNI

ကမ္ဘာဘဏ်၏ တွက်ချက်ဖော်ပြချက်ရအ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ GNI သည် ကန်ဒေါ်လာ ၁၃၅၀ ဟု ဖော်ပြထားသည်။ ကို တွေ့ရှိရသည်။ A4AI ၏ မူဝါဒရေးရာ အကြံပြုချက်အရ 5G အင်တာနက်အသုံးပြုမှုအတွက် ကုန်ကျစရိတ်သည် GNI ၏ ၂ % ထက် ပိုမိုကုန်ကျရန် မသင့်ပါ။ ယခုအသစ်သတ်မှတ်လိုက်သော Mobile Broadband စျေး နှုန်းများအရ အင်တာနက် 1G အသုံးပြုရန်အတွက် မြန်မာငွေ (၂၀၀၀) ခန့်အထိ ကုန်ကျမည်ဖြစ်သည်။ အင်တာနက် 5G အသုံးပြုမှုအတွက် မြန်မာကျပ်ငွေ (၁၀၀၀၀) ဝန်းကျင်ခန့် လစဉ်အသုံးပြုရမည်ဖြစ်သည်။ လက်ရှိပြင်ဆင်သတ်မှတ်လိုက် သော အင်တာနက်အသုံးပြုမှုဆိုင်ရာ စျေးနှုန်းများသည် ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထားသည့် ၂၀၂၀ ပြည့်နှစ် GNI နှင့် လက်ရှိ ဒေါ်လာငွေနှင့် မြန်မာငွေ လဲလှယ်မှုနှုန်းထားများနှင့် တွက်ချက်ပါက 5% ခန့် အသုံးပြုမှသာ အင်တာနက် 5G အသုံးပြုနိုင်မည်ဖြစ်သည်။(၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်၊ မြန်မာနိုင်ငံဗဟိုဘဏ်၏ ဒေါ်လာငွေလဲလှယ်နှုန်း – ၁ ဒေါ်လာလျှင် ၁၇၈၈ ကျပ်ဖြင့် တွက်ချက်ထားသည်။)

စစ်ကောင်စီ၏ ထိန်းချုပ်မီဒီယာဖြစ်နေသော နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအင်တာနက်စာမျက်နှာတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က လွှင့်တင်ထားသော ရုပ်သံသတင်းအရ လက်ရှိ မြန်မာနိုင်ငံရှိ ဝန်ထမ်းတစ်ဦး၏ အနိမ့် ဆုံးလုပ်ခလစာ၊ တစ်နေ့ဝင်ငွေမှာ ၄၈၀၀ ကျပ်ဖြစ်သည်ဟု သိရသည်။ ယင်းကြောင့် လုပ်ခလစာနှုန်းထားကို ပြင်ဆင်သတ် မှတ်ခြင်း မရှိသေးကြောင်း တွေ့ရှိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ အကျဘက်သို့ တဟုန်ထိုး စိုက်ဆင်းသွား သည်ဖြစ်ရာ ၂၀၂၁ ခုနှစ် GNI သည် ၂၀၂၀ ပြည့်နှစ်ထက် ပိုမိုဆိုးရွားစရာသာရှိနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသား တစ်ဦးချင်း၏ ၂၀၂၁ ခုနှစ် GNI ပေါ်မူတည်တွက်ချက်ပါက 5% ထက်ပိုမိုသုံးစွဲမှသာ အင်တာနက် 5G ကိုအသုံးပြုနိုင်မည် ဖြစ်သည်။

ထို့အပြင် အထက်တွင်ဖော်ပြထားသော မြန်မာနိုင်ငံ၏ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်အရ တွက်ချက် ကြည့်ပါက အနည်းဆုံး 7% အထိ သုံးစွဲမှ Mobile Boradband အား လစဉ် 5G အသုံးပြုနိုင်မည့်အခြေအနေကို တွေ့ရ သည်။ ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်ရင်ဆိုင်လာရသည့် ပဋိပက္ခ အခြေအနေများကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း စသည့် အခြေအနေအမျိုး မျိုးအကြားတွင် လုပ်ခလစာများတိုးမြှင့်လာခြင်းမရှိသည့်အတွက် အင်တာနက်အသုံးပြုနိုင်မှုအခြေအနေမှာ စစ်အာဏာ သိမ်းမှုနောက်ပိုင်းတွင် အလွန်အမင်း စိတ်ပျက်ဖွယ်ရာကောင်းလောက်အောင် ကျဆင်းနေသည်မှာ ထင်ရှားသည်။ 

 

လေးကေ့ကော်တွင် အင်တာနက်လိုင်းများသာမက ဖုန်းလိုင်းများပါ ဖြတ်တောက် 

ထို့အပြင် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် KNU နှင့် စစ်ရေးတင်းမာနေသည့် လေးကေ့ကော်ဒေသတွင် စစ်ကောင်စီတပ်များ အကျအဆုံးများပြီးနောက် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သည်ကို ထပ်မံတွေ့ရှိရသည်။

 

လေးကေ့ကော်ဒေသ ဖုန်းလိုင်းများပါ ဖြတ်တောက်ခံရသည့် ခေတ်သစ်မီဒီယာပါ သတင်းဖော်ပြချက်

 

အင်တာနက်အသုံးပြုမှုများကို နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်မှုများ ပြုလုပ်နိုင်ရန် စစ် ကောင်စီသည် တစ်ဘက်၌ ကြိုးပမ်းနေသကဲ့သို့ စစ်ရေး (သို့) ပဋိပက္ခကြီးမားလာသောဒေသများတွင်လည်း ယင်း တို့၏ လုပ်ရိုးလုပ်စဉ်လမ်းဟောင်းကြီးအတိုင်း အင်တာနက်ဖြတ်တောက်မှုများကို ဆက်လက်ပြုလုပ်နေ သည်ကို တွေ့ရှိရသည်။ 

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ

ဇန်နဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်

  • ဆင်းကဒ်(Sim Card)ရောင်းချခြင်းအတွက် အခွန်နှုန်းထားအား ဆင်းကဒ်(Sim Card)တန်ဖိုး၏ (၁၃) ဆ ကျော်တိုးမြှင့်ခြင်းနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေအပေါ် အခွန် ၁၅% အ ထိ တိုးမြှင့်ကောက်ခံခြင်း

  • စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ခံရခြင်း

  • ကရင်ပြည်နယ် ဖာပွန်ဒေသတွင် အင်တာနက်သာမက ဖုန်းလိုင်းများပါ ဖြတ်တောက်ခံရခြင်း

  • မိုဘိုင်းဒေတာစျေးနှုန်းများ ထပ်မံတိုးမြင့်လာခြင်း

  • တယ်လီနောမြန်မာအား စစ်အုပ်စုကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူ ကုမ္ပဏီနှင့် M1 Group အား ပူးတွဲ ဝယ်ယူခွင့်ပြုခြင်း

၂၀၂၂ ခုနှစ် ဇန်နဝါရီလသည် ကမ္ဘာ့နိုင် ငံအသီးသီးအတွက် နိုင်ငံတကာနှစ်သစ်ကူး ကာလတစ်ခုဖြစ်ပြီး မျှော်လင့်ခြင်း၊ စိတ်ကူးစိတ်သန်းဆန်းသစ်ခြင်းဖြင့် အနာ ဂတ်ကာလအား ပုံဖော်သည့် လတစ်လဖြစ်သည်။ မြန်မာနိုင်ငံအတွက်ပါမူ စစ်အာဏာသိမ်းမှု နှစ်ပတ်လည်လာတော့မည့် အချိန် နီးကပ်လာချိန်ဖြစ်သည်။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း၏ မျှော်လင့်ခြင်း၊ အိပ်မက်နှင့် အနာ ဂါတ်များကို လူမဆန်သော စစ်ခေါင်းဆောင်များက ချိုးဖဲ့ပစ်ခဲ့သောကာလ တစ်နှစ်ပြည့်လှနီးလာသည့်လဖြစ် သည်။ 

 

 ဆင်းကဒ်(Sim Card) ရောင်းချခြင်းအတွက် အခွန်နှုန်းထားအား ဆင်းကဒ်(Sim Card) တန်ဖိုး၏ (၁၃)ဆ ကျော်တိုးမြှင့် ခြင်းနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေအပေါ် အခွန် ၁၅% အထိ တိုးမြှင့်ကောက်ခံခြင်း

 

ဇန်နဝါရီလ (၆) ရက်နေ့၌ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စုအကောက်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟုဆိုကာ “ဆင်းကဒ် (SIM Card)ရောင်းချမှုနှင့် ဆင်းကဒ်စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု(SIM Card Activation)အ ပေါ် ဆင်းကဒ်တစ်ကဒ်လျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် တစ်ကြိမ်တည်းကျသင့်စေရမည်ဟု ဖော်ပြပါ ရှိသည်။ ယင်းအခွန်အခသည် ဆင်းကဒ်(Sim card)၏ မူလတန်ဖိုးထက် (၁၃) ဆကျော်ရှိသော အခွန်ကောက်ခံမှုတန်ဖိုး ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော အခွန်အကောက်ဥပဒေတွင် ကုန်စည်တစ်ခု၏ တန်ဖိုးထက် ဆယ် ဆကျော်ပိုသောကောက်ခံမှုကို ပြဋ္ဌာန်းထားသည်မှာ ယခင်က မတွေ့ရှိခဲ့ပါ။ (အကောက်အခွန်ဥပဒေအား လေ့လာ လိုပါက)။ ထို့အပြင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေအပေါ် (၁၅) ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်း အခွန်ကောက်ခံရန်လည်း ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။

 

 ခေတ်သစ်မီဒီယာပါ Sim Card နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံမှု သတင်း

 

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ၊ (၃၀) ရက်နေ့တွင် အခွန်အကောက်ဥပဒေကို စစ် ကောင်စီက  ပြဋ္ဌာန်းခဲ့သည်။ ယခုအကြိမ် ဖြည့်စွက်ပြင်ဆင်မှုတွင် စည်းကြပ်မှုကင်းလွတ်နေသော ဝင်ငွေရလမ်းဖော်ပြ နိုင်ခြင်းမရှိသော ဝင်ငွေများအပေါ် အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း၍ ဖြေလျှော့မှုဇယားကိုလည်း ထည့်သွင်းဖော် ပြထားသည်။ ထို့ကြောင့် ယခုပြင်ဆင်မှုသည့် ဆင်းကဒ်(Sim Card)အသုံးပြုမှုနှင့် အင်တာနက်အသုံးပြုမှုအ ပေါ်တွင် အဓိကပစ်မှတ်ထားကန့်သတ်လိုသော ပြင်ဆင်ချက်ဖြစ်နေသည်မှာ ထင်ရှားသည်။  

စစ်ကောင်စီ၏ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ဝင်ငွေခွန်တိုးမြှင့်ကောက်ခံခြင်းနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်တွင် အင်တာနက်ဝန်ဆောင်မှုများ သုံးစွဲမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံခြင်းသည် နိုင်ငံဝင်ငွေတိုးတက်စေရန်နှင့် အင်တာနက်အလွန်အကျွံသုံးစွဲမှုများကြောင့် ပြည်သူများ၏ အလုပ်အကိုင်များကို ထိခိုက်မှု များ၊ မျိုးဆက်သစ်ကျောင်းသားကျောင်းသူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို လျှော့ချပေးနိုင်မည်ဆို သည့် အဓိပ္ပါယ်မဲ့သော ဖော်ပြချက်များကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ ကမ္ဘာ့ဘဏ်၏ ဝက်ဘ်စာမျက်နှာ တွင်ဖော်ပြခဲ့သော “Exploring the Relationship Between Broadband and Economic Growth” အစီရင်ခံစာပါ လေ့လာတွေ့ရှိချက်များအရ  broadband ထိုးဖောက်မှု ၁၀ ရာခိုင်နှုန်း တိုးတက်လာပါက ဖွံ့ဖြိုးပြီးနိုင်ငံများတွင် GDP 1.21% တိုးတက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် GDP 1.38% တိုးတက်လာကြောင်း တွေ့ရှိချက်ကို ထည့်သွင်း ဖော်ပြထားသည်။ ထို့ကြောင့် စစ်ကောင်စီ၏ ယခုအကြောင်းပြချက်သည် လက်တွေ့ဆိုင်ရာ ယုတ္တိကျမှုနှင့် အတော်လေးကင်းကွာနေသည်ကို တွေ့မြင်နိုင်သည်။ 

 

 

 “Exploring the Relationship Between Broadband and Economic Growth” အစီရင်ခံစာပါ ဖော်ပြချက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ခံရခြင်း

စက်တင်ဘာလ (၇) ရက်နေ့၌ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ၏ ပြင်းထန်သည့် စစ် ရေးတင်းမာမှုများရှိနေသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကနီ၊ ပုလဲ၊ ဘုတင်၊ ယင်းမာပင်၊ အရာတော်နှင့် ပင်လည်ဘူး မြို့နယ်များတွင် မိုဘိုင်းလ်ဖုန်းလိုင်းများကို ဖြတ်တောက်လိုက်ပြီး စာတို(SMS)ပင်ပို့မရတော့ဟု ဒေသခံများ ထံမှ သိရကြောင်း ခေတ်သစ်မီဒီယာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

 

စစ်ကိုင်းတိုင်းအတွင်း မိုဘိုင်းဖုန်းလိုင်းများ ဖြတ်တောက်ခံရမှုအား ခေတ်သစ်မီဒီယာ၏ ဖော်ပြချက်

ဖြစ်စဉ်အများစုတွင် မိုဘိုင်းဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်သည်ကို ယခင်က တွေ့ရလေ့ရှိပြီး ယခုနောက်ပိုင်းလုပ်ဆောင်ချက်များတွင် အင်တာနက်လိုင်းများသာမက ဖုန်းပြောဆိုမှုနှင့် SMS ဝန်ဆောင်မှုများကိုပါ ဖြတ်တောက်သည့် လုပ်ဆောင်မှုများကိုပါ တိုးမြှင့်လုပ်ဆောင်လာသည်ကို တွေ့ရှိလာရသည်။ 

ကရင်ပြည်နယ် ဖာပွန်ဒေသတွင် အင်တာနက်သာမက ဖုန်းလိုင်းများပါ ဖြတ်တောက်မှုဖြစ်စဉ်

ဖြစ်စဉ်အများစု၌ မိုဘိုင်းဖုန်းအင်တာနက်လိုင်းများသာ ဖြတ်တောက်သည်ကို ယခင်က တွေ့ရလေ့ရှိပြီး ယခု နောက်ပိုင်းလုပ်ဆောင်ချက်များတွင် အင်တာနက်လိုင်းများသာမက ဖုန်းပြောဆိုမှုနှင့် စာတို(SMS)ဝန်ဆောင်မှုများကိုပါ ဖြတ်တောက်သည့် လုပ်ဆောင်မှုများကိုပါ တိုးမြှင့်လုပ်ဆောင်လာသည်ကို တွေ့ရှိလာရသည်။

DVB သတင်းဋ္ဌာနပါ ဖာပွန်ဒေသ ဖုန်းလိုင်းဖြတ်တောက်ခံနေရသည့်ဖြစ်စဉ်သတင်း 

 

မိုဘိုင်းဒေတာစျေးနှုန်းများ ထပ်မံတိုးမြင့်လာခြင်း 

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၌ စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် မိုဘိုင်းဒေတာစျေးနှုန်းများ နှစ်ဆခန့်မြင့် မားလာမှုကြောင့် အခက်အခဲဖြစ်နေသော မိုဘိုင်းအင်တာနက်သုံးစွဲသူများအား ထပ်မံဖိနှိပ်နိုင်ရန်အတွက်  စစ်ကောင်စီသည် အခွန်အကောက်ဥပဒေအားပြင်ဆင်ခဲ့ပြီး အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှ အခွန် ၁၅ ရာ ခိုင်နှုန်း တိုးမြှင့်ကောက်ခံရန်ပြဋ္ဌာန်းခဲ့သည်။ ယင်း၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေကြ သော မိုဘိုင်းဖုန်းအင်တာနက်ဝန်ဆောင်မှု လုပ်ကိုင်နေကြသည့် လုပ်ငန်းများသည် ဇန်နဝါရီလ ၁၆ ရက်နေ့ ဝန်းကျင်မှ စတင်၍ မကြာမီရက်များအတွင်း မိုဘိုင်းဖုန်းအင်တာနက်ဝန်ဆောင်မှုစျေးနှုန်းများ ထပ်မံတိုးမြှင့်မည့်အကြောင်းကို စာတိုများပေးပို့ကာ အကြောင်းကြားခဲ့သည်ကို တွေ့ရှိရပါသည်။

 

 

ဆက်သွယ်ရေး ဝန်ဆောင်မှု အသီးသီးမှ ပေးပို့လာသော မိုဘိုင်းအင်တာနက် စျေးနှုန်းတိုးမြှင့်မည့် စာတိုများ 

ထိုသို့ စာတိုများဖြင့် ပေးပို့အကြောင်းကြားပြီးနောက် ၂၁ ရက်နေ့မှစတင်၍ မိုဘိုင်းအင်တာနက်စျေးနှုန်းများကို တယ်လီ ကွန်အသီးသီးက စျေးနှုန်အသစ်များနှင့် ပြင်ဆင်ဝန်ဆောင်မှုပေးသည်ကို သတိပြုမိခဲ့ပါသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့က သိမ်းဆည်းထားသော မိုဘိုင်းအင်တာနက်စျေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခင်က အူရီဒူး(Ooredoo)အသုံးပြုသူများ အနေဖြင့် “၄၅၀ MB”အတွက် ၈၉၉ ကျပ်သာကျသင့်ရာမှ ယခုအချိန်တွင် ၉၉၉ ကျပ်ကုန်ကျသွားသည်ကို တွေ့ရပါ သည်။ တယ်လီနောသုံးစွဲသူများအနေဖြင့် ယခင်က ၅၀၀ MB အတွက် ၉၄၉ ကျပ် ကျသင့်ပြီး ယခုအခါ ၉၄၅ ကျပ် ကုန်ကျပါက ၄၂၅ MB သာ သုံးစွဲခွင့်ရရှိတော့မည် ဖြစ်ပါသည်။ ယခင်က ငွေကျပ် ၁၉၉၉ ကျပ် သုံးစွဲလျှင် ၁၀၅၀  MB ရရှိနေရာမှ ယခုအချိန်တွင် ၉၆၅ MB သာ သုံးစွဲခွင့်ရရှိတော့သည်ကို တွေ့ရှိရပါသည်။ 

ထပ်မံပြောင်းလဲလိုက်သော အင်တာနက်ဒေတာစျေးနှုန်းများအရ မြန်မာနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာ ရရှိသူများ အနေဖြင့် လစဉ်အင်တာနက် 5G ပမာဏ သုံးစွဲရန်အတွက် ဝင်ငွေ၏ ၈.၆ ရာခိုင်နှုန်းဝန်းကျင် သုံးစွဲမှသာ သုံးစွဲနိုင်မည့် အ ခြေအနေရှိသည်။ စစ်အာဏာမသိမ်းခင်က အင်တာနက် 1G လျှင် မြန်မာငွေ ၁၀၀၀ နှင့် တကွက်ချက်ပါက နှစ်ဆကျော်ခန့် မြင့်တက်သွားသည်။ 

 

 ဒုတိယအကြိမ်း စျေးနှုန်းမတက်ခင်နှင့် စျေးနှုန်းတက်ပြီးနောက် Telenor Myanmar ၏ Mobile Data သုံးစွဲနိုင်မှု အခြေအနေ

 

 

တယ်လီနောမြန်မာအား စစ်အုပ်စုကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Group အား ပူးတွဲ ဝယ်ယူခွင့်ပြုခြင်း

မရေမရာဖြစ်နေသော တယ်လီနော၏ ပိုင်ရှင်လွဲပြောင်းရောင်းချရေးအစီအစဉ်ကို စစ်အုပ်စု၏ ကျော ထောက်နောက်ခံပြု ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် လက်ဘနွန်ပိုင် M1 လုပ်ငန်းတို့က ပူးတွဲဝယ်ယူရန် စစ်ကောင်စီအနေဖြင့် ခွင့် ပြုခဲ့ကြောင်း ရိုက်တာ(Reuter)သတင်းဌာန၏ သတင်းဖော်ပြချက်အပေါ် ကိုးကာပြီး သတင်းဋ္ဌာနအသီးသီးမှ ပြန် လည်ရေးသားဖော်ပြခဲ့ကြသည် ကိုတွေ့ရှိရသည်။ 

စစ်တပ်နှင့်နီးစပ်သော ခရိုနီကြီးများအနေဖြင့် တယ်လီနောကို ဝယ်ယူရန် စိတ်ဝင်စားနေသည့် သတင်းများ နိုဝင်ဘာလအတွင်း ထွက်ပေါ်လာပြီးနောက် ဇန်နဝါရီ (၂၁) ရက်နေ့တွင် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Group တို့ အား ပူးတွဲဝယ်ယူခွင့်ပြုကြောင်း ရိုက်တာ(Reuter)မှ စတင်ရေးသားလာခြင်းဖြစ်သည်။ 

“ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်ဆိုသူမှာ စစ်တပ်ပိုင် Mytel ကုမ္ပဏီတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် မဟာရိုးမအများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်ဟု ရိုက်တာ(Reuters)က ရေးသားသည်။ ရွှေဗျိုင်းဖြူကုမ္ပဏီသည် စစ်ကောင်စီခန့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကျော ထောက်နောက်ခံပေးထားသည့် ကုမ္ပဏီဖြစ်ကြောင်း၊ တယ်လီနောမြန်မာဝယ်ရေးနှင့်ပတ်သက်၍ ရေတပ်ဦးစီးချုပ်နှစ်ဦး အကြား အားပြိုင်မှုများဖြစ်နေကြောင်း ဧရာဝတီသတင်းဌာန၏ ယခုလဆန်းပိုင်း သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။” ဟု တယ်လီနောရောင်းချမှုနှင့်ပါတ်သက်ပြီး Myanamar Now  သတင်းတစ်ရပ်တွင် သတင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ 

 

(ပုံ – ၄.၅၀) Myanmar Now သတင်းဋ္ဌာနပါ တယ်လီနော ရောင်းချမှုအား ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Group အား ဝယ်ယူခွင့်ပြုသည့် သတင်း

ယင်းရောင်းချမှု အပြီးသပ်ခဲ့ပါက မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် အူရီဒူး(Ooredoo)မှအမ အခြားသော ဆက် သွယ်ရေးအော်ပရေတာများသည် စစ်တပ်နှင့် နီးစပ်သူများသာ လက်ဝါးကြီးအုပ်ထားသော လုပ်ငန်းစုများ အဖြစ်တည်ရှိသွားမည်ဖြစ်သည်။ 

Â